မိန်းမဖြစ်သူကို သီချင်းလေးနဲ့ကြူနေရင်း သမီးတွေနှောင့်ယှက်တာ ခံလိုက်ရတဲ့ လင်းလင်းရဲ့ဗီဒီယို

အရုပ်လေးတွေလို အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။

 

 

လတ်တလောမှာတော့ လင်းလင်းက မိန်းမဖြစ်သူကို သီချင်းလေးတီးပြီး Ro နေတုန်း ခေတ်လေးနဲ့ သစ်လေးတို့ရဲ့နှောင့်ယှက်ခြင်းကို ခံလိုက်ရတဲ့ ချစ်​စရာ ဗီဒီယို​​လေးကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။

ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ပေါ်လွင်နေတဲ့ လင်းလင်းတို့မိသားစုလေးရဲ့ ဗီဒီယိုလေး​က အရမ်းကို ချစ်​ဖို့​ကောင်း​နေတာပါ​နော်​။

 

 

ချစ်ပရိသတ်တွေအတွက် Piano တီးပြီး ဇနီးချောလေးကို ပြန်ကြူနေတုန်း သမီးတွေနှောင့်ယှက်တာ ခံလိုက်ရတဲ့ လင်းလင်းရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

 

လင်းလင်းကတော့ “ကိုယ့်ရဲ့မိန်းမကို ကိုယ်ပြန်ပြီးတော့ သီချင်းလေးနဲ့ ကြူနေတဲ့အခိုက် ခေတ်ခေတ် သစ်သစ်ရဲ့ နှောက်ယှက်ခြင်း ဖြစ်ရပ်မှန်” ဆိုပြီး ချစ်စရာဗီဒီယိုလေးကို တင်ထားတာပါ။

သမီးတွေနဲ့ Ro လို့မရတော့တဲ့ လင်းလင်းရဲ့ဗီဒီယို

အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်နေ့တစ်ခြား ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားကြတာပါ။ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ သမီး​လေး​တွေရဲ့နာမည်​နဲ့လည်း ​ငွေ​ကြေးမတတ်​နိုင်​တဲ့ ကလးငယ်​​တွေရဲ့ကျန်းမာ​ရေးအတွက်​ ​ဖောင်​​ဒေးရှင်းတစ်​ခု တည်​​ထောင်​ထားပါ​သေးတယ်​​နော်​။ ချစ်ပရိသတ်တွေလည်း အရမ်းချစ်​ဖို့​ကောင်းတဲ့ လင်းလင်းတို့မိသားစုလေးကိုချစ်​ရင်​ share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-Momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.