” နာကျင်စရာသတင်းတွေကြောင့်စိတ်ဓာတ်တွေနှစ်ဆတိုးပြီး အားဖြည့်တော်လှန်ရမယ်လို့သတိပေးလာတဲ့ ဒေါင်း”

CeleChitThu ပရိသတ်ကြီးရေ   ဒေါင်းလို့ပြောလိုက်တာနဲ့ အခုချိန်မှာပြည်သူကျား၊မ မရွေးအသက်အရွယ်မရွေးအားပေးဝန်းရံနေရတဲ့ အနုပညာရှင်တစ်ဦးလို့ဆိုရမှာပါ။လက်ရှိဖြစ်ပေါ်နေတဲ့စစ်အာဏာသိမ်းမှုအပေါ် ဒေါင်းကတော့ ပြည်သူတွေရဲ့ရှေ့ဆုံးကနေမားမားမတ်မတ်ရပ်တည်ကာ ဆန့်ကျင်ဆန္ဒပြလျက်ရှိတာပါ။

 ဒီနေ့မှာတော့ NLD လွှတ်တော်ကိုယ်စားလှယ် ဖြိုးဇေယျာသော်ဖမ်းဆီးခံရတဲ့အပြင် PDF အဖွဲ့သားတွေ အများအပြား ထိခိုက်ဖမ်းဆီးခံရတဲ့သတင်းကြောင့် ဒေါင်းကလည်း ”နာကျင်စရာတွေဟာခွန်အားဖြစ်လာဖို့ကျွန်တော်တို့စိတ်ဓာတ်တွေနှစ်ဆတိုးရမယ်။တော်လှန်ရေးဟာကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်။”ဆိုတဲ့စာလေးနဲ့ ပြည်သူတွေကိုအားပေးစကားပြောကြားခဲ့တာပါ။

အာဏာသိမ်းပြီးတဲ့နောက်တျောက်လျှောက် စစ်အာဏာရှင်တွေကိုအပြတ်ပြောဆိုရှုံ့ချလာခဲ့တဲ့ ဒေါင်းကတော့ တော်လှန်ရေးကို ၂ဆတိုးပြီး ပြုလုပ်ဖို့ ပြောလာခဲ့တာပါ။CeleChitThuပရိသတ်တွေလည်း တော်လှန်ရေးကို ပိုမိုအားစိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်နော်။

Source-Daung -ဒေါင်း
Candy -CeleChitThu
ဇော်ဂျီဖြင့်ဖတ်ရန်





Source-Daung -ဒေါင်း
Candy -CeleChitThu

Leave a Reply

Your email address will not be published. Required fields are marked *