

 



Candy – CeleChitThu
ယူနီကုတ်ဖြင့်ဖတ်ရန်

” ၂၀၂၀လောက်ထဲကစိတ်နှစ်ကာ သေချာ ပြင်ဆင်ခဲ့တဲ့ အနုပညာတစ်ခုကို ချပြတော့မယ်ဆိုတဲ့ ဘုန်းသီရိကျော်”

CeleChitThu ပရိသတ်ကြီးရေဘုန်းသီရိကျော်ကတော့လက်ရှိမှာဆိုရင်လည်းဇာတ်လမ်းတိုတွေအပြင် ကြော်ငြာလေးတွေလည်းရိုက်ကူးလာတာကိုတွေ့ရပါတယ်။စိုင်းစိုင်းရဲ့ Sai Cosmetix ပြိုင်ပွဲကနေစပြီးအနုပညာအလုပ်တွေစလုပ်ခဲ့တဲ့သူလေးလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့​”လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက Jennyတို့ လူငယ်တွေဦးဆောင်ပြီး စီစဉ်ခဲ့ကြတဲ့ Project လေး၊ ၂၀၂၁ လောက်မှာ ချပြနိုင်ဖို့ ရည်ရွယ်ချက်နဲ့ သေချာပြင်ဆင်လာခဲ့ပေမယ့် လက်ရှိ အခြေအနေအမျိုးမျိုးကြောင့် ပျက်မလိုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီကာလထဲ အခက်အခဲမျိုးစုံကြားက ရအောင် ကြိုးစားခဲ့ကြတာ အခုတော့ ဒီ Project လေးအောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပါပြီ။Jenny ကိုယ်တိုင်လည်း Script ရလို့ အားလုံး ဖတ်ပြီးတဲ့အချိန်မှာ အရမ်းသဘောကျခဲ့ရတဲ့အတွက် ရိုက်ကူးတဲ့အချိန်မှာလည်း သေချာစိတ်နှစ်ပြီး အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ Jenny နဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့ မျက်နှာသစ်သရုပ်ဆောင် အစ်ကို နဲ့လည်း Chemistry မိအောင် ကြိုးစားထားပါတယ်ရှင့်။

အားလုံး စိတ်နွမ်းလျနေတဲ့ ဒီလိုအချိန်မှာ လိုအပ်နေတဲ့ Project လေးတစ်ခုဖြစ်မယ် လို့လည်း Jenny ယုံကြည်ပါတယ်။ November ၁၁ရက်နေ့မှာ Jennyရဲ့ Page မှာပဲ တင်သွားမှာဖြစ်လို့ အားလုံးစောင့်မျှော်ပေးကြပါဦးနော် ။”ဆိုတဲ့စာလေးနဲ့ပရိသတ်တွေကိုအသိပေးပြောပြခဲ့တာပါ။ CeleChitThu ပရိသတ်တွေလည်း ဘုန်းသီရိကျော်ရဲ့ အနုပညာချပြမှုတွေကို မျှော်လင့်နေကြတယ်ဆိုရင် တစ်ခုခုပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ CeleChitThu ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : PhoneThiriKyaw
Candy – CeleChitThu

Leave a Reply

Your email address will not be published. Required fields are marked *