” ရရှိခဲ့တဲ့အလှူငွေသိန်း၃၀ကို ရေသန့်ရောင်းတဲ့ အဖွားဒေါ်ညွှန့်ရီကို ၁၉သိန်းအပြင် လိုအပ်နေတဲ့ဘိုးဘွားတွေအတွက် ၁၁သိန်း ကိုခွဲဝေလှူဒါန်းခဲ့တဲ့ နေဝင်းနဲ့အိမ့်ချစ်ချော”
CeleChitThu ပရိသတ်ကြီးရေနေဝင်းလို့ပြောလိုက်တာနဲ့ ချစ်စရာဇနီးချောလေး ဖြစ်တဲ့ ခရီးသွားဘလော့ဂါမလေး အိမ့်ချစ်ချောကိုအတူတူ တွဲမြင်ကြမယ်ထင်ပါတယ်နော်။ သူမတို့ ဇနီးမောင်နှံကတော့ ၁၀နှစ်ကျော်ကြာအောင် ချစ်သူဘဝနဲ့ဖြတ်သန်းခဲ့ ပြီး လက်မှတ်ရေးထိုးကာ လက်ထပ်ဖြစ်ခဲ့ကြတာပါ။
ဒီနေ့မှာတော့”ဒီနေ့ချောဦးဆောင်ပြီး ကောက်ထားတဲ့အလှူငွေ သိန်း ၃၀ ကို လှူခဲ့ပါတယ် 🙏🙏အစကတော့ ရေသန့်ရောင်းတဲ့ အဖွားဒေါ်ညွှန့်ရီအတွက်ဆိုပြီး ကောက်ထားပေမယ့် အလှူငွေကမထင်မှတ်ပဲများသွားတော့ အဖွားလိုဘဝတူ အဖိုးအဖွားတွေကိုလည်း ခွဲပြီးလှူဖြစ်ခဲ့တယ် 💙အဖွားဒေါ်ညွှန့်ရီကတော့ သူအိမ်ပိုင်လေးလည်းရပြီ၊ အကြွေးလည်းမရှိတော့ဘူးဆိုတော့ ရေသန့်မရောင်းပဲ အိမ်ရှေ့မှာ အသားတုတုတ်ထိုးလေးတွေရောင်းဖို့ အရင်း ၁ သိန်း ရယ်… လာမယ့် ၂၀၂၂ -၁ လပိုင်းကနေ ၁ နှစ်ခွဲတိတိ လစဉ် တစ်လတစ်သိန်း နဲ့ ၁၈ သိန်း ထောက်ပံ့ပေးဖို့ စီစဉ်ခဲ့တယ် (တလတခါအဖွားကို ချောတို့ကိုယ်တိုင်ပေးမယ်ဆိုတာလည်းပြောခဲ့ပါတယ်)
ကျန်တဲ့ ၁၁ သိန်းကတော့ ကိုပူတူးရဲ့အကူအညီနဲ့ လိုက်လှူခဲ့ပါတယ် (တစ်နေ့လုံးလိုက်ပို့ပေးတဲ့အကိုပူတူးကိုလည်း ကျေးဇူးတင်ပါတယ်)ဖွားကြည်ကြည်ဟံ- ၁သိန်း ၈ သောင်းဖွားချော – ၁ သိန်းညီအကိုအဖိုး ၂ ယောက် -၁ သိန်းဖွားငါးရာ- ၁ သိန်းဖွားခင်ညွှန့် -၁ သိန်း
ဖွားစိန်မြ- ၁ သိန်း ညီအမဖွား ၃ ယောက် – ၂ သိန်း ၅ သောင်းထူပါရုံ ၂၀ လမ်းကအဖိုး – ၁ သိန်း ငွေသားလဲတဲ့ % နဲ့ သိန်း ၃၀ ပြည့်ဖို့လိုတဲ့အစွန်းထွက်လေးကို ချောကပဲ ထပ်လှူပြီး ကျန်ငွေ ၇ သောင်းကိုလည်း ထပ်လှူပြီးရင် ဒီပိုစ့်အောက်မှာထပ်တင်ပေးမယ်နော် 💙ချောနဲ့တူတူလှူပေးကြတဲ့ အယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်ရှင့် 🙏မြန်မာနိုင်ငံကြီး အမြန်ဆုံးအေးချမ်းရပါစေ 😔””ဆိုတဲ့စာလေးနဲ့အတူ ကြည်နူးပီတိဖြစ်ကာမုဒိတာပွားနိုင်မယ့်အလှူပုံရိပ်တွေကိုတင်လာခဲ့တာပါ။ CeleChitThu ပရိသတ်တွေလည်း အိမ့်ချ်ချောရဲ့အလှူအတွက်သာဓုခေါ်ခဲ့ပါဦးနော်။
Source: Eainy Chit Chaw
Candy – CeleChitThu
Source: Eainy Chit Chaw
Candy – CeleChitThu
Leave a Reply
Your email address will not be published. Required fields are marked *