Rapper အမျိုးသမီးအဆိုတော် စန္ဒီမြင့်လွင်ကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ စန္ဒီမြင့်လွင်ကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ Rapper အမျိုးသမီးအဆိုတော်တွေထဲက နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်ပြီး Rapper အပြင်ကို R&B အမျိုးအစားကိုပါ သီဆိုနိုင်သူပဲဖြစ်ပါတယ်နော်.။ ချစ်စရာကောင်းပြီး ပွင့်လင်းစွာ ပြောတတ်ကာ အမြဲ တက်ကြွ နေတတ်တဲ့ သူမရဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေက အချစ်ပိုနေရသူလေးလို့ ဆိုရင်မှားမယ် မထင်ပါဘူး.။ စန္ဒီမြင့်လွင်ကတော့ အချစ်ရေးမှာ Dating သတင်းတွေ ထွက်တာမျိုးမရှိဘဲ လက်ထပ်တော့မယ့် အချိန်မှ အမျိုးသားဖြစ်မယ့် ခင်ပွန်းလောင်းကို ချပြကာ လက်ထပ်ခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေး ထရက်ရှာလေးကိုပါ ပိုင်ဆိုင်ကာ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေသူပါ.။
အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လေး ပြန်လုပ်နေသလို သီချင်းသစ်တွေကိုလည်း ထွက်ရှိထားပြီး အခုလို Covid ကာလမှာတော့ မိသားစုအတွက် အချိန်ပေးဖြစ်ကာ အိမ်မှာပဲနေထိုင်ဖြစ်နေတဲ့ စန္ဒီမြင့်လွင်ကတော့ သူမတို့ မိသားစုလေးရဲ့ နေ့စဉ်လှုပ်ရှားမှု ဗီဒီယိုဖိုင်လေးတွေကို တင်လေ့ရှိသူပဲဖြစ်ပါတယ်နော်.။ဒီနေ့ စက်တင်ဘာလ (၁၀)ရက်နေ့မှာလည်း စန္ဒီမြင့်လွင်က သမီလေးနဲ့အတူတူ မိသားစုသုံးယောက် အိမ်နားလေးမှာပဲ ငါးစာသွားကျွေးဖြစ်တဲ့ ဗီဒီယိုဖိုင်လေးကို “ဖေဖေရယ်မေမေရယ်နဲ့ ဟိုရက်က အိမ်နားမှာ ငါးစာသွားကျွေးဖြစ်တယ်.။ ထရက်ရှာကတော့ ငါးစာလည်း ယူစားပလိုက်တာပဲ.။ #Tresure’s family” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
ချစ်စရာကောင်းတဲ့ သမီးလေး ထရက်ရှာလေးကို မရိုးတဲ့ အတွေ့အကြုံအသစ်လေးတွေ ပေးကာ ပျော်စရာအမှတ်တရလေးတွေကို ဖန်တီးပြီး ပျော်ရွှင်နေတဲ့ စန္ဒီမြင့်လွင်တို့ မိသားစုသုံးယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Sandy Myint Lwin’s Facebook