” မရောက်သေးတဲ့ဇန်နဝါရီလတစ်လလုံးအတွက်Live saleအချိန်တွေပြည့်သွားခဲ့ပြီဖြစ်ကြောင်း ပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်”

CeleChitThu ပရိသတ်ကြီးရေ ဇာတ်ပို့ဇာတ်ရန်တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ကျရာဇာတ်ကောင်ကို ဟာသဖြစ်ဖြစ်အကြမ်းအရမ်းဖြစ်ဖြစ် မင်းသားမင်းသမီးတွေရဲ့ ဘေးကနေ ဝိုင်းဝန်းပံ့ပိုးပေးတတ်တဲ့ ဇာတ်ရံကောင်းတစ်ဦးလို့ဆိုရမှာပါ။ မကြာသေးမီကလည်း နောက်ထပ်သားလေးကိုမွေးဖွားထားသူပါ။


နှိုင်းယှဉ်ကတော့ အာဏာစသိမ်းထဲကပြည်သူဘက်ကရပ်တည်ခဲ့တဲ့သူပါ။သူမအနေနဲ့ live saleလေးတွေ ပြန်လည်ပြုလူပ်လျက်ရှိရာ ဒီနေ့မှာတော့”1လပိုင်းအတွက် ရက်များကုန်🙏”ဆိုတဲ့စာလေးနဲ့ အခုကျရောက်နေတဲ့ ဒီဇင်ဘာလ အပြင် လာမယ့် ဇန်နဝါရီ လအတွက်ပါ သူမရဲ့live saleပြုလုပ်ရမယ့်အချိန်ဇယားပြည့်နေပြီဖြစ်ကြောင်းပြောပြခဲ့တာပါ။

အနုပညာအလုပ်တွေရပ်ထားပေမယ့်လည်းအနုပညာရှင်ကြီးတွေထက်တောင် ပိုပြီးlive sale
တွေ ပြုလုပ်နေရတဲ့ နှိုင်းယှဉ်ကတော့ မရောက်သေးတဲ့ ၁လပိုင်းအထိအချိန်ဇယားတွေပြည့်နေတာတော့ တကယ့်ကို အံ့သြစရာပါပဲနော်။


Source: Nhying Shin
Candy – CeleChitThu





Source: Nhying Shin
Candy – CeleChitThu

 

 

Leave a Reply

Your email address will not be published. Required fields are marked *