Covid ကာလမှာ ကိုယ် ခံအားကောင်းအောင် စားနေရတာမို့ ဝလာတယ်ဆိုပြီး မပြောကြဖို့ကို တောင်းဆိုလိုက်တဲ့ စိုးမြတ်နန္ဒာ

Posted on

ဗီဒီယိုခေတ်ကတည်းက ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေး စိုးမြတ်နန္ဒာကို ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်နော်။ စိုးမြတ်နန္ ဒာကတော့ ဇာတ်ကားရိုက်ကူးမှုတွေကို ရပ်နားထားပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ညီအစ်မတွေနဲ့ ပူးပေါင်းလုပ်ကိုင်ရင်း အောင်မြင်နေတာကိုလည်း တွေ့ရမှာပါပဲနော်။ သူမဟာဆိုရင် တည်ငြိမ်အေးချမ်းစွာ နေတတ်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်ကိုလည်း အခိုင်အမာရရှိထ ားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

သူမကတော့ နာမည်ကျော်အဆိုတော်ဖြစ်တဲ့စိုးသူနဲ့အတူ သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားလျက်ရှိပြီး ချစ်စရာကောင်းလွန်းတဲ့သားလေးနဲ့အတူ သာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ဖြတ်သန်းလျက်ရှိပါတယ်။ စိုးမြတ်နန္ဒာကတော့ ပရိသတ်တွေမသိသေးတဲ့ ငယ်ငယ်က အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိတဲ့သူတစ်ဦးပါပဲနော်။ အောက်တိုဘာ(၁၇)ရက်နေ့မှာတော့ စိုးမြတ်နန္ဒာက”ဝ နေတယ်လို့မပြောကြေးနော် ကိုယ်ခံအားကောင်းအောင်စားနေရတာ ကိုယ့်ဧည့်သည်တွေအတွက် အထည်လှလှလေးတွေထွက်အောင်လဲကူပေးနေရသေးတယ်နော်”လို့ဆိုပြီး သူမရဲ့ ချောမောလှပလွန်းတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။

Covid ကာလမှာ ကိုယ်ခံအားစေဖို့အတွက် အာဟာရရှိစေတဲ့အစားအသောက်တွေ စားသောက်နေကြရတာမို့ ဝလာတယ်လို့ မပြောစေဖို့အတွက် တိုက်တွန်းလိုက်တာလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source….Soe Myat Nandar’s Facebook

zawgyi




Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.