” အင်တာနေရှင်နယ် အနုပညာရှင်စုံတွဲတွေလိုမျိုး အမိုက်စားစုံတွဲပုံရိပ်တွေကို ချစ်သူသက်တမ်း၆နှစ်ပြည့်အနေနဲ့အမှတ်တရရိုက်ကူးခဲ့တဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦး”

CeleChitThu ပရိသတ်ကြီးရေ ဝါဆိုမိုးဦးကတော့ အရွယ်ရောက်လာတာနဲ့အမျှတစ်သွေးတစ်မွှေးပိုပိုလှလာတဲ့ မင်းသမီးလေးပါပဲနော်။ အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားပြီး အမြဲ Gymကစားကာ ခန္ဓာကိုယ်ကို ထိန်းသိမ်းတတ်တဲ့ မင်းသမီးတစ်လက်ပါပဲနော်။


အမြဲ လိုလို ခန္ဓာကိုယ်အချိုးအစားနဲ့လိုက်ဖက်တဲ့ ဖက်ရှင်ကျကျ အဝတ်အစားတွေကိုဝတ်ဆင်လေ့ရှိပြီး အင်တာနေရှင်နယ် ဆန်တဲ့ အမိုက်စားပုံရိပ်တွေကိုမကြာမကြာ ​ဆိုရှယ်မီဒီယာပေါ်ဝေမျှလေ့ရှိတာပါ။ လက်ရှိမှာ သူမရဲ့အချစ်ရေးကတော့ Snare အဖွဲ့အဆိုတော် ဖြိုးလေးနဲ့ ဖြစ်ပြီး ​ပရိသတ်တွေအထူးအားပေးဝန်းရံကြတဲ့ အနု ပညာရှင်စုံတွဲတွေထဲက တစ်တွဲ​ပါပဲနော်။


ဒီနေ့မှာတော့ သူတို့ချစ်သူနှစ်ဦးရဲ့ ချစ်သူသက်တမ်း၆နှစ်ပြည့်အနေနဲ့ ရိုက်ကူးထားတဲ့ပုံလေးတွေကိုချပြကာ”ဝါဆိုတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်း၆နှစ်ပြည့်အမှတ်တရအနေနဲ့ရိုက်ထားတဲ့ပုံလေးတွေပါ happy 6th anniversary ❤️❤️❤️Phyo Layy10.12.2021”ဆိုတဲ့ စာလေးနဲ့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတင်လာခဲ့တာပါ။
တကယ့်ကိုအင်တာနေရှင်နယ် အနုပညာရှင်စုံတွဲတွေလိုမျိုး အမိုက်စားစုံတွဲပုံရိပ်တွေကိုCeleChitThuပရိသတ်ကြီးအ​တွက်တင်ပေးလိုက်ပါတယ်။

Source : Warso Moe Oo
Candy -CeleChitThu





Source : Warso Moe Oo
Candy -CeleChitThu

Leave a Reply

Your email address will not be published. Required fields are marked *