သူ႔ရဲ႕ စည္းစိမ္ေတြကို အခြန္ေဆာင္ရာတြင္ အသုံးမျပဳလိုဘဲ အဂၤါျဂိဳလ္ေပၚလူေတြပို႔ခ်င္ေနတဲ႔ သူေဌးၾကီး Elon Musk

Elon Musk က သူ႔ရဲ႕ စည္းစိမ္ေတြကို အခြန္ေဆာင္ရာတြင္ အသုံးမျပဳလိုဘဲ လူသားေတြကို အဂၤါၿဂိဳဟ္သို႔ ပို႔ေဆာင္ရာတြင္ အသုံးျပဳလိုေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Tesla ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Elon Musk ဟာ ယခုသီတင္းပတ္အေစာပိုင္းတြင္ ဘီလီယံနာေတြ အခြန္ေဆာင္ဖို႔ အစီအစဥ္ အေပၚ ေဝဖန္လိုက္တဲ့အခါ တုန္လႈပ္ေခ်ာက္ခ်ားစရာေတာ့ ျဖစ္မလာပါဘူး။

ကမာၻေပၚတြင္ အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္တဲ့ ဘီလီယံနာဟာ သူ႔ရဲ႕ ႀကီးမားလွတဲ့ ႂကြယ္ဝခ်မ္းသာမႈအတြက္ လူသားမ်ိဳးႏြယ္ကို အျပန္အလွန္ သြားလာလို႔ ရတဲ့ ၿဂိဳဟ္ျဖစ္ေအာင္ ျပဳလုပ္မယ့္ အျခားရည္မွန္းခ်က္ေတြ ရွိပါတယ္။

ကြၽန္ေတာ့္ရဲ႕ အစီအစဥ္က လူသားေတြကို အဂၤါၿဂိဳဟ္ဆီ ေရာက္ဖို႔နဲ႔ အသိဥာဏ္အလင္းကို ထိန္းသိမ္းဖို႔ ပိုက္ဆံကို အသုံးျပဳဖို႔ပါပဲလို႔ Musk က တြစ္တာတြင္ ေရးသားခဲ့ပါတယ္။

Tesla ဟာ ယခုသီတင္းပတ္အတြင္း အငွားကားကုမၸဏီ Hertz နဲ႔ သေဘာတူညီခ်က္ႀကီး ေၾကာင့္ Musk ရဲ႕ ကိုယ္ပိုင္အသားတင္ပိုင္ဆိုင္မႈဟာ ေဒၚလာ ၃၀၀ ဘီလီယံေက်ာ္အထိ ေရာက္ရွိသြားတာပါ။

ရွင္းရွင္းလင္းလင္းေျပာရလွ်င္ အမ်ားစုမွာ ရွယ္ယာေတြ ေၾကာင့္ ျဖစ္ေသာ္လည္း လုံးဝညစ္ညမ္းတဲ့ ေငြေၾကးပမာဏတစ္ခု ျဖစ္ပါတယ္။

Musk ဟာ အလြန္ ခ်မ္းသာသူေတြက ဤမွ်ေလာက္သာ ေပးေခ်ႏိုင္တယ္ဆိုတဲ့ သာမာန္ ေရွး႐ိုးစြဲ ေျပာဆိုတဲ့အခ်က္ကို အသုံးျပဳခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံရဲ႕ ေႂကြးၿမီက ေဒၚလာ ၂၈,၉၀၀ ဘီလီယံ ဒါမွမဟုတ္ အခြန္ထမ္း တစ္ဦးအတြက္ ေဒၚလာ ၂၂၉,၀၀၀ အေႂကြးတင္ေနတာ ျဖစ္ပါတယ္။

သန္းႂကြယ္သူေဌးေတြအားလုံးကို ၁၀၀ ရာခိုင္ႏႈန္း အခြန္ေကာက္တာေတာင္မွ အဲဒီအေရအတြက္က နည္းနည္းေလးပဲ ျဖစ္ျဖစ္သြားတာဆိုေတာ့ က်န္တဲ့ဟာေတြက သာမန္ ျပည္သူေတြဆီကေန လာရမွာေပါ့။

ဒါက အေျခခံသခ်ၤာပဲ လို႔ Musk က တြစ္တာတြင္ ေျပာဆိုထားပါတယ္။

ရယ္စရာေကာင္းတာက Musk ဟာ Fortune က ေထာက္ျပထားတဲ့အတိုင္း ၂၀၁၀ ခုႏွစ္မွာ US Energy Department က ေခ်းေငြ ေဒၚလာ ၄၆၅ သန္း အပါအဝင္ သူ႔ရဲ႕စီးပြားေရးလုပ္ငန္းေတြ ႀကီးထြားလာဖို႔အတြက္ အစိုးရအသုံးစရိတ္ကို မၾကာခဏ မွီခိုေနရပါတယ္။

ထို႔အျပင္ NASA ရဲ႕ Human Landing System ဟာလည္း လဆင္းယာဥ္ကို တီထြင္ရန္အတြက္ SpaceX ကို ေဒၚလာ ၂.၉ ဘီလီယံ စာခ်ဳပ္ျဖင့္ ႏွစ္ေပါင္းမ်ားစြာ ေပးေခ်ခဲ့ၿပီး ျဖစ္ပါတယ္။

Musk မွာ ေနာက္ဆုံး ရယ္ေမာစရာရွိေသာ္လည္း သူ႔ရဲ႕ တြစ္တာေတြေၾကာင့္ မဟုတ္ပါဘူး။

ဘီလီယံနာေတြကို အခြန္ေကာက္ခံမႈ အစီအစဥ္ဟာ ဒီမိုကရက္တစ္ပါတီတြင္းမွ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရၿပီး ၎ကို တုန္လႈပ္ေခ်ာက္ခ်ားေစပါတယ္။

SpaceX အမႈေဆာင္အရာရွိခ်ဳပ္က လူသားေတြ ၿပီးေျမာက္ေအာင္ျမင္ႏိုင္တဲ့ အေကာင္းဆုံးအရာက တျခားၿဂိဳလ္ေတြ အထူးသျဖင့္ အဂၤါၿဂိဳဟ္ေပၚမွာ အေျခစိုက္စခန္းေတြ ထူေထာင္ဖို႔ ျဖစ္တယ္လို႔ ကာလရွည္ၾကာ ထင္ျမင္ယူဆခဲ့ပါတယ္။

ဒါေပမယ့္ Musk က ကမာၻေျမအေၾကာင္း ေမ့သြားၿပီလား။

သူ႔ရဲ႕ ႀကီးမားလွတဲ့ ခ်မ္းသာႂကြယ္ဝမႈဟာ ကြၽန္ေတာ္တို႔ရဲ႕အိမ္ ကမာၻေျမအေပၚ ႀကီးမားတဲ့ အျပဳသေဘာေဆာင္တဲ့ သက္ေရာက္မႈေတြ ရွိလာႏိုင္ပါတယ္။

Musk ရဲ႕ အသားတင္ပိုင္ဆိုင္မႈဟာ ယခုသီတင္းပတ္အတြင္း ေဒၚလာ ၃၆ ဘီလီယံေက်ာ္ တိုးလာခဲ့ပါတယ္။

ကြၽန္ေတာ္တို႔ တျခားၿဂိဳဟ္ေတြဆီကို မေရာက္ဘူးဆိုရင္ အစာေရစာ ငတ္မြတ္ေနတဲ့ လူ ၄၂ သန္းကို ကူညီေပးႏိုင္ဖို႔ အဲဒီထဲကမွ ေဒၚလာ ၆ ဘီလီယံသာလိုပါတယ္။

ဒါက မရႈပ္ေထြးပါဘူးလို႔ ကုလသမဂၢရဲ႕ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ အႀကီးအကဲ David Beasley က CNN ကို ေျပာပါတယ္။

Crd

Unicode

Elon Musk က သူ့ရဲ့ စည်းစိမ်တွေကို အခွန်ဆောင်ရာတွင် အသုံးမပြုလိုဘဲ လူသားတွေကို အင်္ဂါဂြိုဟ်သို့ ပို့ဆောင်ရာတွင် အသုံးပြုလိုကြောင်း ပြောကြားခဲ့ပါတယ်။

Tesla ရဲ့ အမှုဆောင်အရာရှိချုပ် Elon Musk ဟာ ယခုသီတင်းပတ်အစောပိုင်းတွင် ဘီလီယံနာတွေ အခွန်ဆောင်ဖို့ အစီအစဉ် အပေါ် ဝေဖန်လိုက်တဲ့အခါ တုန်လှုပ်ချောက်ချားစရာတော့ ဖြစ်မလာပါဘူး။

ကမ္ဘာပေါ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဘီလီယံနာဟာ သူ့ရဲ့ ကြီးမားလှတဲ့ ကြွယ်ဝချမ်းသာမှုအတွက် လူသားမျိုးနွယ်ကို အပြန်အလှန် သွားလာလို့ ရတဲ့ ဂြိုဟ်ဖြစ်အောင် ပြုလုပ်မယ့် အခြားရည်မှန်းချက်တွေ ရှိပါတယ်။

ကျွန်တော့်ရဲ့ အစီအစဉ်က လူသားတွေကို အင်္ဂါဂြိုဟ်ဆီ ရောက်ဖို့နဲ့ အသိဥာဏ်အလင်းကို ထိန်းသိမ်းဖို့ ပိုက်ဆံကို အသုံးပြုဖို့ပါပဲလို့ Musk က တွစ်တာတွင် ရေးသားခဲ့ပါတယ်။

Tesla ဟာ ယခုသီတင်းပတ်အတွင်း အငှားကားကုမ္ပဏီ Hertz နဲ့ သဘော တူညီချက်ကြီး ကြောင့် Musk ရဲ့ ကိုယ်ပိုင်အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၃၀၀ ဘီလီယံကျော်အထိ ရောက်ရှိသွားတာပါ။

ရှင်းရှင်းလင်းလင်းပြောရလျှင် အများစုမှာ ရှယ်ယာတွေ ကြောင့် ဖြစ်သော်လည်း လုံးဝညစ်ညမ်းတဲ့ ငွေကြေးပမာဏတစ်ခု ဖြစ်ပါတယ်။

Musk ဟာ အလွန် ချမ်းသာသူတွေက ဤမျှလောက်သာ ပေးချေနိုင်တယ်ဆိုတဲ့ သာမာန် ရှေးရိုးစွဲ ပြောဆိုတဲ့အချက်ကို အသုံးပြုခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ကြွေးမြီက ဒေါ်လာ ၂၈,၉၀၀ ဘီလီယံ ဒါမှမဟုတ် အခွန်ထမ်း တစ်ဦးအတွက် ဒေါ်လာ ၂၂၉,၀၀၀ အကြွေးတင်နေတာ ဖြစ်ပါတယ်။

သန်းကြွယ်သူဌေးတွေအားလုံးကို ၁၀၀ ရာခိုင်နှုန်း အခွန်ကောက်တာတောင်မှ အဲဒီအရေအတွက်က နည်းနည်းလေးပဲ ဖြစ်ဖြစ်သွားတာဆိုတော့ ကျန်တဲ့ဟာတွေက သာမန် ပြည်သူတွေဆီကနေ လာရမှာပေါ့။

ဒါက အခြေခံသင်္ချာပဲ လို့ Musk က တွစ်တာတွင် ပြောဆိုထားပါတယ်။

ရယ်စရာကောင်းတာက Musk ဟာ Fortune က ထောက်ပြထားတဲ့အတိုင်း ၂၀၁၀ ခုနှစ်မှာ US Energy Department က ချေးငွေ ဒေါ်လာ ၄၆၅ သန်း အပါအဝင် သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ ကြီးထွားလာဖို့အတွက် အစိုးရအသုံးစရိတ်ကို မကြာခဏ မှီခိုနေရပါတယ်။

ထို့အပြင် NASA ရဲ့ Human Landing System ဟာလည်း လဆင်းယာဉ်ကို တီထွင်ရန်အတွက် SpaceX ကို ဒေါ်လာ ၂.၉ ဘီလီယံ စာချုပ်ဖြင့် နှစ်ပေါင်းများစွာ ပေးချေခဲ့ပြီး ဖြစ်ပါတယ်။

Musk မှာ နောက်ဆုံး ရယ်မောစရာရှိသော်လည်း သူ့ရဲ့ တွစ်တာတွေကြောင့် မဟုတ်ပါဘူး။

ဘီလီယံနာတွေကို အခွန်ကောက်ခံမှု အစီအစဉ်ဟာ ဒီမိုကရက်တစ်ပါတီတွင်းမှ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ၎င်းကို တုန်လှုပ်ချောက်ချားစေပါတယ်။

SpaceX အမှုဆောင်အရာရှိချုပ်က လူသားတွေ ပြီးမြောက်အောင်မြင်နိုင်တဲ့ အကောင်းဆုံးအရာက တခြားဂြိုလ်တွေ အထူးသဖြင့် အင်္ဂါဂြိုဟ်ပေါ်မှာ အခြေစိုက်စခန်းတွေ ထူထောင်ဖို့ ဖြစ်တယ်လို့ ကာလရှည်ကြာ ထင်မြင်ယူဆခဲ့ပါတယ်။

ဒါပေမယ့် Musk က ကမ္ဘာမြေအကြောင်း မေ့သွားပြီလား။

သူ့ရဲ့ ကြီးမားလှတဲ့ ချမ်းသာကြွယ်ဝမှုဟာ ကျွန်တော်တို့ရဲ့အိမ် ကမ္ဘာမြေအပေါ် ကြီးမားတဲ့ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

Musk ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ယခုသီတင်းပတ်အတွင်း ဒေါ်လာ ၃၆ ဘီလီယံကျော် တိုးလာခဲ့ပါတယ်။

ကျွန်တော်တို့ တခြားဂြိုဟ်တွေဆီကို မရောက်ဘူးဆိုရင် အစာရေစာ ငတ်မွတ်နေတဲ့ လူ ၄၂ သန်းကို ကူညီပေးနိုင်ဖို့ အဲဒီထဲကမှ ဒေါ်လာ ၆ ဘီလီယံသာလိုပါတယ်။

ဒါက မရှုပ်ထွေးပါဘူးလို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် အကြီးအကဲ David Beasley က CNN ကို ပြောပါတယ်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *