Source-Paing Phyo Thu
Candy –CeleKhitThit
ယူနီကုတ်ဖြင့်ဖတ်ရန်
“တော်လှန်ရေးမှာ အသက်ပေးလိုက်ရတဲ့သူတွေကိုငဲ့ပြီး အလှူရှင်တွေလက်မလျှော့လိုက်ဖို့ တိုက်တွန်းလိုက်တဲ့ပိုင်ဖြိုးသု”
CeleChitThuပရိသတ်ကြီးရေပိုင်ဖြိုးသုကတော့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်သူဖြစ်ပြီး ကလေးဆန်ဆန် ပျော်ပျော်နေတတ်သူဖြစ်ပေမယ့်ဘအခုလက်ရှိနိုင်ငံ့အရေးမှာတော့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ အတူ ပြည်သူတွေနဲ့တသားတည်းရှေ့ကဦးဆောင်ပြီး စစ်အာဏာရှင်တွေကိုဆန္ဒပြသပိတ်မှောက်လျက်ရှိနေကြတာပါ။ရရင်ရသလို အဘက်ဘက်ကနေ ပြည်သူတွေအတွက်အကျိုးရှိစေမယ့်စာအရေးအသားအားပေးမှုတွေအပြင်သတိပေးမှုတွေပါပြုလုပ်လျက်ရှိနေတဲ့ လေးစားစရာကောင်းတဲ့မင်းသမီးတစ်လက်ပါ။
ဒီနေ့မှာလည်းဒီတော်လှန်ရေးမှာအသက်ပေးခဲ့ရတဲ့ဘယ်တော့မှာအိမ်ပြန်လို့မရတော့တဲ့သူတွေရှိတယ်….အိုးပစ်အိမ်ပစ် တောခိုသွားရသူတွေရှိတယ်….အိုးအိမ်စွန့်ခွာ ပုန်းနေပြေးနေရသူတွေရှိတယ်….ကိုယ့်ပင်ကိုယ်အသက်မွေးဝမ်းကြောင်းတွေကိုစတေးပစ်လိုက်ရတဲ့ CDMဝန်ထမ်းတွေရှိတယ်။တော်လှန်ရေး ရက်ရှည်လာလို့ အားလုံးပင်ပန်းလာကြပြီဆိုတာနားလည်ပါတယ်။
အလှူရှင်တွေပမ်းကြရောပေါ့…ဒါပေမယ့်အားမလျှော့လိုက်ကြပါနဲ့…လွှတ်မချလိုက်ကြပါနဲ့ဦးနော်…အိမ်မပြန်နိုင်တော့သူတွေရဲ့ အသက်တွေအချည်းနှီးမဖြစ်စေဖို့…အိမ်ကိုစွန့်ခွာလာရသူတွေအိမ်ပြန်နိုင်ဖို့…
မိမိ careerတွေစတေးခဲ့ရသူတွေလူမှန်နေရာမှန်ပြန်ရောက်နိုင်ဖို့ဆက်လက်ကူညီပေးကြပါ…
ငွေအားနဲ့မကူနိုင်တော့ရင်တောင် အချိန်လေးတွေရရင်ရသလိုပေးလှူပေးကြပါ…
*Click2donate ရဲ့ daily missionတွေပါဝင်ပေးကြပါ… THA DIN appလေးသုံးပြီး သတင်းတွေဖတ်ပေးကြပါ…game ဆော့ရတာကြိုက်သူတွေအတွက် Su yadanar’s Adventures , Play2Support , PDF Hero တွေမှာgame တွေဝင်ဆော့ပေးကြပါ ငါတစ်ယောက်လက်လျှော့လိုက်လို့ဘာမှမထူးပါဘူးမထင်ပါနဲ့…အဲ့တစ်ယောက်တစ်ယောက်ချင်းတွေများလာလေလေတစ်ချို့တစ်ချို့တွေအတွက်အိမ်ပြန်ဖို့လမ်းတွေဝေးလေလေဖြစ်နေလို့ပါ…”ဆိုတဲ့စာလေးနဲ့ ပြည်သူတွေကို အင်အားတက်စေရန်တိုက်တွန်းပြောကြားခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့CeleChitThu ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source-Paing Phyo Thu
Candy –CeleKhitThit
Leave a Reply
Your email address will not be published. Required fields are marked *