BL ချစ်သူတွေ အသည်းတယားယားနဲ့ ကြည့်ရမယ့် မင်းသွေးခန့်နဲ့ Jay Baas တို့သရုပ်ဆောင်ထားတဲ့ AR-T ရဲ့ “အိပ်မက်လေး” MV Teaser

Posted on

လက်ရှိ BL ချစ်သူတွေ ဝိုင်း Ship ပေးနေကြတဲ့ မင်းသွေးခန့်နဲ့ Jay Baas တို့က “Innocent” Series မှာ အတူတူ သရုပ်မဆောင်ဖြစ်ကြတော့ပေမယ့် အနုပညာလှုပ်ရှားမှုတွေ အတူတူ လုပ်ကိုင်နေကြလျက်ရှိပါတယ်။ ပရိသတ်တွေကလည်း မင်းသွေးခန့်ဆိုတာနဲ့ Jay Baas ကို တွဲမြင်ကြတဲ့အထိ သဘောကျကြတာဖြစ်ပါတယ်။ မင်းသွေးခန့်နဲ့ Jay Baas တို့ နှစ်ယောက်ကလည်း ပရိသတ်တွေ အားပေးရကျိုးနပ်အောင် အနုပညာလှုပ်ရှားမှုတွေ အတူတူ လုပ်ကိုင်နေကြလျက်ရှိတာပဲ ဖြစ်ပါတယ်။

မကြာခင်မှာတော့ မင်းသွေးခန့်နဲ့ Jay Baas တို့ကို AR-T ရဲ့ “အိပ်မက်လေး” သီချင်း MV မှာ အတူတူမြင်ရတော့မှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အဆိုတော် AR-T က သူ့ရဲ့ “အိပ်မက်လေး” သီချင်း MV ရဲ့ Teaser လေးကို ချပြလာပါတယ်။ ပရိသတ်ကြီးအတွက် Jay Baas နဲ့ မင်းသွေးခန့်တို့ သရုပ်ဆောင်ထားတဲ့ AR-T ရဲ့ “အိပ်မက်လေး” MV Teaser လေးကို မျှဝေပေးလိုက်ပါတယ်နော်။

AR-T ရဲ့ “အိပ်မက်လေး” သီချင်း MV ကတော့ ပြီးခဲ့တဲ့ လတွေကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိနေတာပဲ ဖြစ်ပါတယ်။ သီချင်းလေးရဲ့ Official Music Video ကတော့ လာမယ့် July(22)ရက်နေ့ ညနေ(၄)နာရီတိတိမှာ ထွက်ရှိမှာမို့ ဆက်ဆက်စောင့်မျှော်ပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: AR-T’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.