တောင်ကိုရီးယားရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေကို ကြည့်ရင် အရမ်းကို ရိုမန်တစ်ဆန်တာကို တွေ့ရမှာပါ။ဇာတ်လ မ်းတွေထဲမှာ တင်မဟုတ်ပါဘူး။သူတို့ရဲ့ တကယ့် life မှာပါ ရိုမန်တစ် ဆန်ပြီး ချစ်တတ်ကြတယ်ဆိုတာကို ဒီဆယ်လီ အမျိုးသားတွေက သက်သေပြနေပါတယ်။တောင်ကိုရီးယား ရဲ့ အချစ်တတ်ဆုံး စံပြခင်ပွန်းတွေကတော့..
(1)Rain
Rain တစ်ယောက် Kim Tae Hee အပေါ် ဘယ်လောက် ချစ်သလဲ ဆိုတာကို ပရိသတ်တွေ အကုန်သိကြပါတ ယ်။Rain တစ်ယောက် စစ်မှု ထမ်းနေတဲ့ အချိန်တည်းက သူတို့ နှစ်ယောက် တွဲ လာခဲ့ကြတာဖြစ်ပြီး ဒီနှစ်အစောပိုင်း ကမှ လက်ထပ်ထားတဲ့ စုံတွဲပါ။Rain တစ်ယောက် သူ့ရဲ့ ချစ်ဇနီးကို ဘယ်လောက်တောင်မှ ချစ်သလဲ ဆိုရင်တော့ “သူမက အမြဲတမ်း လှနေပါ တယ်။အ လှဆုံးအချိန်ကတော့ အစားစားနေတဲ့ အချိန်ပါ” လို့ ပြောခဲ့ပါတယ်။
သူ့ရဲ့ ဂီတဖျော်ဖြေပွဲ တွေမှာ လည်း သူတို့နှစ်ဦးသာ သိတဲ့ လျှို့ဝှက်သင်္ကေတ secret code တွေကို သုံးပြီး သူ့ရဲ့ အချစ်ေ တွကို ပြသခဲ့ဖူးပါတယ်လို့လည်း Rain က ၀န်ခံခဲ့ပါတယ်။အခုဆိုရင်တော့ Kim Tae Hee တစ်ယောက် Rain ရဲ့ ရင်သွေးလေးကို လွယ်ထားပါတယ်။
(2)Ahn Jae Hyun
Ahn Jae Hyun နဲ့ Ku Hye Sun တို့ကတော့ “Newlywed Diary.” ရဲ့ ပထမဆုံး Season မှာ ပေါ်လာတဲ့ စုံတွဲပါ။Blood ဒရမ်မာ ဇာတ်လမ်းတွဲက သူတို့ နှစ်ယောက်ကို ဆုံဆည်းစေခဲ့တဲ့ ဖူးစာရေးနတ်လို့ တောင်ပြောလို့ရပါ တယ်။အတူတူ တွဲပြီး အလုပ်လုပ်ခဲ့တဲ့ အချိန်တွေတုန်း ကဆို ရင် Ku Hye Sun ရဲ့ ဆွဲဆောင်မှု အောက်ကနေ လုံးဝ ရုန်းမထွက် နိုင်အောင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ထပ်ပြီးတဲ့ အခါမှာ ဘာကို အပျော်ဆုံးလဲ လို့ မေးတဲ့ အခါမှာတော့ ” အရာအားလုံး ပါပဲ။လက်ထပ်ပြီးတော့ငွေတို့၊ဖက်ရှင်တို့ကို လည်း စိတ်မ၀င်စားတော့ ဘူး။ကျွန်တော့် မိန်းမ တစ်ယောက် တည်းကိုပဲ စိတ်ဝင်စားတော့တယ်” လို့ ဖြေခဲ့ပါတယ်။
(3)Park Myung Soo
MC Park Myung Soo ကတော့ လက်ရှိမှာ “Single Wife” ဆိုတဲ့ အစီအစဉ်မှာ ဇနီးဖြစ်သူ Han Soo Min နဲ့ အတူပါဝင်နေပါတယ်။သူ့ရဲ့ မိန်းမက မကြာသေးမီက မှ ပြောခဲ့တာကတော့ “ကျွန်မ ယောက်ျားက ကျွန်မ အတွက် အမြဲတမ်း စိုးရိမ်ပေးတယ်။အမြဲကြင်နာတယ်။နောင် ဘ၀မှာ လူပြန်ဖြစ်ခဲ့ရင် သူ့ကိုပဲ ထပ်ပြီးတော့ လက်ထပ်မယ်” လို့ ပြောခဲ့ပါတယ်။
Park Myung Soo ရဲ့ ဇနီးအပေါ် ထားတဲ့ အချစ်ကတော့ တကယ့်ကို အံ့မခန်းပါပဲ။တော်ရုံယောက်ျားတွေမှာ မရှိတဲ့ ဇွဲ သူ့ဆီမှာရှိပါတယ်။(၁၄)ကြိမ်လောက် Propose လုပ်ခဲ့ရပြီးမှ နောက်ဆုံး သူမဆီက yes အဖြေကို ရခဲ့သူပါ။လက်ထပ်ပြီးတာ နှစ်အတော်ကြာပြီဆိုပေမယ့် တစ်နေ့မှာ အကြိမ် (၂၀) လောက် မိန်းမ ကို ခေါ်နေ၊တနေတတ်သူပါ။
4. Lee Sang Soon
Lee Hyori ရဲ့ ယောက်ျားကတော့ “Hyori ရဲ့ Homestay” မှာ ပါရင်းနဲ့ ပရိသတ် အချစ်ကို ရခဲ့သူပါ။ဇနီးကို ဂရုစိုက်တတ်တဲ့ ခင်ပွန်းပါ။ “မင်းသေရင် ငါလည်း မင်းနဲ့ အတူ သေမယ်” ဆိုပြီး ပြောတတ်သူပါ။Lee Hyori ကလည်း နောင်ဘ၀မှာလည်း Lee Sang Soon ကိုပဲ လက်ထပ် မယ်လို့ ပြောခဲ့ပါတယ်။
5. Ji Sung
Ji Sung နဲ့ Lee Bo Young တို့ဟာ ၂၀၁၃ ကလက်ထပ်ခဲ့တာပါ။“Save the Last Dance for Me” ဆိုတဲ့ ဇာတ်ကားမှာ ဆုံပြီး တွဲခဲ့သူတွေပါ။ပွဲလေးတွေ၊လက်ဆောင်လေးတွေက သူတို့ ချစ်ခရီးလမ်းရဲ့ အစိတ်အပိုင်းလေးတွေ ပါ။Ji Sung ဟာ ကိုယ်ဝန်ဆောင် ဇနီးသည် Lee Bo Young အံ့သြသွားအောင် Lee Bo Young ရဲ့ famous baby shower ကို လုပ်ပေးဖို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စီစဉ်ခဲ့ဖူးပါတယ်။အနုပညာ ခရီးလမ်းမှာလည်း တစ်ယောက်ကို တစ်ယောက် ပံ့ပိုးပေးတဲ့ တကယ့်ကို ချစ်စရာကောင်းတဲ့ စုံတွဲလေးပါ။
6. Yu Xiaoguang

ကိုရီးယား ဆယ်လီတွေ ဆိုပေမယ့် တရုတ်မင်းသားနဲ့ကိုရီးယား မင်းသမီး စုံတွဲ တစ်တွဲကိုပါ ဒီစာရင်းထဲမှာ ထည့်ထား ပါတယ်။ တရုတ်မင်းသား Yu Xiaoguang “Same Bed, Different Dreams 2.” ဆိုတဲ့ variety show မှာ သူ့ရဲ့ အချစ်တွေကို ပြခဲ့ပါတယ်။ဇနီးဖြစ်သူ ကိုရီးယား မင်းသမီး Choo Ja Hyun ကို ရေချိုးပေးတဲ့ အပြင် သူမရဲ့ ပုံတူ ပန်းချီကားကို လက်ဆောင် ပေးတဲ့ အတွက် ဇနီးသည်ခမျာ ပျော်လွန်းလို့ မျက်ရည် ကျခဲ့ပါတယ်။
အလုပ်များ နေတဲ့ သူ့ ကြောင့် မိန်းမကို အထီးကျန်မှာ စိုးရိမ်ကြောင်းနဲ့ “မင်းကို မြင်လိုက်တိုင်းမှာ ငါ့နှလုံးသား နာကျင်ရတယ်” ဆိုပြီး ပြောခဲ့ပါတယ်။Choo Ja Hyun ကတော့ “ Yu Xiaoguang ရဲ့ အကြောင်းကို တွေးလို က်ရင် ငိုမိတယ်။အများကြီး စိတ်မကောင်းဖြစ်ရတယ်။အားနာ မိတယ်။” ဆိုပြီး အပြန်အလှန် အား နာပြီး တစ်ဦးအပေါ် တစ်ဦး ဂရုဏာ သက်နေကြတဲ့ စုံတွဲပါ။
7. Cha Tae Hyun
မိသားစုကို အရမ်း ဂရုစိုက်တတ်သူ လို့ နာမည်ကြီးသူပါ။ဒါတင် မက သေးပါဘူး။ဇနီး ဖြစ်သူက သူ့ရဲ့ အချစ်ဦး ဖြစ်ပြီး အချစ်ဦးနဲ့ လက်ထပ်ခွင့်ရတဲ့ ကံကောင်းသူပါ။အထက်တန်းကျောင်း ပထမနှစ် တည်းက ဆုံခဲ့ပြီး (၁၃)နှစ်လောက် တွဲခဲ့ကာ (၂၀၀၆)မှာ လက်ထပ်ခဲ့တာပါ။တကယ့်ကို သစ္စာ ကြီး တဲ့ စုံတွဲပါ။
သူတို့ တွဲနေတဲ့ အချိန်ကဆိုရင် ချစ်သူကို (လက်ရှိသူ့ဇနီး)တောင်းပန်ဖို့ အတွက် ကားရိုက် နေတဲ့ ကြားက Jeju အထိကို သွားခဲ့သူပါ။လွန်ခဲ့တဲ့ နှစ်တော်တော်ကြာလောက်က ပေးထားခဲ့တဲ့ ဇနီးရဲ့ စာကို ခုထိ သူ့ရဲ့ ပိုက်ဆံ အိတ်ထဲမှာ သိမ်းထားတဲ့ တကယ့်ကို ရှာမှရှား ခင်ပွန်းပါ။
8. HaHa
HaHa နဲ့Byul တို့စုံတွဲကလည်း မကြာခဏ ဆိုသလို သူတို့ရဲ့ ပျော်စရာ ကောင်းတဲ့ အိမ်ထောင် ရေးအကြောင်းကို ဝေမျှ လေ့ရှိပါတယ်။Byul ကတော့ အရင်ဆုံး လက်ထပ်ပွဲ မကျင်းပခင်မှာ လက် ထပ်ကြောင်း စာရင်းသွင်းပေးခဲ့တဲ့ အတွက် ခင်ပွန်းကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ “ကျွန်မ ခင်ပွန်းက အဖေဆုံးတော့ ဈာပနပွဲမှာ သူပဲ ဦးဆောင် လုပ်ကိုင်ပေးခဲ့ပါတယ်။ကျွန်မတို့ လက် ထ ပ်ပြီးစီးကြောင်း စာရင်း သွင်းခဲ့ပြီး ပြီဆိုတာကို သိပြီးမှ အဖေဆုံးခဲ့တာပါ” လို့ ဆိုပါတယ်။
ဖခင် ဖြစ်သူ စိတ်ချလက်ချ ဖြစ်ဖို့ အတွက် သူမရဲ့ ဆန္ဒကို လိုက်လျောပေးတဲ့ ခင်ပွန်းသည်ကို ကျေးဇူး တင်နေတာပါ။ကွယ်လွန်သွားတဲ့ ဖခင်ရဲ့ ကိုယ်စား ခင်ပွန်းသည် HaHa က သူမကို စောင့် ရှောက် ပေးခဲ့တယ်လို့ Byul ကပြောခဲ့ပါတယ်။
credit-Auntymay (ref;soompi)