“စစ်တပ်အားပေးမှုတွေဆက်တိုက်ပြုလုပ်နေတဲ့ ယဉ်လက်ရဲ့နေအိမ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့”
CekechitThuပရိသတ်ကြီးရေ ယဉ်လက်ကတော့ မြန်မာနိုင်ငံရဲ့ဖိုက်တာမင်းသမီးတွေထဲကတစ်လက်ဖြစ်ပေမယ့် အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး ပြည်သူတွေဘက်မရပ်တည်ခဲ့တဲ့အနုပညာရှင်ထဲကတစ်ယောက်ပါ။ သူမအနေနဲ့ စစ်တပ်ရဲ့ဖိတ်ကြားမှုတွေမှာ ဆက်တိုက်ပါဝင်လှုပ်ရှားခဲ့တာကြောင့် ပြည်သူတွေကboycottပြုလုပ်တဲ့ အနုပညာရှင်စရင်းထဲပါဝင်ခဲ့တာပါ။
ဒီနေ့မှာတော့ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် ဥဿဖယားလမ်းမှာနေထိုင်တဲ့ သူမရဲ့ နေအိမ်မှာ ဗုံးပေါက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီးဗုံးပေါက်မှုကြောင့် လူထိခိုက်မှုမရှိပေမယ့် အိမ်အတွင်းဘက်မှာရှိတဲ့ရေစင်ပြုတ်ကျပျက်စီးခဲ့ကြောင်းလည်း သိခဲ့ရပါတယ်။သူမရဲ့နေအိမ်ရှိရာပတ်ဝန်းကျင်အနီးတဝိုက်မှာလည်း စစ်ကောင်စီဘက်ကအစစ်အဆေးများပြုလုပ်နေတာပါ။
သူမအနေနဲ့ကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဘာမှပြောဆိုဖော်ပြထားခြင်းမရှိသေးပါဘူး။ သို့ပေမယ့်လည်း တချို့ပြည်သူတွေအတွက်ကတော့ သူမရဲ့လုပ်ရပ်တွေကို မျက်မုန်းကျိုးနေတာကြောင့် သူမရဲ့စစ်တပ်အားပေးမှုတွေရပ်တန့်ဖို့မျှော်လင့်နကြတာပါ။CeleChitThuပရိသတ်တွေလည်း ယဉ်လက်ကိုဘာပြောချင်လဲမှတ်ချက်ပေးခဲ့ကြပါဦးနော်။
ဇော်ဂျီဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published. Required fields are marked *