” ဆယ်စုနှစ် တစ်ခုနီးပါး အနုပညာအလုပ်တွေလုပ်ရင်း ဖြတ်သန်းလာတာကြောင့် စိတ်ကူးယဉ်တာတောင် အလုပ်နဲ့တ်ပတ်သက်တာတွေပဲ စိတ်ကူးယဥ်မိတယ်ဆိုတဲ့အလင်းရောင်”

CeleChitThu ပရိသတ်ကြီးရေအလင်းရောင် လို့ဆိုလိုက်တာနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အားပေးကြမ်းမှုကတော့ ပြောစရာမလိုလောက်အောင်ပါပဲ။​ကိုရီးယားမင်းသားလေးလို ချောမောပြေပြစ်တဲ့မျက်နှာထားကိုပိုင်ဆိုင်ထားတဲ့အပြင် အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးတွေရဲ့အသည်းကျော်ဖြစ်နေရတာပါ။

အာဏာသိမ်းမှုမှာလည်း​ပြည်သူတွေရှေ့ကတပ်တအားပါဝင်ရပ်တည်ခဲ့တာဖြစ်ပြီးအခုချိန်ထိလည်း အနုပညာအလုပ်တွေကိုရပ်နားထားတာပါ။ ဒီနေ့မှာတော့ ” “Until We Meet Again”ဒီကာလမှာ အဆိုးထဲက အကောင်းပဲ ပြောရမလား အရင်ကထက် စာပိုဖတ်ဖြစ်လာတယ်။ ဇာတ်ညွှန်းက လွဲလို့ ကျန်တဲ့ စာအုပ်ဖတ်ဖို့ အားနည်းပြီး အချိန်မပေးဖြစ်ခဲ့တဲ့ ကျွန်တော့်အတွက် အကျိုးတစ်ခုပေါ့။ဒီရက်ပိုင်းဖတ်ဖြစ်တဲ့ စာအုပ်တွေထဲက တစ်အုပ်ကတော့ လူတိုင်းနီးပါး ဖတ်ဖူးတဲ့ ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူပါ။ စာအုပ်ပါအကြောင်းအရာကတော့ အထွေအထူး ပြောစရာမလိုတဲ့ ဒဿ သီတာ ရာမ တို့ ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဒဿနေရာကနေ ခံစားချက်အကြောင်း ဖွင့်ဟထားတာ ဖြစ်ပါတယ်။ စာအုပ်ဖတ်ရင်း တွေးမိတာက ဒီစာအုပ်ကိုများ ရုပ်ရှင် အဖြစ်အသက်သွင်းခဲ့ရင် ဆိုတဲ့ အတွေးနဲ့ပါ စိတ်ကူးယဉ်မိတယ်။

စာမျက်နှာ တစ်ရွက်ကုန်တိုင်း scenes တွေပါခွဲမြင်ပြီး ဘယ်နားတော့ ဘယ်လိုလေးဆိုတာမျိုး စာဖတ်ရင်း ကျွန်တော်သာ ဒီထဲက ကာရိုက်တာအနေနဲ့ များ သရုပ်ဆောင်ရရင် ဘယ်လိုတော့ သရုပ်ဆောင်ချင်တယ်ဆိုတာမျိုး အတွေးထဲမှာ အိမ်ဆောက်မိနေတော့တာပါပဲ။ ဘာရယ်မဟုတ်ပါဘူး အရင်လို ပရိတ်သတ်တွေနဲ့ မတွေ့ရ စကားမပြောဖြစ်တော့ ဒီနေ့ တော့ ကျွန်တော် ဒီရက်ပိုင်း စာဖတ်ဖြစ်နေပါတယ်ဆိုတာ လာပြောပြတာပါ။ ဆယ်စုနှစ် တစ်ခုနီးပါး အနုပညာအလုပ်တွေလုပ်ရင်း ဖြတ်သန်းလာတော့ စာအုပ်ဖတ်ရင်း စိတ်ကူးယဉ်တာတောင် ဒီအလုပ်နဲ့ ပတ်သတ်တာတွေပဲပေါ့။တနေ့နေ့တော့ အနုပညာအလုပ်တွေ ပြန်ပြီး လုပ်ကိုင်ချင်ပါသေးတယ်။
အားလုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေuntil we meet again ”ဆိုတဲ့စာလေးနဲ့ ရင်ဖွင့်စကားပြောလာခဲ့တာပါ။ CrleChitThu ပရိသတ်ကြီးလည်း အလင်းရောင်တစ်ယောက် အမြန်ဆုံးအနုပညာ အလုပ်တွေပြန်လုပ်နိုင်ဖို့ ဆုတောင်းပေးခဲ့ပါဦးနော်။


Source : ALinnYaung
Candy –CeleChitThu



 



Source : ALinnYaung
Candy –CeleChitThu

Leave a Reply

Your email address will not be published. Required fields are marked *