Bottle Challenge ကို အဖေ့အစား လုပ်ပြလိုက်တဲ့ နေထူးနိုင့်သားလေး ဘုန်းအလင်္ကာ

Posted on

ပရိသတ်တွေရဲ့ အချစ်တော်နေထူးနိုင်ကတော့ အနပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေနိုင်တဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာဗီဒိယိုလောကရဲ့ အအောင်မြင်ဆုံးသရုပ်ဆောင်ဖြစ်တဲ့နေထူးနိုင်ကတော့ပရိသတ်တွေရဲ့တခဲနက်အားပေးမှုကိုရရှိနေသူပါ ။ အထူးသဖြင့် နယ်ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲ အားပေးမှုကိုရရှိနေသူဖြစ်ပါတယ်။

သရုပ်ဆောင် နေထူးနိုင်ဟာ အက်ရှင်ကား တော်တော်များများကို ရိုက်ကူးနေပြီး နယ်ပရိသတ်တွေ ရဲ့အားပေးမှု တခဲနက်ရထားတဲ့ အက်ရှင်မင်းသားတစ်လက်ဖြစ်ပါတယ် ။အက်ရှင်ဇာတ်ကားတွေကိုမှ ချစ်တဲ့ ပရိသတ်တွေအတွက် နေထူးနိုင်ကတော့ ဇာတ်ကားတွေကို စွန့်စွန့်စားစားနဲ့ ကြိုးစားရိုက်ကူးနေတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ နေထူးနိုင်ရဲ့ သားလေး ဘုန်းအလင်္ကာကတော့ အဖေ့ခြေရာနင်းမယ့်သားပြီပြီ လက်ရှိ လူမှုကွန်ရက်ပေါ်မှာခေတ်စားနေတဲ့ Bottle Challenge ကို ပြုလုပ်ပြလိုက်ပါပြီ။

 

 

နေထူးနိုင်ကတော့ သူ့သားလေးရဲ့ ခြေကန်ချက် ကို မှတ်တမ်းတင်ထားတဲံ ဗီဒီယိုလေးကို လူမှုကွန်ရက်ကနေပြန်လည်မျှဝေပြီး”ကွီးနေထူးနိုင်ကန်ပြစရာမလိုသားငယ်ဘုဏ်းလင်္ကာကန်ပြနေပါသည်” လို့ လူမှုကွန်ရက်ကနေ ပြန်လည်ပြောပြထားတာပါ ။ ကဲ အဖေတူသား ဘုန်းအလင်္ကာရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး မှတ်ချက်လေးတွေပေးခဲ့ကြပါဦး ။
Source – Mya Thin Chal
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.