” ဒီဇင်ဘာ (၅) ရက်နေ့က ကြည့်မြင်တိုင်မှာ လူငယ်တွေကျဆုံးမှုကို ရည်စူးပြီး ချိုးဖောက်ခံထားရတဲ့ လူအခွင့်အရေးတွေပြန်လည်ရရှိဖို့ နဲ့တန်းတူညီိမျှခြင်းတွေအတွက် “လူ့အခွင့်အ​ရေး မလွတ်လပ်တဲ့ ဌက်ငယ်​လေး” ပုံစံကို Macrame လေးထိုးကာ ဖန်တီးပုံဖော်ခဲ့တဲ့ချစ်သုဝေ”

CeleChitThu ပရိသတ်ကြီးရေ အနုပညာရှင်များစွာဟာဖေဖော်ဝါရီ၁ရက်နေ့နောက်ပိုင်းကစပြီး
ပြည်သူတွေနဲ့ဆန္ဒပြဖော်ထုတ်မှုတွေဆက်တိုက်လုပ်ဆောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဆန္ဒပြဖော်ထုတ်မှုတွေကြောင့်ပုဒ်မ(၅၀၅)ထုတ်ခဲ့ရတဲ့အနုပညာရှင်များစွာရှိပြီး ဖမ်းဆီချုပ်နှောင်ခံရထားတဲ့အနုပညာရှင်များစွာလည်းရှိပါတယ်။


ချစ်သုဝေဟာဆိုရင်လည်း ခင်ပွန်းသည်လင်းလင်းနဲ့အတူ ပုဒ်မ (၅၀၅)အထုတ်ခံခဲ့ရတဲ့အပြင်
အခုချိန်ထိ ရှောင်တိမ်းနေရဆဲ ဖြစ်ပေမယ့် ပြည်သူ့တော်လှန်ရေးတွေမှာ နိုင်တဲ့ဘက်ကအတတ်နိုင်ဆုံးပါဝင်နေခဲ့တာပါ။ဒီနေ့မှာလည်း”ဒီဇင်ဘာ (၅) ရက်နေ့က ကြည့်မြင်တိုင်မှာ လူငယ်တွေကျဆုံးမှုကို ရည်စူးပီး အဲ့နေ့ညမှာပဲ အဆိုတော်/သရုပ်ဆောင် ချစ်သုဝေက “လူ့အခွင့်အ​ရေး မလွတ်လပ်တဲ့ ဌက်ငယ်​လေး” ပုံစံကို Macrame လေးထိုးထားပါတယ်။ ချိုးဖောက်ခံထားရတဲ့ လူအခွင့်အရေးတွေပြန်လည်ရရှိဖို့ နဲ့တန်းတူညီိမျှခြင်းတွေအတွက် ဒီဇင်ဘာ (၅) ရက်နေ့က အမှတ်တရဖန်တီးထားတဲ့ မချစ်သုဝေ လက်မှတ်ပါတဲ့ ဒီ Macrame​ လေးကို လက်မှတ်တစ်စောင် (၅,၀၀၀) ကျပ်နှုန်းနဲ့ အခုကစလို့ (၃)ရက်တိတိ ၁၃.၁၂.၂၀၂၁ ညနေအထိ ရောင်းပေးချင်ပါတယ်။ မက်ဆေ့ကနေ ဝယ်ယူနိုင်ပါပြီ။

ပထမဆုံး Treza’smacrame Project ကနေရရှိလာတဲ့ ရန်ပုံငွေအကုန်လုံးကို စစ်ဘေးရှောင်ဒေသက ကလေးငယ်တွေရဲ့ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုအတွက် အကုန်လုံး လှူဒါန်းသွားမှာပါ။ လက်မှတ်များများကို မြန်မြန်ရောင်းရအောင် အားပေးနိုင်သလို ကူညီပီးလည်း Share ပေးနိုင်ပါတယ်။ကံထူးရှင်ကို Live လွှင့်ပြီး ရွေးချယ်ပေးသွားမှာပါ။ ”ဆိုတဲ့ သတင်းထူးလေးကို ကိုဇေယျာထွန်းအကောင့်ကဖော်ပြခဲ့တာပါ။
CeleChitThu ပရိသတ်​ေ​တွလည်းချစ်သုဝေရဲ့Treza’smacrameလက်မှတ်လေးကိုဝယ်ယူအားပေးကြဖို့တိုက်တွန်းလိုက်ပါတယ်နော်။

Source :ChitThuWai
Candy – Cele​ChitThu

” ဒီဇင္ဘာ (၅) ရက္ေန႔က ၾကည့္ျမင္တိုင္မွာ လူငယ္ေတြက်ဆုံးမႈကို ရည္စူးၿပီး
ခ်ိဳးေဖာက္ခံထားရတဲ့ လူအခြင့္အေရးေတြျပန္လည္ရရွိဖို႔ နဲ႔တန္းတူညီိမွ်ျခင္းေတြအတြက္
“လူ႔အခြင့္အ​ေရး မလြတ္လပ္တဲ့ ဌက္ငယ္​ေလး” ပုံစံကို Macrame ေလးထိုးကာ ဖန္တီးပုံေဖာ္ခဲ့တဲ့ခ်စ္သုေဝ”

CeleChitThu ပရိသတ္ႀကီးေရ အႏုပညာရွင္မ်ားစြာဟာေဖေဖာ္ဝါရီ၁ရက္ေန႔ေနာက္ပိုင္းကစၿပီး
ျပည္သူေတြနဲ႔ဆႏၵျပေဖာ္ထုတ္မႈေတြဆက္တိုက္လုပ္ေဆာင္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ဆႏၵျပေဖာ္ထုတ္မႈေတြေၾကာင့္ပုဒ္မ(၅၀၅)ထုတ္ခဲ့ရတဲ့အႏုပညာရွင္မ်ားစြာရွိၿပီး ဖမ္းဆီခ်ဳပ္ေႏွာင္ခံရထားတဲ့အႏုပညာရွင္မ်ားစြာလည္းရွိပါတယ္။

ခ်စ္သုေဝဟာဆိုရင္လည္း ခင္ပြန္းသည္လင္းလင္းနဲ႔အတူ ပုဒ္မ (၅၀၅)အထုတ္ခံခဲ့ရတဲ့အျပင္
အခုခ်ိန္ထိ ေရွာင္တိမ္းေနရဆဲ ျဖစ္ေပမယ့္ ျပည္သူ႔ေတာ္လွန္ေရးေတြမွာ ႏိုင္တဲ့ဘက္ကအတတ္ႏိုင္ဆုံးပါဝင္ေနခဲ့တာပါ။ဒီေန႔မွာလည္း”ဒီဇင္ဘာ (၅) ရက္ေန႔က ၾကည့္ျမင္တိုင္မွာ လူငယ္ေတြက်ဆုံးမႈကို ရည္စူးပီး အဲ့ေန႔ညမွာပဲ အဆိုေတာ္/သ႐ုပ္ေဆာင္ ခ်စ္သုေဝက “လူ႔အခြင့္အ​ေရး မလြတ္လပ္တဲ့ ဌက္ငယ္​ေလး” ပုံစံကို Macrame ေလးထိုးထားပါတယ္။ ခ်ိဳးေဖာက္ခံထားရတဲ့ လူအခြင့္အေရးေတြျပန္လည္ရရွိဖို႔ နဲ႔တန္းတူညီိမွ်ျခင္းေတြအတြက္ ဒီဇင္ဘာ (၅) ရက္ေန႔က အမွတ္တရဖန္တီးထားတဲ့ မခ်စ္သုေဝ လက္မွတ္ပါတဲ့ ဒီ Macrame​ ေလးကို လက္မွတ္တစ္ေစာင္ (၅,၀၀၀) က်ပ္ႏႈန္းနဲ႔ အခုကစလို႔ (၃)ရက္တိတိ ၁၃.၁၂.၂၀၂၁ ညေနအထိ ေရာင္းေပးခ်င္ပါတယ္။ မက္ေဆ့ကေန ဝယ္ယူႏိုင္ပါၿပီ။

ပထမဆုံး Treza’smacrame Project ကေနရရွိလာတဲ့ ရန္ပုံေငြအကုန္လုံးကို စစ္ေဘးေရွာင္ေဒသက ကေလးငယ္ေတြရဲ႕ က်န္းမာေရးဆိုင္ရာေစာင့္ေရွာက္မႈအတြက္ အကုန္လုံး လႉဒါန္းသြားမွာပါ။ လက္မွတ္မ်ားမ်ားကို ျမန္ျမန္ေရာင္းရေအာင္ အားေပးႏိုင္သလို ကူညီပီးလည္း Share ေပးႏိုင္ပါတယ္။ကံထူးရွင္ကို Live လႊင့္ၿပီး ေ႐ြးခ်ယ္ေပးသြားမွာပါ။ ”ဆိုတဲ့ သတင္းထူးေလးကို ကိုေဇယ်ာထြန္းအေကာင့္ကေဖာ္ျပခဲ့တာပါ။
CeleChitThu ပရိသတ္​ေ​တြလည္းခ်စ္သုေဝရဲ႕
Treza’smacrameလက္မွတ္ေလးကိုဝယ္ယူအားေပးၾကဖို႔တိုက္တြန္းလိုက္ပါတယ္ေနာ္။

Source :ChitThuWai
Candy – Cele​ChitThu

Leave a Reply

Your email address will not be published. Required fields are marked *