“ထိုင်းမှာဇာတ်ကားရိုက်နေတုန်း အာဏာရူးတွေနိုင်ငံဖျက်လိုက်လို့ မြန်မာပြည်မှာလာရိုက်မယ် ဇာတ်ဝင်ခန်းတွေအားလုံး ပျက်စီးခဲ့ရတယ်ဆိုတဲ့ဒေါင်း”

CeleChitThu ပရိသတ်ကြီးရေ ဒေါင်းလို့ပြောလိုက်တာနဲ့ အခုချိန်မှာပြည်သူကျား၊မ မရွေးအသက်အရွယ်မရွေးအားပေးဝန်းရံနေရတဲ့ အနုပညာရှင်တစ်ဦးလို့ဆိုရမှာပါ။လက်ရှိဖြစ်ပေါ်နေတဲ့စစ်အာဏာသိမ်းမှုအပေါ် ဒေါင်းကတော့ ပြည်သူတွေရဲ့ရှေ့ဆုံးကနေမားမားမတ်မတ်ရပ်တည်ကာ ဆန့်ကျင်ဆန္ဒပြလျက်ရှိတာပါ။


ပုဒ်မ၅၀၅ ထုတ်ခံထားရမှုကြောင့် သူ့အနေနဲ့ထိုင်းမှာရိုက်ကူးရေးပြီးစီးပေမယ့်လည်းပြန်လာလို့မရသေးတဲ့အခြေအနေပါ။ ပြန်လာခွင့်မရှိပေမယ့်လည်း ရတဲ့ဘက်ကပြည်သူ​ေတွနဲ့ တသားတည်းရပ်တည်ကာအာဏာရှင်ကိူတွန်းလှန်နေတာပါ။ လာမယ့်ဇန်နဝါရီလမှာ ထိုင်းမှာရိုက်ကူးခဲ့တဲ့ဇာတ်ကားစတင်ပြသတော့မှာဖြစ်ပြီးသူ့အနေနဲ့ရည်ရွယ်ချက်တွေ အများကြီးပျက်စီးခဲ့ရကြောင်းကိုပြောပြခဲ့တာပါ။


” ဒီဇာတ်ကားရိုက်နေတုန်း အာဏာရူးတွေနိုင်ငံဖျက်လိုက်တော့ အနုပညာအရ နှစ်နိုင်ငံရဲ့ခမ်းနားတဲ့အရာတွေ၊နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတွေ၊အနုပညာ နှင့်ငြိမ်းချမ်းခြင်းတွေ ကို ဒါရိုက်တာပီးနတ်နဲ့အတူ ကြိုးစားလုပ်ဖို့ စိတ်ကူးခဲ့ပေမယ့် အရာအားလုံးပျက်ဆီးသွားခဲ့ရတယ် ။ကိုယ့်နိုင်ငံနဲ့ပက်သက်လို့ ဘာတခုမှ လာရိုက်လို့မရတော့ဘူး ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကိုပဲ တာဝန်အပြည့်ယူကြပြီး ကြိုးစားခဲ့ကြရတယ်။ဘာပဲဖြစ်ဖြစ် အကောင်းဆုံးကြိုးစားခဲ့ကြပါတယ် ။(မြန်မာပြည်မှာလာရိုက်မယ် ဇာတ်ဝင်ခန်းတွေအားလုံး ဘာတခုမှ မရိုက်လိုက်ရတော့ဘူး)”ဆိုတဲ့ စာလေးနဲ့ ပြောပြခဲ့တာပါ။


Source-Daung -ဒေါင်း
Candy -CeleChitThu

“ထိုင္းမွာဇာတ္ကား႐ိုက္ေနတုန္း အာဏာ႐ူးေတြႏိုင္ငံဖ်က္လိုက္လို႔ ျမန္မာျပည္မွာလာ႐ိုက္မယ္ ဇာတ္ဝင္ခန္းေတြအားလုံး ပ်က္စီးခဲ့ရတယ္ဆိုတဲ့ေဒါင္း”

CeleChitThu ပရိသတ္ႀကီးေရ ေဒါင္းလို႔ေျပာလိုက္တာနဲ႔ အခုခ်ိန္မွာျပည္သူက်ား၊မ မေ႐ြးအသက္အ႐ြယ္မေ႐ြးအားေပးဝန္းရံေနရတဲ့ အႏုပညာရွင္တစ္ဦးလို႔ဆိုရမွာပါ။လက္ရွိျဖစ္ေပၚေနတဲ့စစ္အာဏာသိမ္းမႈအေပၚ ေဒါင္းကေတာ့ ျပည္သူေတြရဲ႕ေရွ႕ဆုံးကေနမားမားမတ္မတ္ရပ္တည္ကာ ဆန္႔က်င္ဆႏၵျပလ်က္ရွိတာပါ။

ပုဒ္မ၅၀၅ ထုတ္ခံထားရမႈေၾကာင့္ သူ႔အေနနဲ႔ထိုင္းမွာ႐ိုက္ကူးေရးၿပီးစီးေပမယ့္လည္းျပန္လာလို႔မရေသးတဲ့အေျခအေနပါ။ ျပန္လာခြင့္မရွိေပမယ့္လည္း ရတဲ့ဘက္ကျပည္သူ​ေတြနဲ႔ တသားတည္းရပ္တည္ကာအာဏာရွင္ကိူတြန္းလွန္ေနတာပါ။ လာမယ့္ဇန္နဝါရီလမွာ ထိုင္းမွာ႐ိုက္ကူးခဲ့တဲ့ဇာတ္ကားစတင္ျပသေတာ့မွာျဖစ္ၿပီးသူ႔အေနနဲ႔ရည္႐ြယ္ခ်က္ေတြ အမ်ားႀကီးပ်က္စီးခဲ့ရေၾကာင္းကိုေျပာျပခဲ့တာပါ။

” ဒီဇာတ္ကား႐ိုက္ေနတုန္း အာဏာ႐ူးေတြႏိုင္ငံဖ်က္လိုက္ေတာ့ အႏုပညာအရ ႏွစ္ႏိုင္ငံရဲ႕ခမ္းနားတဲ့အရာေတြ၊ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈေတြ၊အႏုပညာ ႏွင့္ၿငိမ္းခ်မ္းျခင္းေတြ ကို ဒါ႐ိုက္တာပီးနတ္နဲ႔အတူ ႀကိဳးစားလုပ္ဖို႔ စိတ္ကူးခဲ့ေပမယ့္ အရာအားလုံးပ်က္ဆီးသြားခဲ့ရတယ္ ။ကိုယ့္ႏိုင္ငံနဲ႔ပက္သက္လို႔ ဘာတခုမွ လာ႐ိုက္လို႔မရေတာ့ဘူး ျဖစ္ခ်င္တာေတြထက္ ျဖစ္သင့္တာေတြကိုပဲ တာဝန္အျပည့္ယူၾကၿပီး ႀကိဳးစားခဲ့ၾကရတယ္။ဘာပဲျဖစ္ျဖစ္ အေကာင္းဆုံးႀကိဳးစားခဲ့ၾကပါတယ္ ။(ျမန္မာျပည္မွာလာ႐ိုက္မယ္ ဇာတ္ဝင္ခန္းေတြအားလုံး ဘာတခုမွ မ႐ိုက္လိုက္ရေတာ့ဘူး)”ဆိုတဲ့ စာေလးနဲ႔ ေျပာျပခဲ့တာပါ။

Source-Daung -ေဒါင္း
Candy -CeleChitThu

Leave a Reply

Your email address will not be published. Required fields are marked *