BKK က မြန်မာ အလုပ်သမားများကိုကူညီ ဖြေရှင်းပေးတဲ့ ကိုရဲမင်း( AAC )ဆီသွားရောက်တွေ့ဆုံခဲ့တဲ့ ယုန်လေး

နိုင်ငံကျော် သရုပ်ဆောင် ယုန်လေး ဟာဆိုရင် ပရိတ်သတ်တွေကိုအမိုက်စားအက်ရှင်ကားတွေနဲ့ဖမ်းစားနိုင်တဲ့သူတစ်ယောက်ပါ။ယုန်လေးက သူ့ရဲ့ပရိသတ်တွေအတွက် အမိုက်စားအက်ရှင်ကားတွေကို စွန့်စားရိုက်ကူးပြီး သူ့ရဲ့ပြောင်မြောက်တဲ့ အနုပညာကိုချပြတထားသူပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ဘန်ကောက်မှာ ဒုက္ခရောက်နေသော မြန်မာ အလုပ်သမားများကို အမြဲကူညီ ဖြေရှင်းပေးတဲ့ ကိုရဲမင်း ( AAC ) ဆီသွားရောက်ခဲ့တဲ့ ယုန်လေး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

 

လက်ရှိမှာ ယုန်လေး အရမ်းကို မျှော်လင့်ထားတဲ့ သူကိုယ်တိုင် ရိုက်ကူးထားတဲ့ သတိအန္တရာယ် ရှိသည် ရုပ်ရှင်ဇာတ်ကားကလည်း မကြာခင် ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

BKK က ဒုက္ခရောက်နေသော မြန်မာ အလုပ်သမားများကို အမြဲကူညီ ဖြေရှင်းပေးတဲ့ ကိုရဲမင်း ( AAC ) ထိုင်အာဏာပိုင်များက ဖမ်းဆီးသွားပြီးနောက်အကျဉ်းထောင်ကို ပို့ထားတဲ့အကြောင်းကို ပရိသတ်တွေသိလောက်မယ် ထင်ပါတယ်။ ကိုရဲမင်း ( AAC ) ကိုထောင်ကနေအမူတွေကြေအေးပေးလိုက်တဲ့အတွက် ယုန်လေးက ကိုရဲမင်း အထိန်းသိမ်း ခံရတဲ့နေရာကိုသွားရောက်ခဲ့တဲ့အကြောင်းခုလိုပြောထားတာပါ

 

 

ယုန်လေးက ” BKK က ဒုက္ခရောက်နေသော မြန်မာ အလုပ်သမားများကို အမြဲကူညီ ဖြေရှင်းပေးတဲ့
ကိုရဲမင်း ( AAC ) ကိုထောင်ကနေတော့ အမူတွေကြေအေးပေးလိုက်တဲ့အတွက် အထိန်းသိမ်း ခံရတဲ့နေရာကိုတော့ရောက်နေပါပြီ ။ အဲ့အထိန်းသိမ်းခံထားရတဲ့ နေရာမှာသွားတွေ့ခဲ့ပါတယ် ။ သံရုံးက လူကြီးတွေလည်း ကူညီပေးတယ်ပြောပါတယ် ။

 

 

သူအထိန်းသိမ်းခံထားရတဲ့နေရာမှာ အမူ့မရှိတော့ဘူး လွှတ်ပေးလို့ရနေပါပြီ ။ ဒါပေမယ့် မရှည်ရှည်အောင် ဆက်ပြီး ထိန်းသိမ်းမယ်ဆိုလည်း ၁နှစ် ၂နှစ် ဆက်ပြီး ထိန်းသိမ်းလို့ရပါတယ် ။ အဲ့ဒါကြောင့် မြန်မာသံရုံးမှ လူကြီးမင်းများ ထပ်ပြီး အားစိုက်ပေးစေချင်ပါတယ်။ထပ်ပြီး အားစိုက်တာနဲ့ ထိုင်းတွေ အမှန်တိုင်းလုပ်ပေးရမှာပါ ။

အဲ့အတွက် မြန်မာသံရုံးမှ လူကြီးမင်းများကို ဆက်လက်အားစိုက်ကူညီပေးဖို့တောင်းဆိုပါတယ် ခင်များ . ကျေးဇူးလည်း မမေ့ပါဘူး ။ ကိုရဲမင်း ကလေးလေးကလည်း မွေးတာ၎ရက်သားလောက်ဖြစ်ပါပြီ ။ကိုရဲမင်း အမြန်လွတ်ပါစေ . အားလုံး Peace . . .” ဆိုပြီးပြောထားပါတယ်။

 

ယုန်လေး ပြောပြတဲ့အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ အတွက် ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source;မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.