“ခင်ပွန်းသည်ဆီက စိန်၊ပတ္တမြားတွေဝန်းရံထားတဲ့တန်ဖိုးကြီး မြနားကပ်ကို Anniversary လက်ဆောင်အဖြစ် ရရှိခဲ့တဲ့ ခင်ရူပ”
CeleChitThu ပရိသတ်ကြီးရေ ခင်ရူပကတော့ အလှမယ်အဖြစ်ပရိသတ်တွေစတင်သိရှိခဲ့ပြီး အခုနောက်ပိုင်းမှာအနုပညာအလုပ်တွေကြဲသွားပေမယ့်လည်း သူမအနေနဲ့ Live လွှင့်ကာ စျေးရောင်းနေတဲ့ အနုပညာရှင်တစ်လက်လည်းဖြစ်ပါတယ်။ အမြဲပွင့်လင်းတဲ့ ခပ်ပြတ်ပြတ်အပြောလေးတွေကို ပရိသတ်တွေကလည်းအချစ်ပိုနေတာဆိုမှားမယ်မထင်ပါဘူးနော်။
ခင်ရူပကတော့အမြဲမကြိုက်တာကိုဒဲ့ပြောကာ ပွင့်လင်းသွက်လက်လွန်းတဲ့အပြင်အိမ်ထောင်သည်ဖြစ်ပေမယ့်လည်း အလှမယ်တစ်ယောက်ဆိုတဲ့အတိုင်း သူ့ရဲ့အမိုက်စားဘော်ဒီကိုအခုချိန်ထိထိန်းသိမ်းထားကာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအ​ပြည့်ရှိကြောင်းကို သူမရဲ့ အမိုက်စားဘော်ဒီပုံလေးတွေနဲ့မကြာ​မကြာချပြလေ့ရှိပါသေးတယ်။ သူမကိုဝေဖန်ပြောဆိုတဲ့သူတွေကိုဆိုလည်း အမြဲပညာသားပါပါနဲ့ ပြန်လည်ပြောဆိုချေပတတ်သူလေးပါပဲနော်။
လက်ရှိမှာတော့” Anni gift လေးကြိုရနှင့်သော ကောင်မလေးပေါ့ 🙈”ဆိုတဲ့စာလေးနဲ့အတူ သူမရဲ့ခင်ပွန်းဖြစ်သူက Anniversary လက်ဆောင်အဖြစ် တန်ဖိုးကြီးတဲ့ စိန် ၊ပတ္တမြား ၊မြတွေနဲ့ ပေါင်းစပ်ထားတဲ့နားကပ်တစ်စုံကို သူမအားလက်ဆောင်ပေးခဲ့ကြောင်းပုံလေးနဲ့တကွတင်လာခ​ဲ့တာပါ။ အိမ်ထောင်သည်ဘဝရောက်ပေမယ့်လည်း ခင်ရူပကတေယ့ ယောကျာ်းရဲ့ သည်းသည်းလှုပ်ချစ်ခံရတဲ့ဇနီးသည်လေးပါပဲနော်။CeleChitThuပရိသတ်တွေလည်း ခင်ပရူပအတွက်ဝမ်းသာစကားပြောပေးခဲ့ကြပါဦးနော်။
Source : KhinYupa
Candy -CeleChitThu
ရရှိခဲ့တဲ့ ခင်ရူပ”
Source : KhinYupa
Candy -CeleChitThu
Leave a Reply
Your email address will not be published. Required fields are marked *