သင့္ရဲ႕အခ်စ္ကို မွားယြင္းစြာ ေဖာ္ျပမိေနတဲ့ နည္းလမ္း ၁၀ ခ်က္

၁။ ဆိုရွယ္မီဒီယာမွာ ေျခရာခံေနတတ္ျခင္း

သူ႔ရဲ႕ ဆိုရွယ္မီဒီယာအေကာင့္ကို တခါတေလစစ္ေဆးတာဟာ ျပႆနာမဟုတ္ပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ activity ေတြကို ေန႔တိုင္းစစ္ေဆးေနတာ သူ႔အေကာင့္ရဲ႕ password ေတာင္းၿပီး သူလႈပ္ရွားေနသမွ်ေနကို ေျခရာခံေနတာေတာ့ မျဖစ္သင့္ပါဘူး။

ယခုလို social media moniter လုပ္ေနတတ္တဲ့ အမူအက်င့္ကို ျပင္ဆင္ဖို႔လိုပါတယ္။ သူဟာသင့္ရဲ႕ယုံၾကည္ထိုက္သူတစ္ေယာက္ျဖစ္ၿပီး သင့္ကိုမထိခိုက္သေ႐ြ႕ သူ႔ရဲ႕ privacy မွာ ကိုယ္ပိုင္လုပ္ပိုင္ခြင့္ ရွိသင့္ပါတယ္။

၂။ သူ႔ဘဝရဲ႕ အစိတ္အပိုင္းအားလုံးကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားျခင္း

သင့္ရဲ႕ခ်စ္သူဟာ သင့္ရဲ႕ဝန္ထမ္းမဟုတ္တာေၾကာင့္ အေသးအဖြဲ႕ကိစၥေလးေတြကအစ ထိန္းခ်ဳပ္ဖို႔မႀကိဳးစားပါနဲ႔။ သင့္ခ်စ္သူရဲ႕ ကိုယ္ပိုင္အခ်ိန္ေတြနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ ရည္မွန္းခ်က္ေတြကိုလည္း သင့္အေနနဲ႔ ပိုင္ဆိုင္ခြင့္မရွိသင့္ပါဘူး။ သူ႔ရဲ႕ကိုယ္ပိုင္ဘဝမွာပဲ သူအသက္ရွင္ခြင့္ရွိပါေစ။

သူ႔မွာသင္နဲ႔အတူ relationship တစ္ခုကို တည္ေဆာက္ဖို႔အတြက္ ရင္က်က္မႈ ရွိတယ္ဆိုရင္ သူ႔ရဲ႕ကိုယ္ပိုင္ဘဝကို သူကိုယ္တိုင္ျဖတ္သန္းဖို႔အတြက္လည္း ရင့္က်က္မႈရွိၿပီးျဖစ္ပါတယ္။ တကယ္လို႔ သင့္ဆီကအကူအညီတစ္ခု လိုအပ္တယ္ဆိုရင္ သူသင့္ကိုေျပာပါလိမ့္မယ္။

၃။ သူ႔ရဲ႕ထိန္းခ်ဳပ္မႈကို အၿမဲတမ္းခံယူရင္

သင့္ဘဝတစ္ေလွ်ာက္လုံးကို သူ႔အတြက္ေပးဆပ္ခ်င္တယ္ ဆိုရင္ေတာင္မွ သူ႔ကိုထိန္းခ်ဳပ္ခြင့္မေပးသင့္ပါဘူး။ သူ႔ရဲ႕ကိုယ္ပိုင္ဘဝကို ကိုယ္တိုင္ပိုင္ဆိုင္ခြင့္ရွိသလိုပဲ သင့္ရဲ႕ကိုယ္ပိုင္ဘဝကိုလည္း ကိုယ္တိုင္ပိုင္ဆိုင္ဖို႔ လိုအပ္ပါတယ္။ သူကသင့္ကိုတကယ္ခ်စ္တယ္ဆိုရင္ သင့္ရဲ႕ကိုယ္ပိုင္လိုအပ္ခ်က္ေတြနဲ႔ personal space ကိုေလးစားပါလိမ့္မယ္။

၄။ သူ႔ရဲ႕သူငယ္ခ်င္းေတြနဲ႔ အရမ္းခင္မင္ေအာင္ႀကိဳးစားျခင္း

သူ႔ကိုခ်စ္တဲ့အတြက္ သူ႔ရဲ႕သူငယ္ခ်င္းေတြနဲ႔ အဆင္ေျပေအာင္ အလိုက္အထိုက္ ေပါင္းသင္းရပါမယ္။ ဒါေပမယ့္ ဒီကိစၥကိုအရမ္းကို အားစိုက္တဲ့အခါ သင့္ကိုသူတို႔တမ်ိဳးထင္လာေစသလို ေလးစားမႈေလ်ာ့က်ေစႏိုင္ပါတယ္။ သူ႔ရဲ႕သူငယ္ခ်င္းေတြရဲ႕ေရွ႕မွာ အရမ္းကိုတင္းက်ပ္ရင္လည္း သင့္ကိုအႏိုင္ယူဗိုလ္က်သူတစ္ေယာက္ကဲ့သို႔ ျဖစ္လာေစႏိုင္ပါတယ္။

၅။ သူ႔အလိုကိုပဲ လိုက္ေနတဲ့အခါ

သူ႔ကိုအၿမဲတမ္းအေလ်ာ့ေပးၿပီး အရာရာကို ထိန္းခ်ဳပ္ခြင့္ေပးလိုက္တဲ့အခါ သင္တို႔ႏွစ္ေယာက္ Relationship နဲ႔ပတ္သတ္ၿပီး ကိစၥေသးေသးႀကီးႀကီး အရာအားလုံးကို သူက ဆုံးျဖတ္ခ်က္ခ်ပါလိမ့္မယ္။

သင္တို႔ႏွစ္ေယာက္ညစာသြားစားတဲ့အခ်ိန္တိုင္း သူႏွစ္သက္တဲ့အစားအေသာက္ေတြရွိတဲ့ ဆိုင္ကိုသြားမွာျဖစ္ၿပီး ႐ုပ္ရွင္ၾကည့္တဲ့အခါမွာလည္း ဘယ္ဇာတ္ကားကိုၾကည့္မယ္ဆိုတာ သူေ႐ြးခ်ယ္ပါလိမ့္မယ္။ ေနာက္ဆုံးမွာ သင့္ဘဝရဲ႕ အေရးႀကီးတဲ့ဆုံးျဖတ္ခ်က္ေတြကိုလည္း သူက ခ်မွတ္လာပါလိမ့္မယ္။

၆။ သင့္ရဲ႕ ေယာက်္ားေလးသူငယ္ အားလုံးနဲ႔ အဆက္ျဖတ္ျခင္း

သူသဝန္တိုမွာ ေၾကာက္တဲ့အတြက္ သင့္ရဲ႕ေယာက်္ားေလးသူငယ္ခ်င္းေတြ အားလုံးနဲ႔အဆက္ျဖတ္လိုက္ဖို႔ မလိုအပ္ပါဘူး။ သင့္ရဲ႕ခ်စ္သူက သင့္မွာေယာက်္ားေလးသူငယ္ခ်င္းေတြ ရွိေနတာကို
နားလည္ေပးႏိုင္ရပါမယ္။

၇။ စိတ္မပါပဲနဲ႔ သူ႔ရဲ႕အလိုကိုလိုက္ေပးျခင္း

ႏွစ္ေယာက္သားအတူေနတဲ့အခ်ိန္မွာ သင္ကစိတ္မပါပဲ သူ႔ရဲ႕ဆႏၵကိုလိုက္ေလ်ာေပးတဲ့အေနနဲ႔ ျပဳစုေပးျခင္းကို မျပဳလုပ္သင့္ပဲ ဒီအေၾကာင္းကို သူသိရွိၿပီး နားလည္ပါေစ။ ညာၿပီးေျပာဖို႔လည္း မလိုအပ္ပါဘူး။ သူကသင့္ကိုတကယ္ခ်စ္ရင္ ႏွစ္ဉီးသားသေဘာတူမႈနဲ႔ ခံစားခ်က္ကိုနားလည္ေပးၿပီး စိတ္ရွည္ရပါမယ္။

၈။ သူမုန္းတဲ့အရာတိုင္းကို သင္ကအလိုေလ်ာက္လိုက္မုန္းတယ္

သင္တို႔ႏွစ္ေယာက္ relationship တစ္ခုကိုအတူတူ ထူေထာင္တာဟာ စိတ္ကိုမွ်ေဝတာမဟုတ္ပါဘူး။ သင့္မွာ မတူညီတဲ့အျမင္နဲ႔ သေဘာမတူမႈေတြလည္း ရွိဖို႔လိုပါတယ္။ သူ႔ရဲ႕စိတ္ခံစားခ်က္ေတြကို လိုက္လံသုံးစြဲဖို႔ မလိုအပ္ပါဘူး။

၉။ မေမးမျမန္းပဲနဲ႔ အဝတ္အစားေတြကို ဝယ္ေပးတာ

သင္ကသူ႔ကိုခ်စ္တဲ့စိတ္နဲ႔ အဝတ္အစားေတြဝယ္ေပးေပမယ့္ သူ႔စိတ္မွာသူနဲ႔အတူအျပင္ကိုသြားရမွာ ရွက္တာေၾကာင့္ သို႔မဟုတ္ သူ႔ရဲ႕အသြင္အျပင္ကို မႏွစ္သက္တာေၾကာင့္လို႔ ထင္ေစတတ္ပါတယ္။

ဒါ့အျပင္ သင္ဝယ္ေပးတာကို သူမႏွစ္သက္ရင္လည္း သင္စိတ္ခ်မ္းသာဖို႔ ေအာင့္သက္သက္နဲ႔ ဝတ္ေနရတတ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္စိတ္ႀကိဳက္တာေတြကို မဝယ္ပဲ သူနဲ႔အတူ shopping ထြက္ၿပီး သူႏွစ္သက္တာေတြကို အတူတူဝယ္ဖို႔လိုပါတယ္။

၁၀။ သူ႔ကိုခ်စ္တဲ့အေၾကာင္း မေျပာဘူး

တစ္ခါတစ္ေလမွာ သင့္ရဲ႕အခ်စ္ေတြကို ေဖာ္ျပဖို႔အတြက္ သူ႔ကိုေျပာျပလိုက္တာ အေကာင္းဆုံးပါပဲ။ ဒီလိုခ်စ္တဲ့အေၾကာင္းကို မၾကာခဏစိတ္ပါလက္ပါနဲ႔ေျပာေပးပါ။ ေျပာဖို႔မလိုအပ္ဖူးလို႔ သင္ကထင္မွတ္ေပမယ့္ သူကသင္စိတ္မပါေတာ့ဘူးလို႔ ယူဆႏိုင္ပါတယ္။

Source; Life Style Myanmar

Unicode

၁။ ဆိုရှယ်မီဒီယာမှာ ခြေရာခံနေတတ်ခြင်း

သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကို တခါတလေစစ်ဆေးတာဟာ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ activity တွေကို နေ့တိုင်းစစ်ဆေးနေတာ သူ့အကောင့်ရဲ့ password တောင်းပြီး သူလှုပ်ရှားနေသမျှနေကို ခြေရာခံနေတာတော့ မဖြစ်သင့်ပါဘူး။

ယခုလို social media moniter လုပ်နေတတ်တဲ့ အမူအကျင့်ကို ပြင်ဆင်ဖို့လိုပါတယ်။ သူဟာသင့်ရဲ့ယုံကြည်ထိုက်သူတစ်ယောက်ဖြစ်ပြီး သင့်ကိုမထိခိုက်သရွေ့ သူ့ရဲ့ privacy မှာ ကိုယ်ပိုင်လုပ်ပိုင်ခွင့် ရှိသင့်ပါတယ်။

၂။ သူ့ဘဝရဲ့ အစိတ်အပိုင်းအားလုံးကို ထိန်းချုပ်ဖို့ ကြိုးစားခြင်း

သင့်ရဲ့ချစ်သူဟာ သင့်ရဲ့ဝန်ထမ်းမဟုတ်တာကြောင့် အသေးအဖွဲ့ကိစ္စလေးတွေကအစ ထိန်းချုပ်ဖို့မကြိုးစားပါနဲ့။ သင့်ချစ်သူရဲ့ ကိုယ်ပိုင်အချိန်တွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်မှန်းချက်တွေကိုလည်း သင့်အနေနဲ့ ပိုင်ဆိုင်ခွင့်မရှိသင့်ပါဘူး။ သူ့ရဲ့ကိုယ်ပိုင်ဘဝမှာပဲ သူအသက်ရှင်ခွင့်ရှိပါစေ။

သူ့မှာသင်နဲ့အတူ relationship တစ်ခုကို တည်ဆောက်ဖို့အတွက် ရင်ကျက်မှု ရှိတယ်ဆိုရင် သူ့ရဲ့ကိုယ်ပိုင်ဘဝကို သူကိုယ်တိုင်ဖြတ်သန်းဖို့အတွက်လည်း ရင့်ကျက်မှုရှိပြီးဖြစ်ပါတယ်။ တကယ်လို့ သင့်ဆီကအကူအညီတစ်ခု လိုအပ်တယ်ဆိုရင် သူသင့်ကိုပြောပါလိမ့်မယ်။

၃။ သူ့ရဲ့ထိန်းချုပ်မှုကို အမြဲတမ်းခံယူရင်

သင့်ဘဝတစ်လျှောက်လုံးကို သူ့အတွက်ပေးဆပ်ချင်တယ် ဆိုရင်တောင်မှ သူ့ကိုထိန်းချုပ်ခွင့်မပေးသင့်ပါဘူး။ သူ့ရဲ့ကိုယ်ပိုင်ဘဝကို ကိုယ်တိုင်ပိုင်ဆိုင်ခွင့်ရှိသလိုပဲ သင့်ရဲ့ကိုယ်ပိုင်ဘဝကိုလည်း ကိုယ်တိုင်ပိုင်ဆိုင်ဖို့ လိုအပ်ပါတယ်။ သူကသင့်ကိုတကယ်ချစ်တယ်ဆိုရင် သင့်ရဲ့ကိုယ်ပိုင်လိုအပ်ချက်တွေနဲ့ personal space ကိုလေးစားပါလိမ့်မယ်။

၄။ သူ့ရဲ့သူငယ်ချင်းတွေနဲ့ အရမ်းခင်မင်အောင်ကြိုးစားခြင်း

သူ့ကိုချစ်တဲ့အတွက် သူ့ရဲ့သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် အလိုက်အထိုက် ပေါင်းသင်းရပါမယ်။ ဒါပေမယ့် ဒီကိစ္စကိုအရမ်းကို အားစိုက်တဲ့အခါ သင့်ကိုသူတို့တမျိုးထင်လာစေသလို လေးစားမှုလျော့ကျစေနိုင်ပါတယ်။ သူ့ရဲ့သူငယ်ချင်းတွေရဲ့ရှေ့မှာ အရမ်းကိုတင်းကျပ်ရင်လည်း သင့်ကိုအနိုင်ယူဗိုလ်ကျသူတစ်ယောက်ကဲ့သို့ ဖြစ်လာစေနိုင်ပါတယ်။

၅။ သူ့အလိုကိုပဲ လိုက်နေတဲ့အခါ

သူ့ကိုအမြဲတမ်းအလျော့ပေးပြီး အရာရာကို ထိန်းချုပ်ခွင့်ပေးလိုက်တဲ့အခါ သင်တို့နှစ်ယောက် Relationship နဲ့ပတ်သတ်ပြီး ကိစ္စသေးသေးကြီးကြီး အရာအားလုံးကို သူက ဆုံးဖြတ်ချက်ချပါလိမ့်မယ်။

သင်တို့နှစ်ယောက်ညစာသွားစားတဲ့အချိန်တိုင်း သူနှစ်သက်တဲ့အစားအသောက်တွေရှိတဲ့ ဆိုင်ကိုသွားမှာဖြစ်ပြီး ရုပ်ရှင်ကြည့်တဲ့အခါမှာလည်း ဘယ်ဇာတ်ကားကိုကြည့်မယ်ဆိုတာ သူရွေးချယ်ပါလိမ့်မယ်။ နောက်ဆုံးမှာ သင့်ဘဝရဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုလည်း သူက ချမှတ်လာပါလိမ့်မယ်။

၆။ သင့်ရဲ့ ယောကျ်ားလေးသူငယ် အားလုံးနဲ့ အဆက်ဖြတ်ခြင်း

သူသဝန်တိုမှာ ကြောက်တဲ့အတွက် သင့်ရဲ့ယောကျ်ားလေးသူငယ်ချင်းတွေ အားလုံးနဲ့အဆက်ဖြတ်လိုက်ဖို့ မလိုအပ်ပါဘူး။ သင့်ရဲ့ချစ်သူက သင့်မှာယောကျ်ားလေးသူငယ်ချင်းတွေ ရှိနေတာကို
နားလည်ပေးနိုင်ရပါမယ်။

၇။ စိတ်မပါပဲနဲ့ သူ့ရဲ့အလိုကိုလိုက်ပေးခြင်း

နှစ်ယောက်သားအတူနေတဲ့အချိန်မှာ သင်ကစိတ်မပါပဲ သူ့ရဲ့ဆန္ဒကိုလိုက်လျောပေးတဲ့အနေနဲ့ ပြုစုပေးခြင်းကို မပြုလုပ်သင့်ပဲ ဒီအကြောင်းကို သူသိရှိပြီး နားလည်ပါစေ။ ညာပြီးပြောဖို့လည်း မလိုအပ်ပါဘူး။ သူကသင့်ကိုတကယ်ချစ်ရင် နှစ်ဉီးသားသဘောတူမှုနဲ့ ခံစားချက်ကိုနားလည်ပေးပြီး စိတ်ရှည်ရပါမယ်။

၈။ သူမုန်းတဲ့အရာတိုင်းကို သင်ကအလိုလျောက်လိုက်မုန်းတယ်

သင်တို့နှစ်ယောက် relationship တစ်ခုကိုအတူတူ ထူထောင်တာဟာ စိတ်ကိုမျှဝေတာမဟုတ်ပါဘူး။ သင့်မှာ မတူညီတဲ့အမြင်နဲ့ သဘောမတူမှုတွေလည်း ရှိဖို့လိုပါတယ်။ သူ့ရဲ့စိတ်ခံစားချက်တွေကို လိုက်လံသုံးစွဲဖို့ မလိုအပ်ပါဘူး။

၉။ မမေးမမြန်းပဲနဲ့ အဝတ်အစားတွေကို ဝယ်ပေးတာ

သင်ကသူ့ကိုချစ်တဲ့စိတ်နဲ့ အဝတ်အစားတွေဝယ်ပေးပေမယ့် သူ့စိတ်မှာသူနဲ့အတူအပြင်ကိုသွားရမှာ ရှက်တာကြောင့် သို့မဟုတ် သူ့ရဲ့အသွင်အပြင်ကို မနှစ်သက်တာကြောင့်လို့ ထင်စေတတ်ပါတယ်။

ဒါ့အပြင် သင်ဝယ်ပေးတာကို သူမနှစ်သက်ရင်လည်း သင်စိတ်ချမ်းသာဖို့ အောင့်သက်သက်နဲ့ ဝတ်နေရတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်စိတ်ကြိုက်တာတွေကို မဝယ်ပဲ သူနဲ့အတူ shopping ထွက်ပြီး သူနှစ်သက်တာတွေကို အတူတူဝယ်ဖို့လိုပါတယ်။

၁၀။ သူ့ကိုချစ်တဲ့အကြောင်း မပြောဘူး

တစ်ခါတစ်လေမှာ သင့်ရဲ့အချစ်တွေကို ဖော်ပြဖို့အတွက် သူ့ကိုပြောပြလိုက်တာ အကောင်းဆုံးပါပဲ။ ဒီလိုချစ်တဲ့အကြောင်းကို မကြာခဏစိတ်ပါလက်ပါနဲ့ပြောပေးပါ။ ပြောဖို့မလိုအပ်ဖူးလို့ သင်ကထင်မှတ်ပေမယ့် သူကသင်စိတ်မပါတော့ဘူးလို့ ယူဆနိုင်ပါတယ်။

Source; Life Style Myanmar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.