” အေးနေဝင်းနဲ့ ဒူဘိုင်းကိုရောက်ရှိ​ကြောင်း ကိုယ်တိုင်သက်သေနဲ့တကွ ဝန်ခံလာတဲ့ရွှေအိမ်စည်”
CeleChitThu ပရိသတ်ကြီးရေ ရွှေအိမ်စည်ကတော့ (2018) မှာလည်း Miss Supranational Myanmar Winner ဆုကိုရရှိခဲ့တဲ့ အပြင် ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်နိုင်ခဲ့သူဖြစ်ပေမယ့် အခုလို စစ်ကောင်စီကအာဏာစသိမ်းတဲ့အချိန်မှကတည်း ပြည်သူဘက်ရပ်တည်ကာ အလှမယ်တစ်ယောက်အနေနဲ့တက်ကြွစွာပါဝင်လာခြင်းမရှိခဲ့ပါဘူးနော်။အရင်ကတော့ပရိသတ်တွေဟာ ဘာကိုမှဂရုမစိုက်ဘဲသူမရဲ့ ပွင့်လင်းတဲ့စတိုင်အတိုင်း သူမရဲ့ထင်မြင်ချက်တွေကို ပရိသတ်တွေနဲ့ ဝေမျှဆွေးနွေးလေ့ရှိတာကြောင့် အားပေးချစ်ခင်ခဲ့ပေမယ့်အခုလို ပြည်သူနဲ့အရပ်တည်ခဲ့တဲ့အချိန်မှာတော့ သူမကိုboycottစာရင်းထဲထည့်သွင်းခဲ့ကြတာပါ။
သူမကတော့ လက်ရှိမှာ စစ်ကောင်စီအားပေးဖြစ်တဲ့ ဗိုလ်ချုပ်နေဝင်းရဲ့မြေးဖြစ်သူ အေးနေဝင်းနဲ့ အတူ ဒူဘိုင်းကို သွားရောက်လည်ပတ်ကာပျော်ပါးနေတယ်ဆုတဲ့သတင်းတေ်ထွက်ပေါ်လာခဲ့တာပါ။ အေးနေဝင်းဘေးမှာရှိနေတဲ့ အမျိုးသမီးကရွှေအိမ်စည်ဖြစ်ကြောင်း တိတိကျကျအဖြေမရှိခဲ့သလို ရွှေအိမ်စည်ကလည်းငြင်းပယ်ခြင်းမရှိခဲ့ပါဘူး။
ဒါပေမယ့်ဒီနေ့မှာတော့ ရွှေအိမ်စည်ကိုယ်တိုင်ဝန်ခံခဲ့ပြီပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ သူမကိုယ်တိုင်ဒူဘိုင်းရောက်ပုံတွေကို တည်နေရာနဲ့တကွဖေါ်ပြခဲ့ကာ သူ့ရဲ့instagramအကောင့်ကနေတင်လာခဲ့တာပါ။မျက်နှာပြောင်တိုက်စွာနဲ့ ပုံတွေကိုဆက်တိုက်တင်နေတဲ့ရွှေအိမ်စည်ကိုပရိသတ်တွေရဲ့အမူန်းကလည်းပိုပိုပြင်းထန်လာလျက်ရှိနေပါပြီနော်။
Source:Shwe Eain Si
Candy -CeleChitThu
Source:Shwe Eain Si
Candy -CeleChitThu
Leave a Reply
Your email address will not be published. Required fields are marked *