








Crd..Htoo Htoo San San

Unicode

ဖျက်အားပြင်း လေဆာရောင်ခြည် လက်နက်သစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံ

လက်နက်ရေးရာနဲ့ပတ်သတ်ရင် ကမ္ဘာပေါ်မှာ အမြဲနံပါတ် ၁ ဖြစ်နေခဲ့တဲ့ အမေရိကန်နိုင်ငံဟာ အခုဆိုရင်လဲ နောက်ထပ်လက်နက်သစ်တစ်မျိုးကို စမ်းသပ်အောင်မြင်ခဲ့ပါပြီ။

အဆိုပါလက်နက်ကတော့ လေဆောရောင်ခြည်လက်နက်သစ်ပဲ ဖြစ်ပါတယ်။ အဆိုပါလေဆာလက်နက်သစ်ကို အမေရိကန် Navy စစ်သင်္ဘောတွေမှ စမ်းသပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

လေဆာရောင်ခြည်လက်နက်ဟာ များသောအားဖြင့် ကျွန်တော်တို့တွေ သိပ္ပံဇာတ်ကားတွေထဲမှာသာ မြင်တွေ့ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။ လက်ရှိ အမေရိကန်ရေတပ်က တီထွင်ခဲ့တဲ့ လေဆာရောင်ခြည်လက်နက်သစ်ဟာ အဆင့်မြင့်

လက်နက်အမျိုးအစားတစ်ခုဖြစ်ပြီး လေထဲကလာတဲ့ ဘယ်အရယမဆို တစ်ခဏလေးအတွင်းမှာ ဖျက်ဆီးပစ်နိုင်ကြောင်း သိရှိရပါတယ်။ အောက်က ဗီဒီယိုကတော့ အမေရိကန်စစ်သင်္ဘောတစ်ခုမှာ စမ်းသပ်ထားတဲ့ ဗီဒီယိုပဲ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ လေထဲမှာ ပျံသန်းနေတဲ့ မောင်းသူမဲ့ ဒရုန်းလေယာဉ်တစ်စီးကို လေဆာရောင်ခြည်နဲ့ လေထဲမှာတင်ပဲ ဖျက်ဆီးပစ်လိုက်တာ ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုဟာ ပစိဖိတ်သမုဒ္ဓရာထဲမှာပဲ စမ်းသပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပြီး ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ စမ်းသပ်ခဲ့လဲဆိုတာကိုတော့ တရားဝင်ပြောကြားခြင်း မရှိခဲ့ပါဘူး။

“ဒီလေဆာရောင်ခြည်လက်နက်သစ်ကို စမ်းသပ်တီထွင်နေတာ ကြာပါပြီ။ အခုအချိန်မှာတော့ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ပထမဦးဆုံး လေဆာရောင်ခြည်လက်နက်သစ်ကို တီထွင်နိုင်ခဲ့ပါပြီ။

ဒီလက်နက်ဟာ လေထဲမှာ ရှိသမျှအရာတွေကို စက္ကန့်ပိုင်းအတွင်း ဖျက်ဆီးပစ်နိုင်ပါတယ်” လို့ အမေရိကန်ရေတပ်မှ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောကြားခဲ့ပါတယ်။
Crd..Htoo Htoo San San

Leave a Reply

Your email address will not be published. Required fields are marked *