

 

စစ်ကောင်စီဘက်ကဖိတ်ကြားချက်ကိုသွားရောက်ခဲ့ရတဲ့အကြောင်းကတော့ “ကျွန်တော်ရန်အောင်ရဲ့သစ္စာစကားပါ ခင်ဗျာ..ဇေယျာသီရိဗိမ္မာန်မှာ တွေ့ဆုံပွဲလေးတက်ပေးဖို့ ဖိတ်ကြားခံခဲ့ရပါတယ်၊အချိန်တော်တော်ကြာကြာ စဉ်းစားခဲ့ပါတယ်၊မလွတ်မြောက်သေးတဲ့ ကျွန်တော့ရဲ့အနုပညာညီအစ်ကိုမောင်နှမတွေအတွက် ပြောဆိုတင်ပြဖို့ အခွင့်အရေးလေးတစ်ခု ရနိုင်ခဲ့ရင် ဆိုတဲ့ မျှော်လင့်ချက်တစ်ခုထဲနဲ့


Candy – CeleChitThu

” ဖမ်းဆီးခံထားရတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေအတွက် ပြောဆိုတင်ပြဖို့ စစ်ကောင်စီရဲ့ဖိတ်ကြားမှုကိုသွားရောက်ခဲ့တယ်ဆိုတဲ့ ရန်အောင်”

CeleChitThu ပရိသတ်ကြီးရေလတ်တလောမှာတော့ ဂယက်ထားသွားခဲ့ရတဲ့ အနုပညာရှင်တွေထဲကတစ်ယောက်ဖြစ်တဲ့ ရန်အောင်ကတော့ပရိသတ်ကို ဖြေရှင်းချက်ပြန်လည်ပေးလာပြီပဲ ဖြစ်ပါတယ်။ ဖြေရှင်းချက်တွေပေးနေပေမယ့်လည်း ပရိသတ်တွေကတော့ စိတ်ဆိုးလျက်ရှိနေကြဆဲပါပဲနော်။

စစ်ကောင်စီဘက်ကဖိတ်ကြားချက်ကိုသွားရောက်ခဲ့ရတဲ့အကြောင်းကတော့ “ကျွန်တော်ရန်အောင်ရဲ့သစ္စာစကားပါ ခင်ဗျာ..
ဇေယျာသီရိဗိမ္မာန်မှာ တွေ့ဆုံပွဲလေးတက်ပေးဖို့ ဖိတ်ကြားခံခဲ့ရပါတယ်၊အချိန်တော်တော်ကြာကြာ စဉ်းစားခဲ့ပါတယ်၊မလွတ်မြောက်သေးတဲ့ ကျွန်တော့ရဲ့အနုပညာညီအစ်ကိုမောင်နှမတွေအတွက် ပြောဆိုတင်ပြဖို့ အခွင့်အရေးလေးတစ်ခု ရနိူင်ခဲ့ရင် ဆိုတဲ့ မျှော်လင့်ချက်တစ်ခုထဲနဲ့
ဒီပွဲကိုတက်မယ်လို့ ဆုံးဖြတ်တက်ရောက်ခဲ့ပါတယ်၊ဒိထက်ပိုပြီး ဘာအပေးအယူဘာမျှော်လင့်ချက်မှ မရှိခဲ့ပါဘူး..။

ကျွန်တော့်စေတနာအမှန်ကြောင့် မလွတ်မြောက်သေးတဲ့အနုပညာရှင်ညီအစ်ကိုမောင်နှမတွေ အမြန်ဆုံးလွတ်မြောက်ဖို့အရေးကို သက်ညှာစွာစဉ်းစားပေးဖို့ တင်ပြခွင့်ရခဲ့ပါတယ်.ဒါဟာ ဒီပွဲကိုတက်ရောက်ခဲ့တဲ့ အကြောင်းရင်းမှန်ကန် တဲ့ကျွန်တော့်ရဲ့ သစ္စာစကားပါ…
အခုလို စေတနာအမှန်ရဲ့ သစ္စာစကားကြောင့် ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့စွာနေထိုင်ရပါစေသား။အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။”ဆိုတဲ့စာလေးနဲ့ ရင်ဖွင့်ပြောပြခဲ့တာပါ။ CeleChitThu ပရိသတ်တွေလည်း ရန်အောင်ရဲ့ဖြေရှင်းချက်ကို တစ်ခုခုမှတ်ချက်ပေးခဲ့ပါဦးနော်။

Candy – CeleChitThu

Leave a Reply

Your email address will not be published. Required fields are marked *