” နိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းထားမှုကြောင့်အာဏာရှင်စနစ် ပျက်စီးမှသာ သူ့အတွက်နှစ်သစ်ပါလို့ ခံယူချက်ခိုင်ခိုင်မာမာနဲ့ ပြောလာတဲ့ ဒေါင်း “

CeleChitThu ပရိသတ်ကြီးရေ ဒေါင်းကတော့ တက်သစ်မင်းသားတွေထဲ ပရိသတ်အခိုင်အမာနဲ့ရပ်တည်နိုင်တဲ့ မင်းသားတစ်လက်ပါ။ အနုပညာတွင်သာမက အဘက်ဘက်ကပြည့်စုံထူးချွန်တဲ့မင်းသားတစ်လက်ဖြစ်တဲ့အပြင် အမေစုကိုအမာခံထောက်ခံတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေအရ တပ်မတော်ကနေအရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ထိပ်တန်းအရာရှိတွေ ဖမ်းဆီးခံရပြီးနောက် နိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဒေါင်းကတော့ သူ့ရဲ့ ယုံကြည်ရာ အမေစုဦးဆောင်တဲ့NLDပါတီကို ပြည်သူချစ်အနုပညာတစ်ယောက်အနေနဲ့ရှေ့ဆုံးကရဲရဲဝံ့ဝံ့ဖော်ထုတ်ကာ သူ့ရဲ့ စိတ်ရင်းကိုထုတ်ပြခဲ့တာပါ။

ဒီနေ့မှာလည်း”နိုင်ငံမှာ အာဏာရှင်စနစ်လုံးဝပျက်စီးသွားတဲ့နေ့ဟာ ကျွန်တော့်အတွက် နှစ်သစ်ပဲ။”ဆိုတဲ့စာလေးနဲ့ အခုလို၂၀၂၁ကုန်ဆုံးမယ့်အချိန်မှာ သူ့အနေနဲ့သူများနဲ့မတူတဲ့ခံယူချက်ကိုပြောပြခဲ့တာပါ။

Source:Daung -ဒေါင်း
Candy -CeleKhitThit

” ႏိုင္ငံအတြင္း စစ္တပ္အာဏာသိမ္းထားမႈေၾကာင့္အာဏာရွင္စနစ္ ပ်က္စီးမွသာ သူ႔အတြက္ႏွစ္သစ္ပါလို႔ ခံယူခ်က္ခိုင္ခိုင္မာမာနဲ႔ ေျပာလာတဲ့ ေဒါင္း ”

CeleChitThu ပရိသတ္ႀကီးေရ ​ေဒါင္းကေတာ့ တက္သစ္မင္းသားေတြထဲ ပရိသတ္အခိုင္အမာနဲ႔ရပ္တည္ႏိုင္တဲ့ မင္းသားတစ္လက္ပါ။ အႏုပညာတြင္သာမက အဘက္ဘက္ကျပည့္စုံထူးခြၽန္တဲ့မင္းသားတစ္လက္ျဖစ္တဲ့အျပင္ အေမစုကိုအမာခံေထာက္ခံတဲ့ အႏုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။

လက္ရွိႏိုင္ငံေရးအေျခအေနအရ တပ္မေတာ္က​ေနအရပ္ဘက္ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တျခား ထိပ္တန္းအရာရွိေတြ ဖမ္းဆီးခံရၿပီးေနာက္ ႏိုင္ငံအတြင္း စစ္တပ္အာဏာသိမ္းမႈနဲ႔ပတ္သက္ၿပီး ေဒါင္းကေတာ့ သူ႔ရဲ႕ ယုံၾကည္ရာ အေမစုဦးေဆာင္တဲ့NLDပါတီကို ျပည္သူခ်စ္အႏုပညာတစ္ေယာက္အေနနဲ႔ေရွ႕ဆုံးကရဲရဲဝံ့ဝံ့ေဖာ္ထုတ္ကာ သူ႔ရဲ႕ စိတ္ရင္းကိုထုတ္ျပခဲ့တာပါ။

ဒီေန႔မွာလည္း”ႏိုင္ငံမွာ အာဏာရွင္စနစ္လုံးဝပ်က္စီးသြားတဲ့ေန႔ဟာ ကြၽန္ေတာ့္အတြက္ ႏွစ္သစ္ပဲ။”ဆိုတဲ့စာေလးနဲ႔ အခုလို၂၀၂၁ကုန္ဆုံးမယ့္အခ်ိန္မွာ သူ႔အေနနဲ႔သူမ်ားနဲ႔မတူတဲ့ခံယူခ်က္ကိုေျပာျပခဲ့တာပါ။

Source:Daung -ေဒါင္း
Candy -CeleKhitThit

Leave a Reply

Your email address will not be published. Required fields are marked *