“MDY-PDF Page Admin ဇီးကွက်၊မိန်းကလေး ၅ဦးအပါ စုစုပေါင်း ၃၃ယောက် ဖမ်းဆီးခံလိုက်ရတဲ့ အပေါ် ဝမ်းနည်းယူကြုံးမရဖြစ်နေတဲ့ပန်ကိတ်ဒါဒါ”

CeleChitThu ပရိသတ်ကြီးရေ ပန်ကိတ်ဒါဒါကတော့ အနုပညာသမားတစ်ယောက်မဟုတ်ပေမယ့် ကောင်းမွန်တဲ့ အတွေးအခေါ်တွေ ပညာရစေတဲ့ အရေးအသားလေးတွေနဲ့ ပရိသတ်တွေကို အတွေ့အကြုံသစ်တွေ အမြဲမျှဝေတတ်တဲ့ဆယ်လီတစ်ဦးပါပဲနော်။ မိဘတွေရဲ့သွန်သင်ဆုံးမမှုအောက်မှာ လိမ္မာစွာကြီးပြင်းလာတဲ့ အမျိုးကောင်းသမီးလေးဖြစ်တဲ့အပြင် ပျော်ရွှင်နွေးထွေးတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားသူလေးပါ။


နိုင်ငံခြားမှာနေထိုင်နေတဲ့ မြန်မာတစ်ယောက်ဖြစ်ပေမယ့် အမိမြန်မာနိုင်ငံကို အရမ်းချစ်ကာတန်ဖိုးထားတတ်တဲ့သူတစ်ယောက် ဖြစ်ပြီး စစ်ကောင်စီကအာဏာသိမ်းစအချိန်ထဲက ရပ်ဝေးကနေပြည်သူဘက်ကရပ်တည်ခဲ့တဲ့အပြင် တော်လှန်ရေးအတွက် လိုအပ်တဲ့အရာတွေကို တစ်ထောင့်တနေရာကပါဝင့်အားဖြည့်နေသူပါ။

ဒီနေ့မှာတော့”Nooooo 😭😢အသိအစ်ကိုတွေ အစ်မတွေ ဘေးရန်ကင်းပါစေ။ ညီမလေးတို့ ဒီတစ်လ နှစ်လ မထောက်ပံ့နိုင်ခဲ့လို့များလား။ ဒီလိုတွေတွေ့ရင်ယူကြုံးမရ ပဲ။ 😭😭😭”ဆိုတဲ့စာလေးနဲ့အတူMDY-PDF Page Admin ဇီးကွက်၊မိန်းကလေး ၅ဦးအပါ စုစုပေါင်း ၃၃ယောက် ဖမ်းဆီးခံလိုက်ရတဲ့ အပေါ် ဝမ်းနည်းစိတ်နကောင်းဖြစ်ကြောင်းရင်ဖွင့်ပြောပြခဲ့တာပါ။CeleChitThu ပရိသတ်တွေလည်း ဖမ်းဆီးခံရတဲ့တော်လှန်ရေးရဲဘော်ပြည်သူတွေအတွက် တော်လှန်ရေးမှာ သွေးမအေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Source :YaminOo
Candy- CeleChitThu





Source :YaminOo
Candy- CeleChitThu

Leave a Reply

Your email address will not be published. Required fields are marked *