ဘီလ်ံနာသူေဌးၾကီးေတြ အမ်ားဆုံး ေနထိုင္ရာ ကမာၻ႔ၿမိဳ႕ႀကီး ၁၀ ၿမိဳ႕

ဘီလ်ံနာ ဆိုတာ အေမရိကန္ ေဒၚလာ သန္း ၁၀၀၀ အထက္ ႂကြယ္ဝခ်မ္းသာသူေတြကို ေခၚတယ္ဆိုတာ အားလုံးသိၾကၿပီး ျဖစ္မွာပါ။ ကမာၻေက်ာ္ စီးပြားေရးမဂၢဇင္းျဖစ္တဲ့ Forbes ရဲ႕ စာရင္းအရ ၂၀၂၁ ခုႏွစ္ထိ ကမာၻမွာ ဘီလ်ံနာေပါင္း ၂၇၅၅ ဦး ရွိေနတယ္လို႔ သိရပါတယ္။

ကမာၻ႔အခ်မ္းသာဆုံး ဘီလ်ံနာ ၁၀ ေယာက္မွာ ၈ ေယာက္က အေမရိကန္က ျဖစ္သလို ႏိုင္ငံအလိုက္ဆိုရင္လည္း အေမရိကန္က အမ်ားဆုံးျဖစ္ပါတယ္။ ဘီလ်ံနာ အမ်ားဆုံး ႏိုင္ငံ ၁၀ ႏိုင္ငံ အေၾကာင္းကိုေတာ့ အရင္တခါက တင္ခဲ့ၿပီးပါၿပီ။ ဒီတခါေတာ့ ကမာၻေပၚမွာ ဘီလ်ံနာ အမ်ားဆုံးေနထိုင္ရာ ၿမိဳ႕ႀကီး ၁၀ ၿမိဳ႕ အေၾကာင္းကို ေဝမွ်လိုက္ပါတယ္။

၁၀။ HANGZHOU

Hangzhou ကေတာ့ တ႐ုတ္ႏိုင္ငံ အေရွ႕ပိုင္းကမ္း႐ိုးတန္းျပည္နယ္ Zhejiang ရဲ႕ၿမိဳ႕ေတာ္ျဖစ္ပါတယ္။ လူဦးေရ ၁၂ သန္းနီးပါး ေနထိုင္ရာၿမိဳ႕ျဖစ္သလို ၁၉၉၂ ခုႏွစ္ကတည္းက အရွိန္အဟုန္နဲ႔ တိုးတက္လာခဲ့တဲ့ ၿမိဳ႕ႀကီး လည္းျဖစ္ပါတယ္။

စီးပြားေရး အလြန္ထြန္းကားတဲ့ ဒီၿမိဳ႕မွာေတာ့ ဘီလ်ံနာေပါင္း ၄၇ ဦး ရွိေနၿပီး ယခင္ႏွစ္ကထက္ ၂၁ ဦး တိုးလာခဲ့တာ ျဖစ္ပါတယ္။ ဒီၿမိဳ႕ရဲ႕အခ်မ္းသာဆုံးသူကေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ အခ်မ္းသာဆုံး ပုဂၢိဳလ္ Zhong Shanshan ျဖစ္ၿပီး သူတဦးတည္းတင္ ၆၄ ဘီလ်ံေလာက္ ႂကြယ္ဝပါတယ္။ ဒီၿမိဳ႕မွာေနတဲ့ ဘီလ်ံနာစုစုေပါင္းရဲ႕ ႂကြယ္ဝမႈကေတာ့ ၂၆၉.၂ ဘီလ်ံ ျဖစ္ပါတယ္။

၈။ SAN FRANCISCO

San Francisco ကေတာ့ အေမရိကန္ ကယ္လီဖိုးနီးယားျပည္နယ္ထဲမွာ ပါဝင္တဲ့ ၿမိဳ႕ႀကီးတၿမိဳ႕ျဖစ္ၿပီး ႏိုင္ငံရဲ႕ အဓိက စီးပြားေရးၿမိဳ႕ေတာ္တခုလည္း ျဖစ္ပါတယ္။ ေဒသ တခုလုံးမွာေတာ့ လူဦးေရ ၅ သန္းနီးပါးေနထိုင္ၿပီး ၿမိဳ႕အေနနဲ႔ကေတာ့ အေမရိကန္ရဲ႕ နံပါတ္ ၁၇ အႀကီးဆုံးၿမိဳ႕ ျဖစ္ပါတယ္။

၁၉ ရာစု အလယ္ပိုင္းေလာက္ကတည္းက ထင္ရွားလာခဲ့တဲ့ ဒီၿမိဳ႕မွာ ေနထိုင္တဲ့ ဘီလ်ံနာ အေရအတြက္ကေတာ့ ၄၈ ဦး ျဖစ္ပါတယ္။ အရင္ႏွစ္ကထက္စာရင္ ၁၁ ဦး တိုးလာခဲ့တာျဖစ္ၿပီး ေနထိုင္သူ ဘီလ်ံနာ စုစုေပါင္းရဲ႕ႂကြယ္ဝမႈက ၁၉၀ ဘီလ်ံ ျဖစ္ပါတယ္။ ဒီၿမိဳ႕ရဲ႕အခ်မ္းသာဆုံးသူက ေဖ့ဘုတ္ပူးတြဲတည္ေထာင္သူတေယာက္ျဖစ္တဲ့ Dustin Moskovitz ျဖစ္ၿပီး သူ႔ရဲ႕ႂကြယ္ဝမႈက အေမရိကန္ေဒၚလာ ၂၄.၄ ဘီလ်ံ ျဖစ္ပါတယ္။

၈။ MUMBAI

Sunset scenes against the Mumbai Skyline

အိႏၵိယရဲ႕စီးပြားေရးၿမိဳ႕ေတာ္ Mumbai ကေတာ့ ဒီစာရင္းရဲ႕ နံပါတ္ ၈ ေနရာမွာ ရပ္တည္ေနပါတယ္။ လူဦးေရ သန္း ၂၀ ဝန္းက်င္ေနထိုင္ၿပီး အိႏၵိယရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္ကာ ကမာၻ႔လူဦးေရ အမ်ားဆုံးၿမိဳ႕စာရင္းမွာလည္း ပါဝင္ေနပါတယ္။

အိႏၵိယရဲ႕ ေငြေၾကးဗဟိုဌာန နဲ႔ စီးပြားေရးလုပ္ငန္းေတြ ေပါင္းဆုံေနတဲ့ ဒီၿမိဳ႕ႀကီးမွာေတာ့ ဘီလ်ံနာေပါင္း ၄၈ ဦး ေနထိုင္လ်က္ရွိပါတယ္။ ဘီလ်ံနာေတြထဲမွာ အခ်မ္းသာဆုံးကေတာ့ Mukesh Ambani ျဖစ္ၿပီး သူ႔ရဲ႕ႂကြယ္ဝမႈကေတာ့ ၁၀၁ ဘီလ်ံျဖစ္ကာ လက္ရွိအခ်ိန္မွာ ကမာၻ႔အဆင့္ ၁၀ ေနရာမွာ ရွိေနပါတယ္။ အရင္ႏွစ္ကထက္ ၁၀ ဦးတိုးလာခဲ့ၿပီး မြန္ဘိုင္း ဘီလ်ံနာေတြရဲ႕ စုစုေပါင္း ႂကြယ္ဝမႈကေတာ့ အေမရိကန္ေဒၚလာ ၂၆၅ ဘီလ်ံ ျဖစ္ပါတယ္။

၇။ LONDON

လူဦးေရ ၁၄ သန္းေက်ာ္ေနထိုင္တဲ့ ၿမိဳ႕ေတာ္ လန္ဒန္ကေတာ့ ဒီစာရင္းရဲ႕ သတၱမ ေနရာမွာ ရွိေနပါတယ္။ Alpha ++ အဆင့္သတ္မွတ္ခံထားရတဲ့ ကမာၻ႔ၿမိဳ႕ႀကီး ၂ ခုအနက္က တခု ျဖစ္ၿပီး ႏိုင္ငံရဲ႕စုစုေပါင္းဝင္ေငြ ၄ ပုံ ၁ ပုံကို ဒီၿမိဳ႕ ၁ ၿမိဳ႕တည္းရဲ႕ စီပြားေရးလုပ္ငန္းေတြကေန ရရွိေနတာ ျဖစ္ပါတယ္။

လန္ဒန္မွာ ေနထိုင္တဲ့ ဘီလ်ံနာအေရအတြက္ကေတာ့ ၆၃ ဦးျဖစ္ၿပီး အရင္ႏွစ္ကထက္ ၇ ဦးတိုးလာခဲ့တာျဖစ္ပါတယ္။ သူတို႔ထဲမွာ အႂကြယ္ဝဆုံးသူကေတာ့ Access Industries လုပ္ငန္းစုႀကီးတည္ေထာင္သူ Len Blavatnik ျဖစ္ကာ သူ႔ရဲ႕ႂကြယ္ဝမႈကေတာ့ အေမရိကန္ေဒၚလာ ၃၉.၅ ဘီလ်ံ ျဖစ္ပါတယ္။ လန္ဒန္ဘီလ်ံနာေတြရဲ႕ စုစုေပါင္းႂကြယ္ဝမႈကေတာ့ ၃၁၆.၁ ဘီလ်ံ ျဖစ္ပါတယ္။

၆။ SHANGHAI

တ႐ုတ္ရဲ႕ လူသိမ်ားတဲ့ စီးပြားေရးၿမိဳ႕ႀကီးတခုျဖစ္တဲ့ ရွန္ဟိုင္းကေတာ့ အရင္ႏွစ္ကထက္စာရင္ ဘီလ်ံနာ ၁၈ ဦး တိုးလာခဲ့ပါတယ္။ လူဦးေရ ၂၄ သန္းေက်ာ္ေနထိုင္တဲ့ ရွန္ဟိုင္းဟာ တ႐ုတ္ရဲ႕အႀကီးဆုံးၿမိဳ႕ႀကီးျဖစ္သလို စီးပြားေရး ၊ ကုန္သြယ္ေရးလုပ္ငန္းေတြရဲ႕ အခ်က္အျခာက်တဲ့ ၿမိဳ႕ႀကီးလည္းျဖစ္ပါတယ္။

ရွန္ဟိုင္းမွာေတာ့ ဘီလ်ံနာေပါင္း ၆၄ ဦးအထိ ရွိေနပါတယ္။ ရွန္ဟိုင္းဘီလ်ံနာေတြထဲမွာ စိုက္ပ်ိဳးေရးနည္းပညာ အြန္လိုင္း ပလက္ေဖာင္း Pinduoduo တည္ေထာင္သူ Colin Huang က အခ်မ္းသာဆုံးျဖစ္ၿပီး သူ႔ရဲ႕လက္ရွိ ႂကြယ္ဝမႈကေတာ့ ၃၃.၆ ဘီလ်ံျဖစ္ပါတယ္။ ရွန္ဟိုင္းဘီလ်ံနာေတြရဲ႕ စုစုေပါင္း ႂကြယ္ဝမႈကေတာ့ အေမရိကန္ေဒၚလာ ၂၅၉.၆ ဘီလ်ံ ျဖစ္ပါတယ္။

၅။ SHENZHEN

ဒီစာရင္းရဲ႕ ပၪၥမေနရာမွာေတာ့ တ႐ုတ္နဲ႔ ေနာက္ထပ္ၿမိဳ႕ႀကီးတၿမိဳ႕ျဖစ္တဲ့ Shenzhen က ရပ္တည္ေနပါတယ္။ လူဦးေရ ၁၇ သန္းေက်ာ္ ေနထိုင္တဲ့ ဒီၿမိဳ႕ဟာ နည္းပညာ ၊ သုေတသန ၊ ထုတ္လုပ္ေရး ၊ ေငြေၾကးဆိုင္ရာ လုပ္ငန္းေတြနဲ႔ ထင္ရွားသလို ႏိုင္ငံရဲ႕ အဓိကစီးပြားေရးဇုန္လည္း ျဖစ္ပါတယ္။

Shenzhen မွာေတာ့ ဘီလ်ံနာေပါင္း ၆၈ ဦးအထိ ရွိေနၿပီး ဒါဟာ အရင္ႏွစ္ကထက္စာရင္ ၂၄ ဦး တိုးလာခဲ့တာျဖစ္ပါတယ္။ ရွန္ဟိုင္းရဲ႕အခ်မ္းသာဆုံးသူကေတာ့ နည္းပညာကုမၸဏီႀကီး Tencent ရဲ႕တည္ေထာင္သူ Ma Huateng ျဖစ္ကာ သူ႔ရဲ႕လက္ရွိႂကြယ္ဝမႈကေတာ့ ၄၇.၈ ဘီလ်ံ ျဖစ္ပါတယ္။ ရွန္ဟိုင္းဘီလ်ံနာေတြရဲ႕ စုစုေပါင္း ႂကြယ္ဝမႈကေတာ့ အေမရိကန္ေဒၚလာ ၄၁၅.၃ ဘီလ်ံ ျဖစ္ပါတယ္။

၄။ MOSCOW

႐ုရွားႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ ေမာ္စကိုကေတာ့ ဒီစာရင္းရဲ႕ စတုတၳေနရာမွာ ရပ္တည္ေနပါတယ္။ ႐ုရွားရဲ႕အႀကီးမားဆုံးၿမိဳ႕ျဖစ္ၿပီး လူဦးေရ ၁၂ သန္းေက်ာ္ ေနထိုင္ကာ စီးပြားေရးအေနနဲ႔လည္း ႏိုင္ငံဝင္ေငြစုစုေပါင္းရဲ႕ ၅ ပုံ ၁ ပုံ ကို ရရွိေစတဲ့ ၿမိဳ႕ႀကီးလည္း ျဖစ္ပါတယ္။

ေမာ္စကိုမွာေတာ့ စုစုေပါင္း ဘီလ်ံနာ ၇၉ ဦးအထိ ရွိေနၿပီး အရင္ႏွစ္ကနဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ ၉ ဦး တိုးလာခဲ့တာျဖစ္ပါတယ္။ ေမာ္စကိုရဲ႕ အခ်မ္းသာဆုံး ဘီလ်ံနာကေတာ့ စတီး နဲ႔ သတၱဳတူးေဖာ္ေရးကုမၸဏီႀကီး Severstal ရဲ႕ အဓိကရွယ္ယာရွင္ Alexei Mordashov ျဖစ္ၿပီး သူ႔ရဲ႕ႂကြယ္ဝမႈကေတာ့ ၂၉.၁ ဘီလ်ံ ျဖစ္ပါတယ္။ ေမာ္စကို ဘီလ်ံနာေတြရဲ႕ စုစုေပါင္း ႂကြယ္ဝမႈကေတာ့ ၄၂၀.၆ ဘီလ်ံ ျဖစ္ပါတယ္။

၃။ HONG KONG

တ႐ုတ္ ရဲ႕ အထူးအုပ္ခ်ဳပ္ခြင့္ရေဒသျဖစ္တဲ့ ေဟာင္ေကာင္ကေတာ့ အရင္ႏွစ္ကထက္စာရင္ ဘီလ်ံနာ ၉ ဦး ထပ္တိုးလာခဲ့ပါတယ္။ လူဦးေရ ၇ သန္းေက်ာ္ ေနထိုင္တဲ့ ေဟာင္ေကာင္ကေတာ့ အလြန္ေကာင္းမြန္တဲ့ စီးပြားေရး ပိုင္ဆိုင္ထားသလို ႏိုင္ငံတကာ ေငြေၾကးေဈးကြက္ကိုလည္း တည္ေဆာက္ထားပါတယ္။

ေဟာင္ေကာင္မွာေတာ့ စုစုေပါင္း ဘီလ်ံနာ ဦးေရ ၈၀ ဦး အထိ ရွိေနပါတယ္။ သူတို႔ထဲမွာ လူသိမ်ားတဲ့ သူေဌးႀကီး လီကာရွင္းက အႂကြယ္ဝဆုံးျဖစ္ၿပီး လက္ရွိအခ်ိန္ သူ႔ရဲ႕ႂကြယ္ဝမႈကေတာ့ ၃၁.၄ ဘီလ်ံ ျဖစ္ပါတယ္။ ေဟာင္ေကာင္ ဘီလ်ံနာေတြရဲ႕ စုစုေပါင္း ႂကြယ္ဝမႈကေတာ့ ၄၄၈.၄ ဘီလ်ံအထိ ရွိေနပါတယ္။

၂။ NEW YORK CITY

ေတာက္ေလွ်ာက္ ဘီလ်ံနာအမ်ားဆုံး ပထမ ေနရာကို ရရွိခဲ့တဲ့ နယူးေယာက္ဟာ ဒီႏွစ္မွာေတာ့ ပထမ ေနရာကို ဖယ္ေပးလိုက္ရၿပီး ဒုတိယေနရာကို ေရာက္ရွိသြားခဲ့ပါၿပီ။ လူဦးေရ သန္း ၂၀ ဝန္းက်င္ေနထိုင္ၿပီး အေမရိကန္ရဲ႕ အႀကီးဆုံးၿမိဳ႕ နဲ႔ အဓိက စီးပြားေရးၿမိဳ႕ေတာ္ျဖစ္ပါတယ္။

နယူးေယာက္ၿမိဳ႕ႀကီးမွာ ေနထိုင္တဲ့ စုစုေပါင္း ဘီလ်ံနာ အေရအတြက္ကေတာ့ ၉၉ ဦး ျဖစ္ၿပီး ယခင္ႏွစ္ကထက္စာရင္ ၇ ဦးသာ တိုးလာခဲ့ပါတယ္။ နယူးေယာက္ဘီလ်ံနာေတြထဲမွာ အခ်မ္းသာဆုံးသူကေတာ့ အေမရိကန္ နည္းပညာ နဲ႔ မီဒီယာလုပ္ငန္းစုႀကီး Bloomberg L.P. ကို တည္ေထာင္သူ Michael Bloomberg ျဖစ္ကာ သူ႔ရဲ႕ႂကြယ္ဝမႈကေတာ့ ေဒၚလာ ၅၉ ဘီလ်ံ ျဖစ္ပါတယ္။ နယူးေယာက္ ဘီလ်ံနာေတြရဲ႕ စုစုေပါင္း ႂကြယ္ဝမႈကေတာ့ ၅၆၀ ဘီလ်ံ ျဖစ္ပါတယ္။

၁။ BEIJING

နယူးေယာက္ကို ေက်ာ္ျဖတ္ၿပီး ဒီစာရင္းရဲ႕ ပထမေနရာကို ေရာက္သြားသူကေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ Beijing ျဖစ္ပါတယ္။ ေဟာင္ေကာင္ကိုပါ ထည့္ေရတြက္လိုက္ရင္ ဘီလ်ံနာအမ်ားဆုံး ၁၀ ၿမိဳ႕မွာ ၅ ၿမိဳ႕က တ႐ုတ္ႏိုင္ငံ တခုတည္းက ျဖစ္ေနတာကို ေတြ႕ရမွာပါ။ လက္ရွိအခ်ိန္မွာေတာ့ လူဦးေရ ၂၁ သန္းေက်ာ္ ေနထိုင္တဲ့ Beijing ဟာ စီးပြားေရးသာမက နယ္ပယ္ေပါင္းစုံမွာပါ ကမာၻ႔ထိပ္တန္းၿမိဳ႕တၿမိဳ႕အျဖစ္ ရပ္တည္ေနခဲ့ပါၿပီ။

Beijing မွာေနထိုင္တဲ့ စုစုေပါင္း ဘီလ်ံနာဦးေရကေတာ့ ၁၀၀ ဦးျဖစ္ၿပီး နယူးေယာက္ကို ၁ ဦးအသာ နဲ႔ ကပ္ၿပီး ေက်ာ္ျဖတ္သြားတာ ျဖစ္ပါတယ္။ ကပ္ေရာဂါ ကာလအတြင္းမွာပဲ Beijing ဟာ စီးပြားေရး အလြန္တိုးတက္လာခဲ့ၿပီး ယခင္ႏွစ္ကထက္ ဘီလ်ံနာဦးေရ ၃၃ ဦးအထိ တိုးလာခဲ့တာေၾကာင့္ ကမာၻ႔အဆင့္ ၄ ေနရာကေန ၁ ေနရာကို ခုန္တက္သြားခဲ့တာ ျဖစ္ပါတယ္။

Beijing ဘီလ်ံနာေတြထဲမွာ အႂကြယ္ဝဆုံးသူကေတာ့ နည္းပညာ လုပ္ငန္းစုႀကီး ByteDance တည္ေထာင္သူ Zhang Yiming ျဖစ္ကာ သူ႔ရဲ႕ႂကြယ္ဝမႈကေတာ့ ၃၅.၈ ဘီလ်ံ ျဖစ္ပါတယ္။ Beijing ဘီလ်ံနာစုစုေပါင္းရဲ႕ ႂကြယ္ဝမႈကေတာ့ အေမရိကန္ေဒၚလာ ၄၈၄.၃ ဘီလ်ံ ျဖစ္ပါတယ္။ တ႐ုတ္ဟာ ႏိုင္ငံအေနနဲ႔လည္း ဘီလ်ံနာ ၇၂၇ ဦးရွိတဲ့ အေမရိကန္ရဲ႕ေနာက္ ဒုတိယေနရာမွာ ဘီလ်ံနာဦးေရ ၆၉၈ ဦး နဲ႔ ကပ္လိုက္လ်က္ရွိပါတယ္။

( ဒီစာရင္းဟာ Forbes မဂၢဇင္းရဲ႕ 10 cities in the world with the most billionaires နဲ႔ real time billionaires တို႔ကို ကိုးကားထားတာျဖစ္ပါတယ္။ တရားဝင္ ေဖာ္ျပထားတဲ့ အခ်က္အလက္ေတြျဖစ္တာေၾကာင့္ တရားမဝင္ ခ်မ္းသာသူေတြကေတာ့ ဒီစာရင္းမွာ ပါဝင္မွာ မဟုတ္ပါဘူး )

Unicode

ဘီလျံနာ ဆိုတာ အမေရိကန် ဒေါ်လာ သန်း ၁၀၀၀ အထက် ကြွယ်ဝချမ်းသာသူတွေကို ခေါ်တယ်ဆိုတာ အားလုံးသိကြပြီး ဖြစ်မှာပါ။ ကမ္ဘာကျော် စီးပွားရေးမဂ္ဂဇင်းဖြစ်တဲ့ Forbes ရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ်ထိ ကမ္ဘာမှာ ဘီလျံနာပေါင်း ၂၇၅၅ ဦး ရှိနေတယ်လို့ သိရပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ ၁၀ ယောက်မှာ ၈ ယောက်က အမေရိကန်က ဖြစ်သလို နိုင်ငံအလိုက်ဆိုရင်လည်း အမေရိကန်က အများဆုံးဖြစ်ပါတယ်။ ဘီလျံနာ အများဆုံး နိုင်ငံ ၁၀ နိုင်ငံ အကြောင်းကိုတော့ အရင်တခါက တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ကမ္ဘာပေါ်မှာ ဘီလျံနာ အများဆုံးနေထိုင်ရာ မြို့ကြီး ၁၀ မြို့ အကြောင်းကို ဝေမျှလိုက်ပါတယ်။

၁၀။ HANGZHOU

Hangzhou ကတော့ တရုတ်နိုင်ငံ အရှေ့ပိုင်းကမ်းရိုးတန်းပြည်နယ် Zhejiang ရဲ့မြို့တော်ဖြစ်ပါတယ်။ လူဦးရေ ၁၂ သန်းနီးပါး နေထိုင်ရာမြို့ဖြစ်သလို ၁၉၉၂ ခုနှစ်ကတည်းက အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တဲ့ မြို့ကြီး လည်းဖြစ်ပါတယ်။

စီးပွားရေး အလွန်ထွန်းကားတဲ့ ဒီမြို့မှာတော့ ဘီလျံနာပေါင်း ၄၇ ဦး ရှိနေပြီး ယခင်နှစ်ကထက် ၂၁ ဦး တိုးလာခဲ့တာ ဖြစ်ပါတယ်။ ဒီမြို့ရဲ့အချမ်းသာဆုံးသူကတော့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် Zhong Shanshan ဖြစ်ပြီး သူတဦးတည်းတင် ၆၄ ဘီလျံလောက် ကြွယ်ဝပါတယ်။ ဒီမြို့မှာနေတဲ့ ဘီလျံနာစုစုပေါင်းရဲ့ ကြွယ်ဝမှုကတော့ ၂၆၉.၂ ဘီလျံ ဖြစ်ပါတယ်။

၈။ SAN FRANCISCO

San Francisco ကတော့ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာ ပါဝင်တဲ့ မြို့ကြီးတမြို့ဖြစ်ပြီး နိုင်ငံရဲ့ အဓိက စီးပွားရေးမြို့တော်တခုလည်း ဖြစ်ပါတယ်။ ဒေသ တခုလုံးမှာတော့ လူဦးရေ ၅ သန်းနီးပါးနေထိုင်ပြီး မြို့အနေနဲ့ကတော့ အမေရိကန်ရဲ့ နံပါတ် ၁၇ အကြီးဆုံးမြို့ ဖြစ်ပါတယ်။

၁၉ ရာစု အလယ်ပိုင်းလောက်ကတည်းက ထင်ရှားလာခဲ့တဲ့ ဒီမြို့မှာ နေထိုင်တဲ့ ဘီလျံနာ အရေအတွက်ကတော့ ၄၈ ဦး ဖြစ်ပါတယ်။ အရင်နှစ်ကထက်စာရင် ၁၁ ဦး တိုးလာခဲ့တာဖြစ်ပြီး နေထိုင်သူ ဘီလျံနာ စုစုပေါင်းရဲ့ကြွယ်ဝမှုက ၁၉၀ ဘီလျံ ဖြစ်ပါတယ်။ ဒီမြို့ရဲ့အချမ်းသာဆုံးသူက ဖေ့ဘုတ်ပူးတွဲတည်ထောင်သူတယောက်ဖြစ်တဲ့ Dustin Moskovitz ဖြစ်ပြီး သူ့ရဲ့ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၂၄.၄ ဘီလျံ ဖြစ်ပါတယ်။

၈။ MUMBAI

အိန္ဒိယရဲ့စီးပွားရေးမြို့တော် Mumbai ကတော့ ဒီစာရင်းရဲ့ နံပါတ် ၈ နေရာမှာ ရပ်တည်နေပါတယ်။ လူဦးရေ သန်း ၂၀ ဝန်းကျင်နေထိုင်ပြီး အိန္ဒိယရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ကာ ကမ္ဘာ့လူဦးရေ အများဆုံးမြို့စာရင်းမှာလည်း ပါဝင်နေပါတယ်။

အိန္ဒိယရဲ့ ငွေကြေးဗဟိုဌာန နဲ့ စီးပွားရေးလုပ်ငန်းတွေ ပေါင်းဆုံနေတဲ့ ဒီမြို့ကြီးမှာတော့ ဘီလျံနာပေါင်း ၄၈ ဦး နေထိုင်လျက်ရှိပါတယ်။ ဘီလျံနာတွေထဲမှာ အချမ်းသာဆုံးကတော့ Mukesh Ambani ဖြစ်ပြီး သူ့ရဲ့ကြွယ်ဝမှုကတော့ ၁၀၁ ဘီလျံဖြစ်ကာ လက်ရှိအချိန်မှာ ကမ္ဘာ့အဆင့် ၁၀ နေရာမှာ ရှိနေပါတယ်။ အရင်နှစ်ကထက် ၁၀ ဦးတိုးလာခဲ့ပြီး မွန်ဘိုင်း ဘီလျံနာတွေရဲ့ စုစုပေါင်း ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၂၆၅ ဘီလျံ ဖြစ်ပါတယ်။

၇။ LONDON

လူဦးရေ ၁၄ သန်းကျော်နေထိုင်တဲ့ မြို့တော် လန်ဒန်ကတော့ ဒီစာရင်းရဲ့ သတ္တမ နေရာမှာ ရှိနေပါတယ်။ Alpha ++ အဆင့်သတ်မှတ်ခံထားရတဲ့ ကမ္ဘာ့မြို့ကြီး ၂ ခုအနက်က တခု ဖြစ်ပြီး နိုင်ငံရဲ့စုစုပေါင်းဝင်ငွေ ၄ ပုံ ၁ ပုံကို ဒီမြို့ ၁ မြို့တည်းရဲ့ စီပွားရေးလုပ်ငန်းတွေကနေ ရရှိနေတာ ဖြစ်ပါတယ်။

လန်ဒန်မှာ နေထိုင်တဲ့ ဘီလျံနာအရေအတွက်ကတော့ ၆၃ ဦးဖြစ်ပြီး အရင်နှစ်ကထက် ၇ ဦးတိုးလာခဲ့တာဖြစ်ပါတယ်။ သူတို့ထဲမှာ အကြွယ်ဝဆုံးသူကတော့ Access Industries လုပ်ငန်းစုကြီးတည်ထောင်သူ Len Blavatnik ဖြစ်ကာ သူ့ရဲ့ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၃၉.၅ ဘီလျံ ဖြစ်ပါတယ်။ လန်ဒန်ဘီလျံနာတွေရဲ့ စုစုပေါင်းကြွယ်ဝမှုကတော့ ၃၁၆.၁ ဘီလျံ ဖြစ်ပါတယ်။

၆။ SHANGHAI

တရုတ်ရဲ့ လူသိများတဲ့ စီးပွားရေးမြို့ကြီးတခုဖြစ်တဲ့ ရှန်ဟိုင်းကတော့ အရင်နှစ်ကထက်စာရင် ဘီလျံနာ ၁၈ ဦး တိုးလာခဲ့ပါတယ်။ လူဦးရေ ၂၄ သန်းကျော်နေထိုင်တဲ့ ရှန်ဟိုင်းဟာ တရုတ်ရဲ့အကြီးဆုံးမြို့ကြီးဖြစ်သလို စီးပွားရေး ၊ ကုန်သွယ်ရေးလုပ်ငန်းတွေရဲ့ အချက်အခြာကျတဲ့ မြို့ကြီးလည်းဖြစ်ပါတယ်။

ရှန်ဟိုင်းမှာတော့ ဘီလျံနာပေါင်း ၆၄ ဦးအထိ ရှိနေပါတယ်။ ရှန်ဟိုင်းဘီလျံနာတွေထဲမှာ စိုက်ပျိုးရေးနည်းပညာ အွန်လိုင်း ပလက်ဖောင်း Pinduoduo တည်ထောင်သူ Colin Huang က အချမ်းသာဆုံးဖြစ်ပြီး သူ့ရဲ့လက်ရှိ ကြွယ်ဝမှုကတော့ ၃၃.၆ ဘီလျံဖြစ်ပါတယ်။ ရှန်ဟိုင်းဘီလျံနာတွေရဲ့ စုစုပေါင်း ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၂၅၉.၆ ဘီလျံ ဖြစ်ပါတယ်။

၅။ SHENZHEN

ဒီစာရင်းရဲ့ ပဉ္စမနေရာမှာတော့ တရုတ်နဲ့ နောက်ထပ်မြို့ကြီးတမြို့ဖြစ်တဲ့ Shenzhen က ရပ်တည်နေပါတယ်။ လူဦးရေ ၁၇ သန်းကျော် နေထိုင်တဲ့ ဒီမြို့ဟာ နည်းပညာ ၊ သုတေသန ၊ ထုတ်လုပ်ရေး ၊ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေနဲ့ ထင်ရှားသလို နိုင်ငံရဲ့ အဓိကစီးပွားရေးဇုန်လည်း ဖြစ်ပါတယ်။

Shenzhen မှာတော့ ဘီလျံနာပေါင်း ၆၈ ဦးအထိ ရှိနေပြီး ဒါဟာ အရင်နှစ်ကထက်စာရင် ၂၄ ဦး တိုးလာခဲ့တာဖြစ်ပါတယ်။ ရှန်ဟိုင်းရဲ့အချမ်းသာဆုံးသူကတော့ နည်းပညာကုမ္ပဏီကြီး Tencent ရဲ့တည်ထောင်သူ Ma Huateng ဖြစ်ကာ သူ့ရဲ့လက်ရှိကြွယ်ဝမှုကတော့ ၄၇.၈ ဘီလျံ ဖြစ်ပါတယ်။ ရှန်ဟိုင်းဘီလျံနာတွေရဲ့ စုစုပေါင်း ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၄၁၅.၃ ဘီလျံ ဖြစ်ပါတယ်။

၄။ MOSCOW

ရုရှားနိုင်ငံရဲ့မြို့တော် မော်စကိုကတော့ ဒီစာရင်းရဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ ရုရှားရဲ့အကြီးမားဆုံးမြို့ဖြစ်ပြီး လူဦးရေ ၁၂ သန်းကျော် နေထိုင်ကာ စီးပွားရေးအနေနဲ့လည်း နိုင်ငံဝင်ငွေစုစုပေါင်းရဲ့ ၅ ပုံ ၁ ပုံ ကို ရရှိစေတဲ့ မြို့ကြီးလည်း ဖြစ်ပါတယ်။

မော်စကိုမှာတော့ စုစုပေါင်း ဘီလျံနာ ၇၉ ဦးအထိ ရှိနေပြီး အရင်နှစ်ကနဲ့ နှိုင်းယှဉ်ရင်တော့ ၉ ဦး တိုးလာခဲ့တာဖြစ်ပါတယ်။ မော်စကိုရဲ့ အချမ်းသာဆုံး ဘီလျံနာကတော့ စတီး နဲ့ သတ္တုတူးဖော်ရေးကုမ္ပဏီကြီး Severstal ရဲ့ အဓိကရှယ်ယာရှင် Alexei Mordashov ဖြစ်ပြီး သူ့ရဲ့ကြွယ်ဝမှုကတော့ ၂၉.၁ ဘီလျံ ဖြစ်ပါတယ်။ မော်စကို ဘီလျံနာတွေရဲ့ စုစုပေါင်း ကြွယ်ဝမှုကတော့ ၄၂၀.၆ ဘီလျံ ဖြစ်ပါတယ်။

၃။ HONG KONG

တရုတ် ရဲ့ အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဟောင်ကောင်ကတော့ အရင်နှစ်ကထက်စာရင် ဘီလျံနာ ၉ ဦး ထပ်တိုးလာခဲ့ပါတယ်။ လူဦးရေ ၇ သန်းကျော် နေထိုင်တဲ့ ဟောင်ကောင်ကတော့ အလွန်ကောင်းမွန်တဲ့ စီးပွားရေး ပိုင်ဆိုင်ထားသလို နိုင်ငံတကာ ငွေကြေးဈေးကွက်ကိုလည်း တည်ဆောက်ထားပါတယ်။

ဟောင်ကောင်မှာတော့ စုစုပေါင်း ဘီလျံနာ ဦးရေ ၈၀ ဦး အထိ ရှိနေပါတယ်။ သူတို့ထဲမှာ လူသိများတဲ့ သူဌေးကြီး လီကာရှင်းက အကြွယ်ဝဆုံးဖြစ်ပြီး လက်ရှိအချိန် သူ့ရဲ့ကြွယ်ဝမှုကတော့ ၃၁.၄ ဘီလျံ ဖြစ်ပါတယ်။ ဟောင်ကောင် ဘီလျံနာတွေရဲ့ စုစုပေါင်း ကြွယ်ဝမှုကတော့ ၄၄၈.၄ ဘီလျံအထိ ရှိနေပါတယ်။

၂။ NEW YORK CITY

တောက်လျှောက် ဘီလျံနာအများဆုံး ပထမ နေရာကို ရရှိခဲ့တဲ့ နယူးယောက်ဟာ ဒီနှစ်မှာတော့ ပထမ နေရာကို ဖယ်ပေးလိုက်ရပြီး ဒုတိယနေရာကို ရောက်ရှိသွားခဲ့ပါပြီ။ လူဦးရေ သန်း ၂၀ ဝန်းကျင်နေထိုင်ပြီး အမေရိကန်ရဲ့ အကြီးဆုံးမြို့ နဲ့ အဓိက စီးပွားရေးမြို့တော်ဖြစ်ပါတယ်။

နယူးယောက်မြို့ကြီးမှာ နေထိုင်တဲ့ စုစုပေါင်း ဘီလျံနာ အရေအတွက်ကတော့ ၉၉ ဦး ဖြစ်ပြီး ယခင်နှစ်ကထက်စာရင် ၇ ဦးသာ တိုးလာခဲ့ပါတယ်။ နယူးယောက်ဘီလျံနာတွေထဲမှာ အချမ်းသာဆုံးသူကတော့ အမေရိကန် နည်းပညာ နဲ့ မီဒီယာလုပ်ငန်းစုကြီး Bloomberg L.P. ကို တည်ထောင်သူ Michael Bloomberg ဖြစ်ကာ သူ့ရဲ့ကြွယ်ဝမှုကတော့ ဒေါ်လာ ၅၉ ဘီလျံ ဖြစ်ပါတယ်။ နယူးယောက် ဘီလျံနာတွေရဲ့ စုစုပေါင်း ကြွယ်ဝမှုကတော့ ၅၆၀ ဘီလျံ ဖြစ်ပါတယ်။

၁။ BEIJING

နယူးယောက်ကို ကျော်ဖြတ်ပြီး ဒီစာရင်းရဲ့ ပထမနေရာကို ရောက်သွားသူကတော့ တရုတ်နိုင်ငံရဲ့မြို့တော် Beijing ဖြစ်ပါတယ်။ ဟောင်ကောင်ကိုပါ ထည့်ရေတွက်လိုက်ရင် ဘီလျံနာအများဆုံး ၁၀ မြို့မှာ ၅ မြို့က တရုတ်နိုင်ငံ တခုတည်းက ဖြစ်နေတာကို တွေ့ရမှာပါ။ လက်ရှိအချိန်မှာတော့ လူဦးရေ ၂၁ သန်းကျော် နေထိုင်တဲ့ Beijing ဟာ စီးပွားရေးသာမက နယ်ပယ်ပေါင်းစုံမှာပါ ကမ္ဘာ့ထိပ်တန်းမြို့တမြို့အဖြစ် ရပ်တည်နေခဲ့ပါပြီ။

Beijing မှာနေထိုင်တဲ့ စုစုပေါင်း ဘီလျံနာဦးရေကတော့ ၁၀၀ ဦးဖြစ်ပြီး နယူးယောက်ကို ၁ ဦးအသာ နဲ့ ကပ်ပြီး ကျော်ဖြတ်သွားတာ ဖြစ်ပါတယ်။ ကပ်ရောဂါ ကာလအတွင်းမှာပဲ Beijing ဟာ စီးပွားရေး အလွန်တိုးတက်လာခဲ့ပြီး ယခင်နှစ်ကထက် ဘီလျံနာဦးရေ ၃၃ ဦးအထိ တိုးလာခဲ့တာကြောင့် ကမ္ဘာ့အဆင့် ၄ နေရာကနေ ၁ နေရာကို ခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။

Beijing ဘီလျံနာတွေထဲမှာ အကြွယ်ဝဆုံးသူကတော့ နည်းပညာ လုပ်ငန်းစုကြီး ByteDance တည်ထောင်သူ Zhang Yiming ဖြစ်ကာ သူ့ရဲ့ကြွယ်ဝမှုကတော့ ၃၅.၈ ဘီလျံ ဖြစ်ပါတယ်။ Beijing ဘီလျံနာစုစုပေါင်းရဲ့ ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၄၈၄.၃ ဘီလျံ ဖြစ်ပါတယ်။ တရုတ်ဟာ နိုင်ငံအနေနဲ့လည်း ဘီလျံနာ ၇၂၇ ဦးရှိတဲ့ အမေရိကန်ရဲ့နောက် ဒုတိယနေရာမှာ ဘီလျံနာဦးရေ ၆၉၈ ဦး နဲ့ ကပ်လိုက်လျက်ရှိပါတယ်။

( ဒီစာရင်းဟာ Forbes မဂ္ဂဇင်းရဲ့ 10 cities in the world with the most billionaires နဲ့ real time billionaires တို့ကို ကိုးကားထားတာဖြစ်ပါတယ်။ တရားဝင် ဖော်ပြထားတဲ့ အချက်အလက်တွေဖြစ်တာကြောင့် တရားမဝင် ချမ်းသာသူတွေကတော့ ဒီစာရင်းမှာ ပါဝင်မှာ မဟုတ်ပါဘူး )

Leave a Reply

Your email address will not be published. Required fields are marked *