” ကြည့်မြင်တိုင် ကြွေလွင့် ကြယ်ပွင့်လေးများအားရည်စူးကာ ကိုယ်တိုင် ဆွမ်းချက်ပြီး ရန်ကြီး အောင်ကျောင်းတိုက်သို့နေ့ဆွမ်းကပ်ခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီးဟောင်းဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်”

CeleChitThu ပရိသတ်ကြီးရေ ဒေါက်တာနေစိုးမောင်ကတော့ ဗိုလ်ချုပ်မှုးကြီးဟောင်းဦးသန်းရွှေရဲ့ သမက်တစ်ယောက်ဖြစ်သလိုနေရွှေသွေးအောင်ရဲ့ဖခင်လည်းဖြစ်ပါတယ်။အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဒေါက်တာနေစိုးမောင်ကတော့ ကိုယ်တိုင်ပါဝင်ကာ ဆန္ဒပြခဲ့ပြီး အခုချိန်ထိလည်းပြည်သူဘက်ကပါဝင်နေကြောင်း သက်သေပြခဲ့တာပါ။

ဒီနေ့မှာလည်း ”ကြည့်မြင်တိုင် ကြွေလွင့် ကြယ်ပွင့်လေးများအားရည်စူး..ကိုယ်တိုင် ဆွမ်းချက်လှူ ကုသိုလ်ယူ….ယမန်နေ့က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေစဉ် လူမဆန် စွာ ကားဖြင့်တိုက် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ကျဆုံးသွား သော လူငယ်များအတွက်ရည်စူး၍ ယနေ့ကိုယ်တိုင်ချက် ကာ ရန်ကြီး အောင်ကျောင်းတိုက်သို့နေ့ဆွမ်းကပ်ခဲ့ပါသည်။လာရောက်ကူညီသူနှင့် ဟင်းလှူသူ မိတ်ဆွေအားလည်း ကျေးဇူးအထူးတင်ရှိပါသည်။


မိမိတို့၏ အနာဂတ်နှင့် တိုင်းပြည်၏အနာဂတ် အတွက် ဆန္ဒ ထုတ်ဖော်ရင်း အသက်စွန့်သွားသူများ ကောင်းရာဘုံသို့ ရောက်ရှိနိုင်ပါစေ.. အဖိခံနှိပ်ကင်း၍ လွတ်လပ်တရားမျှတ ပြီး တန်းတူညီမျှရှိစေမည့် ဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်တည် မှုကို မြင့်မြတ်သောဘုံမှနေ၍ ရှုမြင်နိုင်ပါစေ…” ဆိုတဲ့စာလေးနဲ့အတူ ပြည်သူတွေနဲ့တသားတည်းရပ်တည်နေကြောင်း သက်သေပြကာလှူဒါန်းမှုပြုလုပ်ခဲ့တာပါ။

Source- Dr.nay soe maung
Candy – CeleChitThu

” ၾကည့္ျမင္တိုင္ ေႂကြလြင့္ ၾကယ္ပြင့္ေလးမ်ားအားရည္စူးကာ ကိုယ္တိုင္ ဆြမ္းခ်က္ၿပီး
ရန္ႀကီး ေအာင္ေက်ာင္းတိုက္သို႔ေန႔ဆြမ္းကပ္ခဲ့တဲ့ ဗိုလ္ခ်ဳပ္မႈးႀကီးေဟာင္းဦးသန္းေ႐ႊရဲ႕ သမက္ျဖစ္သူ ေဒါက္တာေနစိုးေမာင္”

CeleChitThu ပရိသတ္ႀကီးေရ ေဒါက္တာေနစိုး​ေမာင္ကေတာ့ ဗိုလ္ခ်ဳပ္မႈးႀကီးေဟာင္းဦးသန္းေ႐ႊရဲ႕ သမက္တစ္​ေယာက္ျဖစ္သလိုေနေ႐ႊေသြးေအာင္ရဲ႕ဖခင္လည္းျဖစ္ပါတယ္။အာဏာသိမ္းမႈနဲ႔ပတ္သက္ၿပီး ​ေဒါက္တာေနစိုး​ေမာင္ကေတာ့ ကိုယ္တိုင္ပါဝင္ကာ ဆႏၵျပခဲ့ၿပီး အခုခ်ိန္ထိလည္းျပည္သူဘက္ကပါဝင္ေနေၾကာင္း သက္ေသျပခဲ့တာပါ။

ဒီေန႔မွာလည္း ”ၾကည့္ျမင္တိုင္ ေႂကြလြင့္ ၾကယ္ပြင့္ေလးမ်ားအားရည္စူး..ကိုယ္တိုင္ ဆြမ္းခ်က္လႉ ကုသိုလ္ယူ….ယမန္ေန႔က ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္ေနစဥ္ လူမဆန္ စြာ ကားျဖင့္တိုက္ ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီး က်ဆုံးသြား ေသာ လူငယ္မ်ားအတြက္ရည္စူး၍ ယေန႔ကိုယ္တိုင္ခ်က္ ကာ ရန္ႀကီး ေအာင္ေက်ာင္းတိုက္သို႔ေန႔ဆြမ္းကပ္ခဲ့ပါသည္။လာေရာက္ကူညီသူႏွင့္ ဟင္းလႉသူ မိတ္ေဆြအားလည္း ေက်းဇူးအထူးတင္ရွိပါသည္။

မိမိတို႔၏ အနာဂတ္ႏွင့္ တိုင္းျပည္၏အနာဂတ္ အတြက္ ဆႏၵ ထုတ္ေဖာ္ရင္း အသက္စြန္႔သြားသူမ်ား ေကာင္းရာဘုံသို႔ ေရာက္ရွိႏိုင္ပါေစ.. အဖိခံႏွိပ္ကင္း၍ လြတ္လပ္တရားမွ်တ ၿပီး တန္းတူညီမွ်ရွိေစမည့္ ဖက္ဒရယ္ ျပည္ေထာင္စုႀကီး ျဖစ္တည္ မႈကို ျမင့္ျမတ္ေသာဘုံမွေန၍ ရႈျမင္ႏိုင္ပါေစ…” ဆိုတဲ့စာေလးနဲ႔အတူ ျပည္သူေတြနဲ႔တသားတည္းရပ္တည္ေနေၾကာင္း သက္ေသျပကာလႉဒါန္းမႈျပဳလုပ္ခဲ့တာပါ။

Source- Dr.nay soe maung
Candy – CeleChitThu

Leave a Reply

Your email address will not be published. Required fields are marked *