” စစ်ကောင်စီရဲ့လူသားချင်းစာနာမှုကင်းမဲ့တဲ့လုပ်ရပ်တွေကို အဆိုးဆုံးထိကြိုတွေးထားတာကြောင့် ဘာတွေဖြစ်လာလာ မွေးရပ်မြေမြန်မာနိုင်ငံကို စွန့်ခွာမသွားဘူးဆိုတဲ့ အဆိုတော်သရုပ်ဆောင်မေ”

CeleChitThu ပရိသတ်ကြီးရေ မေကတော့ သရုပ်ဆောင်အပြင် ဂီတဘက်မှာလည်း အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်ပြီးမိန်းကလေးတွေအားကျရတဲ့ အဆီမရှိတဲ့ သွယ်လျတဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားသူလေးပါ။


လက်ရှိမှာတော့မကြာသေးခင်က ၅၀၅ပုဒ်မနဲ့တရားစွဲခံရမှုပြေပျောက်ခဲ့တာဖြစ်ပေမယ့်လည်း
ပရိသတ်တွေနဲ့ထပ်တူရပ်တည်လျက်ရှိနေဆဲပါ။
မနေ့က ပြည်သူတေွအရမ်းကိုစိတ်ထိခိုက်ခဲ့ရတဲ့ ကြည့်မြင်တိုင်မြို့နယ်သပိတ်စစ်ကြောင်း မှာကျရှုံးခဲ့တဲ့ ပြည်သူ့ရဲဘော်တွေရဲ့သတင်းကိုကြားခဲ့ရတဲ့နောက်မှာ” အဆိုးဆုံးအခြေအနေထိ ကြိုတွေးထားပါတယ်.. ဒီမှာပဲ ဆက်နေမယ်လို့တောင် ဆုံးဖြတ်ခဲ့တာပဲ.. ဒီ့ထက်ဆိုးဖို့ကို တွေးမကြောက်တော့ပါ..”ဆိုတဲ့စာလေးနဲ့ ပြည်သူထဲကပြည်သူတစ်ယောက်အဖြစ်သူ့ရဲ့ခံစားချက်ကိုထုတ်ပြောခဲ့တာပါ။


လူသားချင်းစာနာစိတ်ကင်းမဲ့တဲ့လုပ်ရပ်တွေလုပ်ကိုင်နေတဲ့ စစ်ကောင်စီကို ဆန့်ကျင်ကာ ပြည်သူတွေဘက်ကရပ်တည်နေတဲ့ အဆိုတော်သရုပ်ဆောင်မေကတော့ ဘာတွေဖြစ်လာလာမြန်မာပြည်ကိုစွန့်ခွာမသွားပါဘူးတဲ့နော်။

Source: Candy May
Candy -CeleChitThu

” စစ္ေကာင္စီရဲ႕လူသားခ်င္းစာနာမႈကင္းမဲ့တဲ့လုပ္ရပ္ေတြကို အဆိုးဆုံးထိႀကိဳေတြးထားတာေၾကာင့္ ဘာေတြျဖစ္လာလာ ေမြးရပ္ေျမျမန္မာႏိုင္ငံကို စြန္႔ခြာမသြားဘူးဆိုတဲ့ အဆိုေတာ္သ႐ုပ္ေဆာင္ေမ”

CeleChitThu ပရိသတ္ႀကီးေရ ေမကေတာ့ သ႐ုပ္ေဆာင္အျပင္ ဂီတဘက္မွာလည္း ေအာင္ျမင္တဲ့မင္းသမီးတစ္လက္ျဖစ္ၿပီးမိန္းကေလးေတြအားက်ရတဲ့ အဆီမရွိတဲ့ သြယ္လ်တဲ့ ေဘာ္ဒီကို ပိုင္ဆိုင္ထားသူေလးပါ။

လက္ရွိမွာေတာ့မၾကာေသးခင္က ၅၀၅ပုဒ္မနဲ႔တရားစြဲခံရမႈေျပေပ်ာက္ခဲ့တာျဖစ္ေပမယ့္လည္း
ပရိသတ္ေတြနဲ႔ထပ္တူရပ္တည္လ်က္ရွိေနဆဲပါ။မေန႔က ျပည္သူေတြအရမ္းကိုစိတ္ထိခိုက္ခဲ့ရတဲ့ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္သပိတ္စစ္ေၾကာင္း မွာက်ရႈံးခဲ့တဲ့ ျပည္သူ႔ရဲေဘာ္ေတြရဲ႕သတင္းကိုၾကားခဲ့ရတဲ့ေနာက္မွာ” အဆိုးဆုံးအေျခအေနထိ ႀကိဳေတြးထားပါတယ္.. ဒီမွာပဲ ဆက္ေနမယ္လို႔ေတာင္ ဆုံးျဖတ္ခဲ့တာပဲ.. ဒီ့ထက္ဆိုးဖို႔ကို ေတြးမေၾကာက္ေတာ့ပါ..”ဆိုတဲ့စာေလးနဲ႔ ျပည္သူထဲကျပည္သူတစ္ေယာက္အျဖစ္သူ႔ရဲ႕ခံစားခ်က္ကိုထုတ္ေျပာခဲ့တာပါ။

လူသားခ်င္းစာနာစိတ္ကင္းမဲ့တဲ့လုပ္ရပ္ေတြလုပ္ကိုင္ေနတဲ့ စစ္ေကာင္စီကို ဆန္႔က်င္ကာ ျပည္သူေတြဘက္ကရပ္တည္ေနတဲ့ အဆိုေတာ္သ႐ုပ္ေဆာင္ေမကေတာ့ ဘာေတြျဖစ္လာလာျမန္မာျပည္ကိုစြန္႔ခြာမသြားပါဘူးတဲ့ေနာ္။

Source: Candy May
Candy -CeleChitThu

Leave a Reply

Your email address will not be published. Required fields are marked *