” သူမအား အခွင့်ရေးယူကာအနိုင်ကျင့်တတ်တဲ့သူတွေကို သီးမခံနိုင်တော့ဘူးလို့ ဒဲ့သတိပေးလိုက်တဲ့ မြတ်သူသူ”

CeleChitThuပရိသတ်ကြီးရေ မင်းသမီးလေး မြတ်သူသူ ကတော့ ဇာတ်လမ်းတွဲတွေ မရိုက်ခင်ထဲက ” ကံကံ၏အကျိုး ” ဇာတ်လမ်းတွေထဲမှာ ထဲက ပါဝင် သရုပ်ဆောင်လာတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အရမ်းကြိုးစားတဲ့ မင်းသမီးတစ်လက်လို့ စီနီယာတွေကတောင် ချီးကျူးရတဲ့သူတစ်ယောက်ပါ။ စပွန်ဆာတွေလာကမ်းလှမ်းခြင်းခံရပေမယ့် ပွင့်လင်းစွာ ငြင်းခဲ့တဲ့ မင်းသမီးလေး ဖြစ်တာကြောင့် သူမရဲ့ စိတ်ဓာတ်ကအစ အထင်ကြီးစရာကောင်းတဲ့ သူလေးလို့ ဆိုရမှာပါ။


ဒီနေ့မှာတော့” သူက အရမ်းသဘောကောင်းတာဆိုတဲ့စကားနဲ့ ထပ်လာမချုပ်ပါနဲ့တော့ 😊အရမ်းရိုင်းတတ်ကြောင်းကြိုပြောပါမယ်ကိုယ်ကတော့ သူများကိုအရင်သွားစ,မယုတ်မာတတ်ပါဘူး မှန်လိုပဲမှတ်ပါ 😊တခါတလေ လိမ္မာတယ် ယဉ်ကျေးတယ်ဆိုတာ နားထောင်လို့ပဲကောင်းတာ လက်တွေ့မှာကိုယ်ချည်းသည်းခံရလို့ တစက်ကလေးမှ မကြိုက်တော့ပါဘူး ”ဆိုတဲ့စာလေးနဲ့ သူမအပေါ်အခွင့်ရေးယူတတ်တဲ့လူတွေကို ဒဲ့ပြောခဲ့တာပါ။

ရိုးအေးလွန်းတဲ့မင်းသမီးလေးမြတ်သူသူတစ်ယောက် သည်းမခံနိုင်အောင်ဖြစ်လောက်တဲ့အထိကတော့ အခွင့်ရေးယူတဲ့သူတွေကတော်တော်ဆိုးရွားနေလို့ပဲ ဖြစ်မယ်ထင်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ CeleChitThu ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Myat Thu Thu
Candy –CeleChitThu





Source : Myat Thu Thu
Candy –CeleChitThu

Leave a Reply

Your email address will not be published. Required fields are marked *