” Covidကြောင့် မဖြေဖြစ်တဲ့ သူမရဲ့ တက္ကသိုလ်ကျောင်းသူနောက်ဆုံးနှစ်ကျောင်းသူဘဝကို အရွှန်းဖောက်ပြောပြလာတဲ့ သဇင်ထူးမြင့်”

Posted on

ပရိတ်သတ်ကြီးရေ သဇင်ထူးမြင့် ကတော့ ဒါရိုက်တာလဲဖြစ် ဟာသဇာတ်ပို့သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ခင်လှိုင်ရဲ့ အထွေးဆုံးသမီးလေးပဲ ဖြစ်ပါတယ်။( ၂၀၁၈) အကယ်ဒမီရွှေကြိုကနေ ပရိသတ်တွေ စတင်သတိထားမိလာတာ ဖြစ်တဲ့အပြင် ချစ်စရာကောင်းပြီး အေးဆေးတည်ငြိမ်လွန်းတဲ့ သူမရဲ့ဟန်ပန်လေးကြောင့် အမျိုးသားထုကြီး ရင်ကိုလှုပ်ခတ်စေခဲ့သူပါ။

သူမကိုယ်သူမ ” သဲ ” ဆိုတဲ့ အသုံးအနှုန်းလေးကြောင့် အမျိုးသားပရိသတ်တွေ ပိုပြီး အချစ်ပိုစေခဲ့တာ ဆိုလည်း မမှားပါဘူးနော်။သူမကတော့အခုချိန်ထိ အချစ်ရေးသတင်းလည်းဘာမှမကြားရဘဲ မိသားစုသူငယ်ချင်းတွေကိုအချိန်ပေးကာ Singleအဖြစ်တစ်ယောက်ထဲအေးချမ်းစွာနေထိုင်တတ်သူပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်းသူမရဲ့ဖေဖေကိုယ်တိုင်ဒါရိုက်တာလုပ်ကာရိုက်ကူးနေတဲ့ “ဆိုးပေ”ရုပ်ရှင်ကိုရိုက်ကူးကာ မန္တလေးမှာရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ “ပြီးခဲ့တဲ့နှစ်က ဒီချိန်ဆို စာအုပ်တွေကြားထဲ ဖုန်းထိုင်သုံးနေပြီ🙄အခုတော့စာအုပ်တွေကို လွမ်းလိုက်တာပုံ / နောက်ဆုံးနှစ်ကျောင်းသူ”ဆိုတဲ့စာလေးနဲ့အရွှန်းဖောက်ပြောပြခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thazin Htootoo Myint

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.