နာမည်ကြီးအဆိုတော်လည်းဖြစ်၊ သရုပ်ဆောင်မင်းသမီးလည်းဖြစ်တဲ့ IU ဟာဆိုရင် သူမရဲ့အနုပညာအရည်အချင်းတွေကြောင့်အပြင် သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးနဲ့ ချစ်စရာကောင်းတဲ့ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်အားပေးမှုကိုတစ်ခဲနက်ဆိုသလိုရရှိနေသူလေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုမျိုးသေးသွယ်တဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းနိုင်ဖို့ဆိုတာကလည်း သူမအနေနဲ့ အစားအသောက်အနေအထိုင်ကို အတော်လေးမှဂရုတစိုက်ရှိဖို့ လိုအပ်လှပါတယ်။ သူမကတော့ သူမရဲ့ကိုယ်ခန္ဓာပုံပန်းသဏ္ဍာန်ကို အလေးထားပြီးထိန်းသိမ်းလိုတာကြောင့် အစားအသောက်စားရာမှာ သာမန်လူတွေစားသုံးထက်ပမာဏထက် ထက်ဝက်မကနည်းပါးတဲ့ပမာဏကိုသာစားသုံးပြီး […]

လက်ရှိထုတ်လွှင့်ပြသလျှက်ရှိတဲ့ “It’s Okay Not To Be Okay” ဇာတ်လမ်းတွဲဟာဆိုရင် စတင်ပြသတဲ့အချိန်တုန်းက ဇာတ်လမ်းတည်ဆောက်မှုပုံစံ၊ သရုပ်ဆောင်တွေရဲ့ချောမောကြည့်ကောင်းပြီး လိုက်ဖက်မှုတွေကြောင့် ချီးကျူးသံတွေဝေဆာခဲ့ပေမယ့်လည်း ဒီတစ်ပတ်ပြသသွားခဲ့တဲ့ အပိုင်း ၄ အပြီးမှာတော့ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်တဲ့ ဇာတ်ဝင်ခန်းတွေအများအပြားပါဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ […]

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက YG Entertainment ရဲ့တည်ထောင်သူဖြစ်တဲ့ Yang Hyun Suk ဟာ သူ့ရဲ့ မြောက်များစွာသော အရှုပ်တော်ပုံပြဿနာတွေကြောင့် ရဲတွေရဲ့ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေကိုခံခဲ့ရပါတယ်။ အဲဒီနောက်မှာတာ့ သူ့အနေနဲ့ YG Entertainment မှာ တာဝန်ယူထားတဲ့ရာထူးနဲ့ […]

ပြီးခဲ့တဲ့ရက်သတ္တပတ် နှစ်ပတ်လောက်တုန်းက Thai TV3 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြီးစီးသွားခဲ့တဲ့ “My Husband in Law” ဇာတ်လမ်းတွဲဟာဆိုရင် ထိုင်းနိုင်ငံအတွင်းမှာ ကြည့်ရှုနှုန်းစံချိန်တင်ရတဲ့အထိကို အောင်မြင်လူကြိုက်များခဲ့တဲ့အပြင် အာရှဒေသတွင်းနိုင်ငံတွေမှာလည်း အောင်မြင်လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတွဲတစ်တွဲဖြစ်ပါတယ်။ ဒီလိုမျိုးဇာတ်လမ်းတွဲရဲ့အောင်မြင်မှုအရှိန်ဟာ ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ မင်းသား […]

လတ်တလောထိုင်းဒရမ်မာကြိုက်ပရိသတ်တွေအကြားမှာ စိတ်ဝင်စားမှုများနေတဲ့ သတင်းတစ်ခုကတော့ မြန်မာပရိသတ်တွေရဲ့အချစ်တော်ထိုင်းမင်းသားတစ်လက်ဖြစ်တဲ့ James Jirayu နဲ့ မင်းသမီးကြီး Anne Thongprasom တို့နှစ်ယောက်အတူပါဝင်ရိုက်ကူးကြမယ့် “Karat Ruk” ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်နဲ့ပတ်သတ်တာပဲဖြစ်ပါတယ်။ ထွက်ရှိလာတဲ့သတင်းတွေအရဆိုရင် ဒီဇာတ်လမ်းတွဲဟာ မနေ့တုန်းက ထိုင်းနိုင်ငံရဲ့ Twitter […]

အခုတင်ဆက်ဖော်ပြပေးချင်တာကတော့ တောင်ကိုရီးယားနိုင်ငံသားမှန်သမျှ မဖြစ်မနေထမ်းဆောင်ကြရတဲ့ စစ်မှုထမ်းတာဝန်ကို သတ်မှတ်ထားတဲ့အချိန်ကာလအတိုင်း ကျေပွန်စွာထမ်းဆောင်ခဲ့ကြပြီး နောက်လထဲမှာတော့ တာဝန်ပြီးမြောက်ကာ ပရိသတ်တွေဆီကို ပြန်လာကြတော့မယ့် အမျိုးသားအနုပညာရှင် (၅) ယောက်ပဲဖြစ်ပါတယ်။ ဒီလိုဆိုရင် သူတို့တွေက ဘယ်သူတွေလဲဆိုတာနဲ့ ဘယ်ရက်အတိအကျမှာ စစ်မှုထမ်းပြီးကြမလဲဆိုတာကို ရှုစားကြည့်လိုက်ကြပါဦး။ SHINee’s […]

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တုန်းက ကိုရီးယားဒရမ်မာလောကကို ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့သတင်းတစ်ပုဒ်ထွက်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ ဝါရင့်မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ Jeon Mi Sun တစ်ယောက် ဂျွန်ဂျူမြို့ရှိ ဟိုတယ်တစ်ခုမှာ တည်းခိုနေစဉ်အချိန်အတွင်း သူမကိုယ်သူမ အဆုံးစီရင်သွားခဲ့တယ်ဆိုတဲ့သတင်းပါပဲ။ Jeon […]

K-pop လောကရဲ့ Fashion King ရယ်လို့ သတ်မှတ်တင်စားခံထားရတဲ့ နာမည်ကြီးထိပ်တန်း Idol တစ်ယောက်ဖြစ်သူ G-Dragon ဟာဆိုရင် သူမွေးထားတဲ့ ခွေးလေးနှစ်ကောင်ကို လျစ်လျူရှုပစ်ပယ်ထားတာနဲ့ပတ်သတ်ပြီး လတ်တလောမှာ အွန်လိုင်းအသုံးပြုသူတွေ၊ အထူးသဖြင့် တိရစ္ဆာန်ချစ်သူတွေရဲ့ အပြစ်တင်ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ရရှိနေတာကို […]

ပြီးခဲ့တဲ့နှစ် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းက နေအိမ်မှာ မိမိကိုယ်ကိုမိမိအဆုံးစီရင်သွားခဲ့တဲ့ နာမည်ကြီးအမျိုးသမီးအဆိုတော်မလေး Goo Hara ရဲ့သေဆုံးမှုဟာဆိုရင် ကိုရီးယားအနုပညာလောကတစ်ခုလုံးကို အထိတ်တလန့်ဖြစ်စေခဲ့တဲ့ဖြစ်ရပ်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အခုဆိုရင် သူမ ကွယ်လွန်သွားခဲ့တာ လအတော်ကြာနေပြီဆိုပေမယ့် သူမကိုချစ်ကြတဲ့သူတွေကတော့ ဒီနေ့အထိထက်တိုင် လွမ်းဆွတ်သတိရနေဆဲပါ။ […]

ထိုင်းနိုင်ငံရဲ့နာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား James Jirayu နဲ့ မင်းသမီး Kimmy Kimberley တို့နှစ်ဦးဟာဆိုရင် မကြာခင်အချိန်အတွင်းမှာ ဒရမ်မာဇာတ်လမ်းတွဲအသစ်တစ်တွဲမှာ အတူပါဝင်ရိုက်ကူးသွားဖို့ရှိတယ်လို့ သတင်းတွေထွက်ရှိနေပြီး တကယ်သာ ဒီသတင်းစစ်မှန်တယ်ဆိုရင်တော့ ဒါဟာ သူတို့နှစ်ဦးရဲ့ ဒုတိယအကြိမ်မြောက်ဆုံစည်းတဲ့ဇာတ်ကားဖြစ်မှာပါ။ ဒီသတင်းထွက်ပေါ်လာရတဲ့အကြောင်းအရင်းအစကတော့ ပြီးခဲ့တဲ့ဧပြီလတုန်းက […]