” ၂၂ပြည့် မွေးနေ့အလှူအဖြစ် အုန်းထမင်းကြက်သားကိုကိုယ်တိုင်နေရာအစုံမှာလိုက်လံ လှူဒါန်းခဲ့တဲ့သဇင်ထူးမြင့်”

CeleChitThu ပရိတ်သတ်ကြီးရေ သဇင်ထူးမြင့် ကတော့ ဒါရိုက်တာလဲဖြစ် ဟာသဇာတ်ပို့သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ခင်လှိုင်ရဲ့ အထွေးဆုံးသမီးလေးပဲ ဖြစ်ပါတယ်။ ရွှေကြိုကနေစတင်ပြီးအနုပညာလောကထဲကိုစတင်ဝင်ရောက်လာပြီး ရုပ်ရှင်ဇာတ်ကားတွေလည်းရိုက်ကူးတဲ့ထိ​ နေရာတစ်ခုထိရောက်ရှိနေခဲ့တာပါ။

 


အခုချိန်မှာအနုပညာအလုပ်တွေကိုရပ်နားထားတဲ့ သဇင်ထူးမြင့်ကတော့ ဒီနေ့မှာ အသက်၂၂နှစ်ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ”သဲရဲ့၂၂ပြည့် မွေးနေ့အလှူလေးပါနေ့လည်စာအုန်းထမင်းကြက်သားကိုကိုယ်တိုင်နေရာအစုံ လိုက်လှူခဲ့ပါတယ်💖လက်ဆောင်လေးတွေပို့ပေးကြတဲ့ ချစ်ရတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်…အမှန်ဆို ဒီနှစ်မွေးနေ့မှာ ဘာတစ်ခုမှ မပြင်ဆင်ထားမိဘူးသာမန်ရက်တစ်ရက်လိုပဲ ဖြတ်သန်းချင်စိတ်ဖြစ်မိတဲ့နှစ်ပါ…ချစ်ရတဲ့မိသားစုဝင်တွေ Hearties တွေက ပျော်အောင် အစွမ်းကုန် ကြိုးစားပေးကြလို့ အရမ်းကျေးဇူးတင်ပါတယ်…”ဆိုတဲ့စာလေးနဲ့ အလှူပုံရိပ်လေးတွေကိုတင်လာခဲ့တာပါ။

CeleChitThu ပရိသတ်တွေလည်း ချစ်စရာကောင်းသဲလေးရဲ့မွေးနေ့အလှူအတွက်သာဓုခေါ်ပြီး မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source: Thazin Htootoo Myint
Candy -CeleChitThu





Candy -CeleChitThu

Leave a Reply

Your email address will not be published. Required fields are marked *