“စိန်တွေဝန်းရံထားတဲ့ ပတ္တမြားလက်စွပ်၂ကွင်းကို မိဘနှစ်ပါးအား စုဆောင်းထားသမျှလုပ်အားခတွေစုပြီးဝယ်ပေးနိုင်ခဲ့လို့ မျက်ရည်ကျရလောက်တဲ့ထိပျော်ရွှင်နေတဲ့မေနွယ်ထွန်း”
CeleChitThu ပရိသတ်ကြီးရေ မေနွယ်ထွန်းကတော့ ပရိသတ်တွေချစ်ခင်ရတဲ့ အနုပညာရှင်အမျိုးသမီးတွေထဲကတစ်ယောက်ပါ။ အမြဲပျော်ပျော်နေတတ်ကာ စနောက်တတ်တဲ့ မေနွယ်ထွန်းကို အနုပညာမောင်နှမတွေကလည်းချစ််ခင်လျက်ရှိတာပါ။
ဒီနေ့မှာတော့ သူမအနေနဲ့ ကျောက်မျက်ရတနာ live sakeလေးတွေပြုလုပ်တိုင်း မိဘနှစ်ပါးကို ဝယ်ပေးချင်ခဲ့တဲ့ ဆန္ဒတွေပြည့်ဝခဲ့ပြီဖြစ်ကြောင်းကို”ဒီနေ့တော့ ဘဝမှာ မျက်ရည်ကျရလောက်အောင်အပျော်ဆုံးနေ့ပါပဲ။😥🤍
ကျမ သူများတွေလို မသုံးနိုင်ခဲ့ဘူး Brand တွေမဝယ်ပဲဆုခဲ့ရတယ်။ ဘာလို့မဝယ်နိုင်လဲဆို ကျမကားလေး လဲချင်ခဲ့တာ။ ကားက ကောင်းပေမဲ့ သေးတော့ရန်ကုန်သွားရင် အိတ်တွေမဆံ့လို့ ကားဂိတ်ကနေ တဆင့်အရင်ပို့ ရန်ကုန်ရောက်တာနဲ့ အောင်မင်္ဂလာမှာ ပြန်သွားရွေးရတဲ့ ဒုက္ခ ခရီးဝေးသွားရတာ သိပ်အစဉ်မပြေလို့ပါ။
အဖေနဲ့အမေနဲ့ကို ရတနာတွေရောင်းတိုင်း အမြဲဝယ်ပေးချင်ခဲ့တယ် ။ ကျမကားဝယ်ဖို့ နောက်မှဝယ်လဲရတယ်လေကျမလိုချင်တဲ့ ရတနာလေးလဲ မဝယ်တော့ပဲသူတို့အတွက် ပတ္တမြားနဲ့ စိန်လက်စွပ်လေး စဉ်တူအခု ကတော့နိုင်ခဲ့ပြီ။အံ့ဩဖို့ကောင်းတာက သူတို့လက်တိုင်းတွေ ကွက်တိကိုဖြစ်နေတာပါပဲ။ပိုက်ဆံလဲ ဆုထားတာ ကုန်သလောက်ဖြစ်သွားပြီ😀ါပေမဲ့လဲ ကျမပြန်ရှာလို့ရတယ်။ အဖေတို့ဝမ်းသာပြီးပျော်နေတာမြင်ရတာ ကျမအတွက် ဘာနဲ့မှလဲလို့မရလို့ပင်ပန်းပါစေ ထပ်ကြိုးစားရှာပြီးမှ ကိုလိုချင်တဲ့ရတနာလေးတွေ ကားလေးရယ် ဝယ်ပါတော့မယ်သူတို့ အရမ်းကြိုက်ပြီး ဝမ်းသာနေကြတာကြည့်ပြီးပျော်လွန်းလို့ ဒီ post လေးတင်ပါရစေနော်။နားလည်ပေးပါရှင်🤍🤍🤍❤️❤️❤️❤️”ဆိုပြီးသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်လာခဲ့တာ​ပါ။ CeleChitThuပရိသတ်တွေကိုလည်းမေနွယ်ထွန်းရဲ့အပျော်တွေကူးစက်စေဖို့ တင်ပေးလိုက်ပါတယ်။
Source- M​ay Nwe Htun
Candy-CeleChitThu
Source- M​ay Nwe Htun
Candy-CeleChitThu
Leave a Reply
Your email address will not be published. Required fields are marked *