BTS ရဲ႕Lightstick နဲ႔ Album ေတြကို ဧည့္ခန္းမွာေသခ်ာျပင္ဆင္ၿပီးျပသထားတဲ့ ကိုရီးယားမင္းသမီး Han Ji Hye

Posted on

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက KBS2 ႐ုပ္သံလိုင္းကေန ထုတ္လႊင့္ျပသသြားခဲ့တဲ့ ‘Stars Top Recipe: Fun-Staurant’ ဆိုတဲ့အစီအစဥ္မွာ တင္ဆက္သူေတြျဖစ္ၾကတဲ့ Lee Kyung Kyu, Lee Young Ja, Oh Yoon Ah, Lee Jung Hyun တို႔နဲ႔အတူ သ႐ုပ္ေဆာင္မင္းသမီး Han Ji Hye ကလည္း ဧည့္သည္အေနနဲ႔ပါဝင္ခဲ့ၿပီး မၾကာေသးခင္ကမွ သူမ မိသားစုေျပာင္းေ႐ႊ႕ေနလွ်က္ရွိတဲ့ ဂ်ယ္ဂ်ဴးကြၽန္းက အိမ္ရဲ႕အတြင္းပိုင္းအျပင္အဆင္ကိုလည္းျပသသြားခဲ့ပါတယ္။

ဒီလိုမ်ိဳးျပသသြားတဲ့အခ်ိန္မွာ ၾကည့္ရႈသူပရိသတ္ေတြအေနနဲ႔ သတိထားမိသြားခဲ့တာကေတာ့ Han Ji Hye ရဲ႕ နာမည္ႀကီးအမ်ိဳးသားအဆိုေတာ္အဖြဲ႕ျဖစ္တဲ့ BTS ရဲ႕အမာခံပရိသတ္အစစ္အမွန္တစ္ေယာက္ျဖစ္တယ္ဆိုတာပါပဲ။ ဟင္းခ်က္စြမ္းရည္ကိုျပသဖို႔အတြက္ ႐ိုက္ကူးေရးျပဳလုပ္ေနစဥ္အခ်ိန္မွာ သူမအႀကိဳက္ဆုံး BTS ရဲဲ့သီခ်င္းေတြကိုဖြင့္ထားတဲ့အျပင္ စိတ္လႈပ္ရွားမႈေတြသက္သာေအာင္လည္း သီခ်င္းေတြကိုလိုက္လံသီဆိုခဲ့ပုံက သူမအေပၚမွာ BTS က ဘယ္ေလာက္ေတာင္မ်ားလႊမ္းမိုးထားႏိုင္သလဲဆိုတာကို သိသာစြာေတြ႕ျမင္ရပါတယ္။

သူမအေနနဲ႔ ဂ်ယ္ဂ်ဴးအိမ္ကို ေျပာင္းလာတဲ့အခါမွာ တကယ္လိုအပ္တဲ့ အသုံးအေဆာင္ပစၥည္းေတြကိုပဲယူလာခဲ့ေၾကာင္းကို အင္တာဗ်ဴးထဲမွာေျပာသြားခဲ့ေပမယ့္ တကယ္တမ္းမွာ BTS ရဲ႕အယ္လ္ဘမ္ေတြနဲ႔ Lightstick ကို ဧည့္ခန္းမွာစနစ္တက်နဲ႔ ေသခ်ာျပင္ဆင္ထားတဲ့ပုံစံက သူမဟာ BTS ရဲ႕ ARMY တစ္ေယာက္ဆိုတာကိုျမင္ေတြ႕ႏိုင္တဲ့အခ်က္တစ္ခ်က္ပါပဲ။

Han Ji Hye ဟာ အႏုပညာေလာကထဲကို ၂၀၀၁ ခုႏွစ္မွာစတင္ဝင္ေရာက္ခဲ့တာျဖစ္ၿပီး ကိုရီးယားဒရမ္မာကိုလြန္ခဲ့တဲ့ႏွစ္မ်ားစြာကတည္းက ႀကိဳက္ႏွစ္သက္လာခဲ့ၾကတဲ့ ျမန္မာပရိသတ္ေတြကေတာ့ သူမကိုရင္းႏွီးၾကမွာပါ။ ၂၀၁၀ ခုႏွစ္မွာေတာ့ သူမရဲ႕ခင္ပြန္းျဖစ္သူ စုံစမ္းစစ္ေဆးေရးမႉး Jung Hyuk Joon နဲ႔လက္ထပ္ခဲ့ၿပီး အခုဆိုရင္ေတာ့ သူမရဲ႕အသက္ဟာ ၃၅ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ပါတယ္။

Ref : Allkpop

Unicode

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက KBS2 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားခဲ့တဲ့ ‘Stars Top Recipe: Fun-Staurant’ ဆိုတဲ့အစီအစဉ်မှာ တင်ဆက်သူတွေဖြစ်ကြတဲ့ Lee Kyung Kyu, Lee Young Ja, Oh Yoon Ah, Lee Jung Hyun တို့နဲ့အတူ သရုပ်ဆောင်မင်းသမီး Han Ji Hye ကလည်း ဧည့်သည်အနေနဲ့ပါဝင်ခဲ့ပြီး မကြာသေးခင်ကမှ သူမ မိသားစုပြောင်းရွှေ့နေလျှက်ရှိတဲ့ ဂျယ်ဂျူးကျွန်းက အိမ်ရဲ့အတွင်းပိုင်းအပြင်အဆင်ကိုလည်းပြသသွားခဲ့ပါတယ်။

ဒီလိုမျိုးပြသသွားတဲ့အချိန်မှာ ကြည့်ရှုသူပရိသတ်တွေအနေနဲ့ သတိထားမိသွားခဲ့တာကတော့ Han Ji Hye ရဲ့ နာမည်ကြီးအမျိုးသားအဆိုတော်အဖွဲ့ဖြစ်တဲ့ BTS ရဲ့အမာခံပရိသတ်အစစ်အမှန်
တစ်ယောက်ဖြစ်တယ်ဆိုတာပါပဲ။ ဟင်းချက်စွမ်းရည်ကိုပြသဖို့အတွက် ရိုက်ကူးရေးပြုလုပ်နေစဉ်အချိန်မှာ သူမအကြိုက်ဆုံး BTS ရဲဲ့သီချင်းတွေကိုဖွင့်ထားတဲ့အပြင် စိတ်လှုပ်ရှားမှုတွေသက်သာအောင်လည်း သီချင်းတွေကိုလိုက်လံသီဆိုခဲ့ပုံက သူမအပေါ်မှာ BTS က ဘယ်လောက်တောင်များလွှမ်းမိုးထားနိုင်သလဲဆိုတာကို သိသာစွာတွေ့မြင်ရပါတယ်။

သူမအနေနဲ့ ဂျယ်ဂျူးအိမ်ကို ပြောင်းလာတဲ့အခါမှာ တကယ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုပဲယူလာခဲ့ကြောင်းကို အင်တာဗျူးထဲမှာပြောသွားခဲ့ပေမယ့် တကယ်တမ်းမှာ BTS ရဲ့အယ်လ်ဘမ်တွေနဲ့ Lightstick ကို ဧည့်ခန်းမှာစနစ်တကျနဲ့ သေချာပြင်ဆင်ထားတဲ့ပုံစံက သူမဟာ BTS ရဲ့ ARMY တစ်ယောက်ဆိုတာကိုမြင်တွေ့နိုင်တဲ့အချက်တစ်ချက်ပါပဲ။

Han Ji Hye ဟာ အနုပညာလောကထဲကို ၂၀၀၁ ခုနှစ်မှာစတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ကိုရီးယားဒရမ်မာကိုလွန်ခဲ့တဲ့နှစ်များစွာကတည်းက ကြိုက်နှစ်သက်လာခဲ့ကြတဲ့ မြန်မာပရိသတ်တွေကတော့ သူမကိုရင်းနှီးကြမှာပါ။ ၂၀၁၀ ခုနှစ်မှာတော့ သူမရဲ့ခင်ပွန်းဖြစ်သူ စုံစမ်းစစ်ဆေးရေးမှူး Jung Hyuk Joon နဲ့လက်ထပ်ခဲ့ပြီး အခုဆိုရင်တော့ သူမရဲ့အသက်ဟာ ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။

Ref : Allkpop

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.