” ကြည့်မြင်တိုင်မြို့နယ်သပိတ်စစ်ကြောင်းလူမဆန်စွာဖြိုခွဲခဲ့တဲ့ စစ်ကောင်စီကြောင့် မွေးနေ့ရက်မြတ်မှာတောင် ခံပြင်းဒေါသထွက်နေရတဲ့ ရန်ရန်ချမ်း”
CeleChitThu ပရိသတ်ကြီးရေ ရန်ရန်ချမ်းကတော့ Rapဘုရင်တွေထဲက တစ်ပါးလို့တောင်ဆိုရမှာပါ။ ဂျူနီယာ Rapperလေးတွေကိုလည်း လက်တွဲခေါ်ယူတတ်တဲ့သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတွေ အာဏာသိမ်းမှုကို တော်လှန်ဆန္ဒပြပြီး ပုဒ်မ၅၀၅နဲ့ဖမ်းဝရမ်းထုတ်ခံခဲ့ရမှုကြောင့် မိသားစုလိုက်တိမ်းရှောင်လျက်ရှိတာပါ။
ဒီနေ့ကျရောက်တဲ့ဒီဇင်ဘာလ၅ရက်နေ့က​ေတာ့သူ့ရဲ့၄၂နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့်ဒီနေ့မနက်ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်သပိတ်စစ်ကြောင်း ဖြိုခွဲခံရမှုတွင်
လူငယ် (၄) ဦးပွဲချင်းပြီးသေဆုံးသွားပြီးအကြမ်းဖက်စစ်တပ်မှကားနဲ့တိုက်၊ သေနတ်ဖြင့်ပါ ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ အတွက် သတင်းကြားသူတိုင်းက ယူကြုံးမရဖြစ်ခဲ့ကြတာပါ။
ရန်ရန်ချမ်းကလည်း”စစ်တပ်ဆိုတာစောက်ကျင့်မကောင်းတဲ့အဖွဲ့အစည်းဆိုတာလုပ်ရပ်တွေကနေ့တိုင်းသက်သေခံနေတယ်။ ငါလ ိ ု း မ စောက်စစ်တပ် လ ီး ပ ဲ ငါ့မွေးနေ့လေးမှာတောင်စိတ်မချမ်းသာရဘူး ”ဆိုတဲ့စာလေးနဲ့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ကြိမ်းဝါးဒေါသထွက်ခံပြင်းခဲ့တာပါ။CeleChitThuပရိသတ်တွေလည်း ကျရှုံးသွား​တဲ့ပြည်သူ့ရဲဘော်ကြယ်ပွင့်တွေအတွက် ဂုဏ်ပြုစကားနဲ့အတူ ရန်ရန်ချမ်းအတ်က်မွေးနေ့ဆုတောင်းလေး​ပေးခဲ့ကြပါဦး။
Source : Yan Yan Chan
Candy- CeleChitThu
Source : Yan Yan Chan
Candy- CeleChitThu
Leave a Reply
Your email address will not be published. Required fields are marked *