” ဆားလင်းကြီးမြို့နယ်ဒုန်းတောကျေးရွာမှ ရွာသား၁၁ဦး မီးရှို့ခံရမှုသတင်းကြောင့်ရင်ထဲမချိအောင်ခံစားခဲ့ရတယ်ဆိုတဲ့ ဟန်နာယူရီ”

CeleChitThu ပရိသတ်ကြီးရေ ဟန်နာယူရီလေးကတော့ မိတ်ကပ် ဖန်တီးမှုပညာကို နိုင်ငံခြားမှာတက်ရောက်ခဲ့တဲ့သူတစ်ယောက်ပါ။ကိုရီးယားမလေးလိုချစ်စရာကောင်းတဲ့ ဟန်နာယူရီလေးကတော့ အာဏာသိမ်းချိန်ကစပြီးအလုပ်တွေရပ်တန့်ကာ ပြည်သူတွေနဲ့ပါဝင်ခဲ့တာပါ။အခုချိန်မှာ သူမကတော့ကိုရီးယားမှာရောက်ရှိနေပေမယ့်လည်း သူမဟာအဘက်ဘက်က ရရင်ရသလို တော်လှန်ရေးမှာပါဝင်အကျိုးပြုနေသူတစ်ယောက်ပါ။


ဒီနေ့မှာတော့ ဆားလင်းကြီးမြို့နယ်ဒုန်းတောကျေးရွာမှ ရွာသား၁၁ဦး မီးရှို့ခံရမှုဟာ စသ်ကောင်စီရဲ့လက်ချက်ဖြစ်ပြီး ပြည်သူတွေဟာ ကျရှုံးတဲ့ပြည်သူတွေအတွက်ဝမ်းနည်းပူဆွေးသောကရောက်လျက်ရှိနေကြတာပါ။ဝမ်းနည်းတုန်လှုပ်သူတွေထဲမှာဟန်နာယူရီလာ်းပါဝင်ပြီး”ဘယ်လိုလူမဆန်တဲ့စိတ်ဓါတ်တွေနဲ့လုပ်ရက်ကြလည်းမသိဘူး။Twitter သတင်းတင်ဖို့ကြည့်ရင်းအဲ့သတင်းတက်လာတာစားနေတဲ့ပေါင်မုန့်မီးကင်လည်းဆက်မစားနိုင်တော့ဘူး လူလည်းပျော့ခွေသွားတာပဲ ရင်ထဲမချိမဆန့်လိုက်တာ 😭😭😭”ဆိုတဲ့စာလေးနဲ့သူမရဲ့ခံစားချက်ကိုထုတ်ဖော်ပြောလာတာပါ။

အရှင်လတ်လတ်မီးရှို​့ခံရတဲ့ခံစားချက်ကိုတွေးကြည့်ရုံတင် ရင်ထဲမချိအောင်ခံစားနေရတဲ့ပြည်သူတွေဟာ ပိုပိုပြီးတော်လှန်ရေးစိတ်တွေပြင်းထန်လာပြီလို့ဆိုရမှာပါ။ ကျရှုံးပြည်သူတွေအတွက်ကောင်းရာသုဂတိလားစေဖို့ ဆုတောင်းပေးလိုက်ကြပါစို့ CeleChitThuပရိသတ်ကြီးရေ။


Source : Hanna YuRi
Candy – CeleChitThu

” ဆားလင္းႀကီးၿမိဳ႕နယ္ဒုန္းေတာေက်း႐ြာမွ ႐ြာသား၁၁ဦး မီးရႈိ႕ခံရမႈသတင္းေၾကာင့္ရင္ထဲမခ်ိေအာင္ခံစားခဲ့ရတယ္ဆိုတဲ့ ဟန္နာယူရီ”

CeleChitThu ပရိသတ္ႀကီးေရ ဟန္နာယူရီေလးကေတာ့ မိတ္ကပ္ ဖန္တီးမႈပညာကို ႏိုင္ငံျခားမွာတက္ေရာက္ခဲ့တဲ့သူတစ္ေယာက္ပါ။ကိုရီးယားမေလးလိုခ်စ္စရာေကာင္းတဲ့ ဟန္နာယူရီေလးကေတာ့ အာဏာသိမ္းခ်ိန္ကစၿပီးအလုပ္ေတြရပ္တန္႔ကာ ျပည္သူေတြနဲ႔ပါဝင္ခဲ့တာပါ။အခုခ်ိန္မွာ သူမကေတာ့ကိုရီးယားမွာေရာက္ရွိေနေပမယ့္လည္း သူမဟာအဘက္ဘက္က ရရင္ရသလို ေတာ္လွန္ေရးမွာပါဝင္အက်ိဳးျပဳေနသူတစ္ေယာက္ပါ။

ဒီေန႔မွာေတာ့ ဆားလင္းႀကီးၿမိဳ႕နယ္ဒုန္းေတာေက်း႐ြာမွ ႐ြာသား၁၁ဦး မီးရႈိ႕ခံရမႈဟာ စသ္ေကာင္စီရဲ႕လက္ခ်က္ျဖစ္ၿပီး ျပည္သူေတြဟာ က်ရႈံးတဲ့ျပည္သူေတြအတြက္ဝမ္းနည္းပူေဆြးေသာကေရာက္လ်က္ရွိေနၾကတာပါ။ဝမ္းနည္းတုန္လႈပ္သူေတြထဲမွာဟန္နာယူရီလာ္းပါဝင္ၿပီး”
ဘယ္လိုလူမဆန္တဲ့စိတ္ဓါတ္ေတြနဲ႔လုပ္ရက္ၾကလည္းမသိဘူး။Twitter သတင္းတင္ဖို႔ၾကည့္ရင္း
အဲ့သတင္းတက္လာတာစားေနတဲ့ေပါင္မုန္႔မီးကင္လည္းဆက္မစားႏိုင္ေတာ့ဘူး လူလည္းေပ်ာ့ေခြသြားတာပဲ ရင္ထဲမခ်ိမဆန္႔လိုက္တာ 😭😭😭”ဆိုတဲ့စာေလးနဲ႔သူမရဲ႕ခံစားခ်က္ကိုထုတ္ေဖာ္ေျပာလာတာပါ။

အရွင္လတ္လတ္မီးရႈိ​့ခံရတဲ့ခံစားခ်က္ကိုေတြးၾကည့္႐ုံတင္ ရင္ထဲမခ်ိေအာင္ခံစားေနရတဲ့ျပည္သူေတြဟာ ပိုပိုၿပီးေတာ္လွန္ေရးစိတ္ေတြျပင္းထန္လာၿပီလို႔ဆိုရမွာပါ။ က်ရႈံးျပည္သူေတြအတြက္ေကာင္းရာသုဂတိလားေစဖို႔ ဆုေတာင္းေပးလိုက္ၾကပါစို႔ CeleChitThuပရိသတ္ႀကီးေရ။

Source : Hanna YuRi
Candy – CeleChitThu

Leave a Reply

Your email address will not be published. Required fields are marked *