” မွေးလမွေးရက်အကုန်တိုက်တဲ့ မွေးနေ့မှာ တောထဲကရဲဘော်တွေအတွက် ရိက္ခါဖြစ်တဲ့ထမင်းနဲ့ဟင်း လှူဒါန်းခဲ့တဲ့ ဟန်နာယူရီ”

CeleChitThu ပရိသတ်ကြီးရေ ဟန်နာယူရီလေးကတော့ မိတ်ကပ် ဖန်တီးမှုပညာကို နိုင်ငံခြားမှာတက်ရောက်ခဲ့တဲ့သူတစ်ယောက်ပါ။ကိုရီးယားမလေးလိုချစ်စရာကောင်းတဲ့ ဟန်နာယူရီလေးကတော့ မိတ်ကပ်ပညာမှာကျွမ်းကျင်ရုံသာမက ဖိုတိုမော်ဒယ်လ် အနေနဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်လာပြီး Music MTV တွေမှာလည်း သရုပ်ဆောင်နေသူတစ်​ယောက်ပါ။


ဟန်နာယူရီကတော့ အာဏာသိမ်းချိန်ကစပြီးအလုပ်တွေရပ်တန့်ကာ ပြည်သူတွေနဲ့ပါဝင်ခဲ့တာပါ။အခုချိန်မှာ သူမကတော့ကိုရီးယားမှာရောက်ရှိနေပေမယ့်လည်း သူမဟာအဘက်ဘက်က ရရင်ရသလို တော်လှန်ရေးမှာပါဝင်အကျိုးပြုနေသူတစ်ယောက်ပါ။ဒီနေ့ကျရောက်တဲ့သူမရဲ့မွေးနေ့မှာတခြားသူတွေလိုပျော်ပွဲရွှင်ပွဲတွေမပြုလုပ်ဘဲအကျိုးရှိတဲ့အလုပ်ကိုပြုလုပ်ခဲ့တာပါ။

 

“Happy Birthday to me!ဒီနှစ်မွေးနေ့ကမွေးလမွေးရက်အကုန်တိုက်တဲ့နှစ်ပါဒီလိုအချိန်ပျော်စရာBirthdayလို့တော့ပြောမထွက်ရက်ပါ။ဒီနှစ်မွေးနေ့အမှတ်တရအနေနဲ့လေးစားရတဲ့ညီအကိုမောင်နှမတွေအတွက်ဝက်သားဟင်းနဲ့ ရယ်ငပိရည်ပဲဟင်းရယ်ထမင်းစားမှိန်အောင်လှူဒါန်းဖြစ်ပါတယ်🙏”ဆိုတဲ့စာလေးနဲ့အတူ တောထဲရောက်တော်လှန်ရေးPDFတွေကို အလှူပြုလုပ်ခဲ့တာပါ။ CeleChitThu ပရိသတ်တွေလည်း လေးစားစရာဟန်နာယူရီရဲ့အလှူလေးအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။

Source : Hanna YuRi
Candy – CeleChitThu




Source : Hanna YuRi
Candy – CeleChitThu

Leave a Reply

Your email address will not be published. Required fields are marked *