” သမီးလေးစံထိပ်ထားဦးရဲ့ ၁၉နှစ်ပြည့်မွေးနေ့လေးမှာ ထူးခြားတဲ့ကတိစကားလေးတစ်ခွန်းကို ပြောကာ ဆုမွန်ကောင်းတောင်းပေးလာတဲ့ ခိုင်သင်းကြည်”
CeleChitThu ပရိသတ်ကြီးရေစံထိပ်ထားဦးလို့ပြောလိုက်ရင် ပရိသတ်တွေ အကြိုက်တွေ့နေဆဲဖြစ်တဲ့ အကယ်ဒမီ နှစ်ဆုရှင် ဝါရင့်မင်းသမီး ခိုင်သင်းကြည်နဲ့ ကိုခန့်နိုင်တို့ရဲ့ သမီးဦးရတနာလေး ဆိုတာ တန်းသိကြမှာပါနော်။ချစ်စရာကောင်းသူလေးဖြစ်ပြီး အမေရော အဖေနဲ့ပါ တူတဲ့ သူမ ဟာ သူမရဲ့အမေလို အနုပညာလမ်းကြောင်းပေါ်မှာ လုံးဝမလျှောက်ဖြစ်သေးပေမဲ့ ဟိုတစ်စ ဒီတစ်စ အနုပညာလှုပ်ရှားမှုလေးတွေရှိနေခဲ့တာပါ။
ဒီနေ့ကျရောက်တဲ့ နိုဝင်ဘာလ(၂၆)ရက်နေ့ကတော့ သမီးလေးစံထိပ်ထားဦးရဲ့ ၁၉နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ခိုင်သင်းကြည်ကတော့ သမီးလေးထိပ်ထိပ်ရဲ့ မွေးနေ့ကို”Happy Birthday မေမေ့ချစ်သဲလေးရေ😘🎂🎊🎈၁၉နှစ်တောင်ရှိသွားပေမဲ့သဲလေးကိုလူ့လောကထဲစပြီးခေါ်လာခဲ့တဲ့နေ့ကမနေ့တနေ့ကလိုပါဘဲ😍မေမေ့တို့ဆီလာချင်လွန်းလို့ချက်ချင်းရပြီးစောမွေးခဲ့ရတာနေမှာ😅မွေးနေ့ကစပြီးစိတ်ချမ်းသာပြီးကိုယ်ကျန်းမာပါစေ🥰ဘုရားတရားသံဃာမိဘဆရာတွေရဲ့ဂုဏ်ကျေးဇူးကိုအမြဲသိနားလည်ကိုးကွယ်နိုင်ပါစေ🙏မေမေလည်းသဲလေးကိုခလေးတယောက်လိုအချစ်လွန်ပြီးအမြဲလိုက်ပြီးစိတ်ပူနေတက်တာတွေလျှော့ပါ့မယ်🙄အရမ်းချစ်တယ်သဲလေးရေ❤️❤️❤️”ဆိုတဲ့စာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပါ။
CeleChitThu ပရိသတ်တွေရဲ့ထိပ်ထိပ်ရဲ့ကလေးဘဝကနေ အခုလို လှသွေးကြွယ်လာတဲ့ ပုျံလးတွေကိုကြည့်ရူဖို့ ဖော်ပြပေးလိုက်ပါတယ်။ CeleChitThu ပရိသတ်တွေလည်းထိပ်ထိပ်လေးကို မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။
Soure :KhineThinKyi
Candy -CeleChitThu
ဇော်ဂျီဖြင့်ဖတ်ရန်
Soure :KhineThinKyi
Candy -CeleChitThu
Leave a Reply
Your email address will not be published. Required fields are marked *