





Source : NanMweSan
Candy – CeleChitThu
ယူနီကုတ်ဖြင့်ဖတ်ရန်

” ထန်တလန်မြို့မှာ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အိမ်တွေမီးလောင်ဆုံးရှုံးခဲ့ရသူတွေအတွက် အလှူငွေ၁၀သိန်းလှူဒါန်းခဲ့တဲ့ နန်းမွေ့စံ”

CeleChitThu ပရိသတ်ကြီးရေ ဆက်စီမော်ဒယ်လ် နန်းမွေစံဟာမြန်မာနိုင်ငံရဲ့အမျိုးသားပရိသတ်တွေအားပေးဝန်းရံခံရတဲ့ မော်ဒယ်လ်တစ်ဦးပါ။ဒီနေ့မှာတော့ စစ်ကောင်စီမှ ထန်တလန်မြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အိမ်တွေရာနဲ့ချီ မီးလောင်ခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့အတွက် အလှူငွေ၁၀သိန်း လှူဒါန်းခဲ့တာပါ။

စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်ချင်းပြည်နယ် ထန်တလန်မြို့မှာ နေအိမ်ပေါင်း ၁၆၀ အပြင်ဘုရားရှိခိုးကျောင်း နှစ်ကျောင်းပါမီးလောင်ခဲ့ရတာပါ။ နန်းမွေ့စံကတော့ ”Thantlang Placement Affairs Committee (TPAC)”ဆီသို့ အလှူငွေ ၁၀သိန်းလှူဒါန်းခဲ့ကြောင်းကို ”ချင်းပြည်နယ် ထန်တလန် မီးဘေးသင့်ပြည်သူတွေအတွက် အလှူငွေ ၁၀ သိန်း လှူခဲ့ပါတယ် ”ဆိုကာ တင်လာခဲ့တာပါ။

ထန်တလန်မြို့အတွက်အခုလိုအကူအညီလိုနေချိန်မှာ ပါဝင်လှူဒါန်းခဲ့တဲ့ အနုပညာရှင်တွေများစွာ လိုအပ်နေတာတော့အမှန်ပါပဲနော်။CeleChitThu ပရိသတ်တွေလည်း နန်းမွေ့စံရဲ့အလှူအတွက်သာဓုခေါ်ခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ CeleChitThu ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : NanMweSan
Candy – CeleChitThu

Leave a Reply

Your email address will not be published. Required fields are marked *