” ရက်စက်မှူ မညီမျှမှူ ကိုယ်ချင်းစာမှူမရှိတဲ့ စသ်ကောင်စီကို ဆန့်ကျင်ကာ ပြည်သူတွေဘက်မှာရပ်တည်နေပါတယ်ဆိုတဲ့အိုင်းရင်းဇင်မာမြင့်”

CeleChitThuပရိသတ်ကြီးရေ အိုင်းရင်ဇင်မာမြင့်လို့ပြောလိုက်တာနဲ့သူ့ရဲ့ကြည်လင်ချိုသာတဲ့အသံကို တွဲမြင်ကြမယ်ထင်ပါတယ်။ သူမအနေနဲ့ လက်ရှိနိုင်ငံအရေးမှာလည်း ပြည်သူတွေနဲ့တသားထဲထောက်ခံကာ ဆန္ဒပြသပိတ်မှောက်ခဲ့တဲ့အနုပညာရှင်ထဲကတစ်ယောက်ပါ။


နိုင်ငံ့အ​ရေးတွေရှုပ်ထွေးနေချိန်မှာ သူမရဲ့ မြင့်မိုရ် တောင်ကြီးသဖွယ်အားကိုးရတဲ့မိခင်ဟာ ဖေဖော်ဝါရီလ၁၇ရက်နေ့မှာ ကွယ်လွန်ခဲ့တာပါ။
” ရက်စက်မှူ မညီမျှမှူ ကိုယ်ချင်းစာမှူမရှိသူများနဲ့ဝေးရပါစေ ဘာလုပ်နေလဲမေးရင်တိကျတဲ့ဘက်မှာရပ်နေပါတယ်”ဆိုတဲ့စာလေးနဲ့ ဒီနေ့မနက်ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်သပိတ်စစ်ကြောင်း ဖြိုခွဲခံရမှုအတွက်နာကြည်းစွာပြောလာခဲ့တာပါ။


အမှန်တရားဘက်မှာပြည်သူတွေနဲ့အတူရပ်တည်နေတဲ့ အိုင်းရင်းရဲ့စိတ်ဓာတ်ကတော့လေးစားစရာပါ။ကျဆုံးသွားတဲ့ ပြည်သူ့ရဲဘော်ကြယ်ပွင့်လေးတွေအတွက်လည်း ဝမ်းနည်းဂုဏ်ယူလေးစားမိပါတယ်နော်။


Source-IreneZinMarMyint
Candy -CeleChitThu





Candy -CeleChitThu

Leave a Reply

Your email address will not be published. Required fields are marked *