” ကွာရှင်းပြတ်စဲပြီးတဲ့ခင်ပွန်းဟောင်းနေလင်းကျော်ရဲ့ဆိုင်ဖွင့်ပွဲကိုသူမအား အားနာမနေဘဲ သွားကြဖို့တိုက်တွန်းလိုက်တဲ့ဇာဇာထက်”
CeleChitThuရိသတ်ကြီးရေ ဇာဇာထက်ကတော့ ဆက်ဆီမော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကမှာရပ်တည်နေသူတစ်ဦးပါ။မော်ဒယ်လ်ကိုဝါသနာပါလို့လုပ်ကိုင်နေပေမယ့် ပညာရေးဘက်မှာလည်းထူးချွန်စွာ Masterဘွဲ့တွေကို သိမ်းပိုက်ထားနိုင်သူတစ်ေယာက်ပါ။
ဒါ့အပြင် Covid ကာလမှာ live saleတွေလည်းရောင်းချလျက်ရှိတဲ့အပြင် OnlineShop လည်းကိုယ်တိုင်ဦးစီးလုပ်ဆောင်နေတာပါ။ ဒီနေ့မှာတော့”ကျွန်မ ethics ရှိပါတယ်တချို့တွေကမေးကြတယ် ဖိတ်လို့သွားချင်ပေမဲ့ ဇာ့ကိုအားနာလို့သွားရင်ကောင်းမလားမသွားရင်ကောင်းမလားစဉ်းစားနေတာတဲ့ သွားပါ ကျွန်မဘာမှမဖြစ်ပါဘူး အရာအားလုံးကိုခွင့်လွှတ်နားလည် ကိုယ်ချင်းစာတတ်တဲ့နှလုံးသားကျွန်မမှာပိုင်ဆိုင်ပါတယ် ကျွန်မနဲ့အဆင်မပြေလို့ ဖိတ်တဲ့နေရာမသွားတာကမှ လူမှုရေးမရှိသလိုဖြစ်မှာ တကယ်တော့သူက လူရမ်းကားမဟုတ်ပါဘူး အိမ်ထောင်ရေးပြသာနာကြောင့်ပါသူက ကျွန်မအပေါ်ကလွဲရင် အကုန်လုံးအပေါ်သဘောထားပြည့်ဝသူတစ်ဦးပါအရာရာဟာ ကျွန်မတို့နှစ်ယောက်အဆင်ပြေခဲ့စဉ်ကလိုပဲ သွားပါလာပါအားပေးပါ သူလဲကောင်းမွန်စွာသူ့ဘဝလမ်းသူလျှောက်လှမ်းတာ ကျွန်မကတောင်စီးပွါးရေးသမားအချင်းချင်းAppreciate လုပ်ပေးရအုံးမှာပါ👏 ”
“ကျွန်မတို့တွေက ရန်သူတွေမှမဟုတ်ကြတာရန်သူတောင်အလံဖြူပြရင် ငြိမ်းချမ်းရေးယူကြရသေးတာပဲလေ လမ်းကြုံရင်တောင်ရှောင်မနေပဲ မိတ်ဆွေတွေလိုတည့်တည့်လက်ဆွဲနှုတ်ဆက်ချင်တဲ့သူမျိုးပါ ခေတ်ကာလမကောင်းတဲ့အချိန်မှာ အမုန်းနဲ့အငြိုးတွေမထားပါဘူး မေတ္တာတရားကသာလျှင် အအေးချမ်းဆုံးပါကျွန်မအခု စိတ်တွေအေးချမ်းပါတယ်🙏ဖြစ်ချိန်တန်လို့ဖြစ်ခဲ့တယ် ပျက်ချိန်တန်လို့ပျက်ကြတယ် ဒါတွေဟာ ဖြစ်ရိုးဖြစ်စဉ်လောကရဲ့နိယာမတွေပါပဲ”ဆိုတဲ့စာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားလာတာပါCeleChitThu ပရိသတ်ကြီးရေ ။
Source:ZarZarHtet
Candy-CeleChitThu
Source:ZarZarHtet
Candy-CeleChitThu
Leave a Reply
Your email address will not be published. Required fields are marked *