Covid ကာလမှာ သားလေးကိုလည်း ဂရုစိုက်ရတဲ့အပြင် မိဘတွေကိုလည်း စားကောင်းအဟာရရှိအောင် ကြိုးစားချက်ပြုတ်ပေးနေတယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

Posted on

ဆရာဝန်၊ အဆိုတော်၊ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ လူကောင်သေးသေးလေးနဲ့ ချစ်စရာကောင်းတာမို့ လူကြီး၊ လူငယ် ပရိသတ်မရွေး ကြိုက်နှစ်သက်အားပေးကြတာပဲ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက အခုဆိုရင် သူမရဲ့ ဒုတိယမြောက်သမီးလေးကို ကိုယ်ဝန်လွယ်ထားတဲ့အပြင် သားကြီး ဂျက်ဂျက်ကိုလည်း ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ ကလေးမေမေတစ်ယောက်ပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရှင်ကလေးမေမေတစ်ယောက်ဖြစ်ပေမယ့်လည်း သားသမီးတွေအတွက်လည်း စဉ်းစားရသလို မိဘနှစ်ပါးအတွက်လည်း တာဝန်ကျေအောင် ကြိုးစားနေတဲ့ နန်းမြတ်ဖြိုးသင်းက ဒီနေ့မှာတော့ တစ်နေ့တစ်နေ့ အဟာရရှိအောင် ဘာချက်ရမလဲ စဉ်းစားရတာ ခေါင်းတောင်ပူတဲ့အကြောင်း ပြောပြလာပါတယ်။

“တစ်နေ့တစ်နေ့ဘာဟင်းချက်ရမလဲ စဉ်းစားရတာ ခေါင်းတောင်ပူတယ်။ အပြင်ကဘာမှလဲမှာမစားရဲတော့ ဖေဖေလဲစားကောင်းအာဟာရရှိအောင်မျိုးစုံကြိုးခုန်စဉ်းစားနေရတယ်။ မြန်မာဟင်း အတွဲအစပ်လေးတွေရှိရင် ပြောပြကြပါဦးနော်။ ဓာတ်ပုံကတော့ဆီထမင်းထိုးကျွေးတုန်းကရိုက်ထားတာပါ ဟီး😁😁” ဆိုပြီး မိဘတွေအတွက် အဟာရရှိအောင် ချက်ပြုတ်နေရတဲ့အကြောင်း ပြောလာပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ သူမကိုယ်တိုင်လည်း ဒုတိယကိုယ်ဝန်ကို လွယ်ထားရတဲ့အတွက် ဂရုတစိုက်နေထိုင်နေရသလို သူမရဲ့မိသားစုလေးကိုလည်း ကြင်နာမှုတွေအပြည့်နဲ့ စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nann Myat Phyo Thinn’s fb

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.