BTS ရဲ့ YouTube View စံချိန်ကို ရိုက်ချိုးပစ်လိုက်တဲ့ BLACKPINK

Posted on




Ref : Koreaboo

Unicode

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးအမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်တဲ့ BLACKPINK ရဲ့”How You Like That” သီချင်းအသစ်ဟာဆိုရင် လက်ရှိအချိန်မှာ MelOn, Genie, Bugs နဲ့အစရှိတဲ့ ကိုရီးယားတေးဂီတဇယား ရဲ့နံပါတ်တစ်နေရာမှာတည်ရှိနေပြီး အောင်မြင်မှုတွေရနေတဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

အဆိုပါသီချင်းဟာဆိုရင် အခုပြီးခဲ့တဲ့ ၂၆ ရက်နေ့တုန်းကထွက်ရှိခဲ့တာဖြစ်ပြီး တေးဂီတဇယားတွေရဲ့ထိပ်ဆုံးမှာရပ်တည်နေတဲ့အပြင် YouTube မှာလည်း ကြည့်ရှုသူအများဆုံးသောစံချိန်တွေတင်နေခဲ့တာဖြစ်ပါတယ်။ ဒီနေ့ ၃၀ ရက်နေ့မှာထွက်ရှိလာတဲ့ တရားဝင်ကြေညာချက်မှာတော့ “How You Like That” ရဲ့ ကြိုတင်ထုတ်လွှင့်မှုကို ဝင်ရောက်ကြည့်ရှုမှုအရေအတွက်ဟာ ၁.၆၆ မီလီယံအထိရှိခဲ့ပြီး ဒီပမာဏဟာဆိုရင် YouTube မှာ အများဆုံးကြိုတင်ကြည့်ရှုမှုအရေအတွက်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၄ နာရီအတွင်းကြည့်ရှုသူအရေအတွက်ဟာဆိုရင်လည်း ၈၆.၃ မီလီယံနဲ့စံချိန်အသစ်တင်ခဲ့ကာ အရင်စံချိန်ကတော့ BTS ရဲ့ “Boy With Luv” စံချိန်ကိုရိုက်ချိုးခဲ့တာဖြစ်ပါတယ်။ “Boy With Luv” ရဲ့ ၂၄ နာရီအတွင်းကြည့်ရှုသူအရေအတွက်ကတော့ ၇၄.၆၃ မီလီယံရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ BLINK တွေရဲ့အားပေးကြမ်းချက်ကြီးကတော့ တကယ်လက်ဖျားခါချင်စရာပါပဲနော်။

Ref : Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.