” မြန်မာပလာဇာမှာ ဆန္ဒပြခဲ့တဲ့လူငယ်တွေကိုရိုင်းစိုင်းစွာ ရိုက်နှက်တုန့်ပြန်ခဲ့တဲ့ လုံခြုံရေးတွေအသွားအလာဆင်ခြင်ဖို့ YPDF(Bahan)ရဲ့ အပြင်းအထန်သတိပေးခံခဲ့ရ”

CeleChitThu ပရိသတ်ကြီးရေ ဒီနေ့နိုဝင်ဘာလ၂၅ရက်နေ့မှာတော့ မြန်မာပလာဇာမှာ လူငယ်တစ်ချို့ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြလူငယ်တွေကိုရိုင်းစိုင်းစွာ တုန့်ပြန်ခဲ့တဲ့သူတွေကတော့ မြန်မာပလာဇာက လုံခြုံရေးတွေပဲ ဖြစ်ပါတယ်။


ဆန္ဒပြလူငယ်ယောကျာ်းလေးတွေကိုဖမ်းဆီးကာရိုက်နှက်ခြင်းပြုသည့်အပြင် ပါဝင်တဲ့ဆန္ဒပြမိန်းကလေးတွေကို မျက်ခုံးကွဲအောင်ရိုက်နှက်လျက် အသားနာအောင်ပြုလုပ်အနိုင်ကျင့်တားဆီးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ထိုသတင်းကိုကြားကြားချင်းပြည်သူတွေက နာကြည်း စိတ်တိုဖြစ်ခဲ့ကြတာ ဖြစ်ပြီးမြန်မာပလာဇာကိုBoycottလုပ်ဖို့ လူမှုကွန်ရက်မှာပျံ့နှံ့လာခဲ့ပါပြီ။

ဒါ့အပြင်Yangon People’s Defense Force Bahan မှလည်း ဆန္ဒပြလူငယ်တွေကို ထိခိုက်အောင်ပြုလုပ်ခဲ့တဲ့ လုံခြုံရေးတွေကို ယနေ့မှစပြီးသတိထားသွားလာဖို့ အပြင်အထန်သတိပေးလိုက်တာဟာ သူတို့အနေနဲ့တစ်ခူခုတုန့်ပြန်တော့မည်ကို သတိပေးလိုက်တါနဲ့အတူတူပါပဲ။CekeChitThuပရိသတ်တွေလည်း မြန်မာပလာဇာကို Boycottဖို့ တိုက်တွန်းအကြံပြုလိုက်ပါတယ်နော်။


Candy-CeleChitThu
ဇော်ဂျီဖြင့်ဖတ်ရန်





Candy-CeleChitThu

Leave a Reply

Your email address will not be published. Required fields are marked *