” သားငယ်လေးမွေးပြီး၉ရက်ကြာမှာဆုံးရှုံးခဲ့ရ​တာကြောင့် သားရဲ့အငွေ့အသက်တွေရှိအိမ်က ထွက်သွားတော့မယ်ဆိုတဲ့ TikTokဟာသသရုပ်ဆောင်ဆယ်လီ မယ်အိ ”

CeleChitThu ပရိသတ်ကြီးရေ မယ်အိလို့ပြောလိုက်တာနဲ့ TikTokမှာ ပရိသတ်တွေကိုရယ်မောပျော်ရွှင်စေတဲ့videoလေးတွေတင်တင်နေတတ်တဲ့သူဆိုတာ သိကြမှာပါ။ သူမအနေနဲ့ အမြဲ မရိုးနိုင်တဲ့ ဟာသတွေနဲ့ ခင်ပွန်းသည်နဲ့အတူ ဟာသလးတွေရိုက်ကူးကာ ပျော်ပျော်နေတတ်တဲ့သူတို့မိသားစုလေးကတော့ လက်ရှိမှာ ရင်နင့်ဖွယ်အဖြစ်ဆိုးနဲ့ရင်ဆိုင်ခဲ့ရတာပါ။

သမီးလေး၂ယောက်ကိုပိုင်ဆိုင်ထားပြီးပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်းထားတဲ့သူတို့မိသားစုမဗာ သားချောလေးကို မွေးဖွားခဲ့ပြီး နောက်၉ရက်​မြောက်နေ့မှာ သားငယ်လေးကိုဆုံးရှုံးခဲ့ရတာပါ။”သားအတွက် ရက်လည်ကုသိုလ်လေး လုပ်ပီးရင်မေမေတို့ အိမ်မှာ မနေတော့ဘူး သားလေး…သားလေးရှိခဲ့တဲ့ အိပ်ခန်းထဲကိုမေမေ့မှာ မဝင်ရဲဘူး..အိပ်ခန်းထဲရောက်သွားတာနဲ့ရင်ကွဲအောင် ငိုရတယ် သားရယ်…မေမေ ဘယ်ရောက်ရောက်ထွက်သွားတော့မယ်..စိတ်လေးဖြေနိုင်မှ မေမေ အိမ်ပြန်လာတော့မယ်”

သားလေးရယ်မေမေက သားလေးနေခဲ့တဲ့ အခန်းထဲရောက်ရင်အရူးလိုဘဲ အော်ဟစ်ငိုနေတော့သားဖေဖေရော သားမမတေရော စိတ်မချမ်းသာကြရှာဘူး…မေမေ သားနဲ့အတူရှိခဲ့တဲ့အိမ်လေးကနေခနတော့ ထွက်သွားပါရစေ…ဖေဖေရော မမတေရောကမေမေ မငိုရင် ရဘီတဲ့…သားလေး ပြန်လာဖို့ ကြိုးစားရင်းမေမေတော့ အိမ်နဲ့ဝေးရာကို ပတ်သွားနေလိုက်မယ်သား…ခနလောက်
ထွက်ပြေးလိုက်တဲ့သဘောပါသားရယ်..”ဆိုတဲ့စာလေးနဲ့မယ်အိရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်လာခဲ့တာပါ။ တကယ့်ကိုကြေကွဲဝမ်းနည်းစရာပါပဲနော်။

Source:မယ်အိ
Candy-CeleChitThu
ဇော်ဂျီဖြင့်ဖတ်ရန်

” သားငယ္ေလးေမြးၿပီး၉ရက္ၾကာမွာဆုံးရႈံးခဲ့ရ​တာေၾကာင့္ သားရဲ႕အေငြ႕အသက္ေတြရွိအိမ္က ထြက္သြားေတာ့မယ္ဆိုတဲ့ TikTokဟာသသ႐ုပ္ေဆာင္ဆယ္လီ မယ္အိ ”

CeleChitThu ပရိသတ္ႀကီးေရ မယ္အိလို႔ေျပာလိုက္တာနဲ႔ TikTokမွာ ပရိသတ္ေတြကိုရယ္ေမာေပ်ာ္႐ႊင္ေစတဲ့videoေလးေတြတင္တင္ေနတတ္တဲ့သူဆိုတာ သိၾကမွာပါ။ သူမအေနနဲ႔ အၿမဲ မ႐ိုးႏိုင္တဲ့ ဟာသေတြနဲ႔ ခင္ပြန္းသည္နဲ႔အတူ ဟာသလးေတြ႐ိုက္ကူးကာ ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူတို႔မိသားစုေလးကေတာ့ လက္ရွိမွာ ရင္နင့္ဖြယ္အျဖစ္ဆိုးနဲ႔ရင္ဆိုင္ခဲ့ရတာပါ။

သမီးေလး၂ေယာက္ကိုပိုင္ဆိုင္ထားၿပီးေပ်ာ္႐ႊင္တဲ့ဘဝကိုပိုင္ဆိုင္းထားတဲ့သူတို႔မိသားစုမဗာ သားေခ်ာေလးကို ေမြးဖြားခဲ့ၿပီး ေနာက္၉ရက္​ေျမာက္ေန႔မွာ သားငယ္ေလးကိုဆုံးရႈံးခဲ့ရတာပါ။”သားအတြက္ ရက္လည္ကုသိုလ္ေလး လုပ္ပီးရင္ေမေမတို႔ အိမ္မွာ မေနေတာ့ဘူး သားေလး…သားေလးရွိခဲ့တဲ့ အိပ္ခန္းထဲကိုေမေမ့မွာ မဝင္ရဲဘူး..အိပ္ခန္းထဲေရာက္သြားတာနဲ႔ရင္ကြဲေအာင္ ငိုရတယ္ သားရယ္…ေမေမ ဘယ္ေရာက္ေရာက္ထြက္သြားေတာ့မယ္..စိတ္ေလးေျဖႏိုင္မွ ေမေမ အိမ္ျပန္လာေတာ့မယ္”

သားေလးရယ္ေမေမက သားေလးေနခဲ့တဲ့ အခန္းထဲေရာက္ရင္အ႐ူးလိုဘဲ ေအာ္ဟစ္ငိုေနေတာ့သားေဖေဖေရာ သားမမေတေရာ စိတ္မခ်မ္းသာၾကရွာဘူး…ေမေမ သားနဲ႔အတူရွိခဲ့တဲ့အိမ္ေလးကေနခနေတာ့ ထြက္သြားပါရေစ…ေဖေဖေရာ မမေတေရာကေမေမ မငိုရင္ ရဘီတဲ့…သားေလး ျပန္လာဖို႔ ႀကိဳးစားရင္းေမေမေတာ့ အိမ္နဲ႔ေဝးရာကို ပတ္သြားေနလိုက္မယ္သား…ခနေလာက္ထြက္ေျပးလိုက္တဲ့သေဘာပါသားရယ္..”ဆိုတဲ့စာေလးနဲ႔မယ္အိရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ တင္လာခဲ့တာပါ။ တကယ့္ကိုေၾကကြဲဝမ္းနည္းစရာပါပဲေနာ္။

Source:မယ္အိ
Candy-CeleChitThu

Leave a Reply

Your email address will not be published. Required fields are marked *