ချိုသာတဲ့ အပြုံးလေးနဲ့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတာမို့ ပရိသတ်တွေ အရမ်းချစ်ကြတဲ့ မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ လတ်တလောမှာ ပေါ့ဆမှုတစ်ခုကြောင့် ထီပေါက်ပေမယ့် ထီလက်မှတ်ပျောက်သွားလို့ ဝမ်းနည်းနေတဲ့ အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ထီ ၅သောင်း ဆုပေမယ့်လည်း ကံတရားကြောင့် ပေါက်ခဲ့တဲ့ ထီမို့ ပိုပြီး စိတ်မကောင်းဖြစ်နေတာပါနော်။
ချစ်ပရိသတ်တွေအတွက် ပေါ့ဆမှုတစ်ခုကြောင့် ထီပေါက်ပေမယ့် ထီလက်မှတ်ပျောက်သွားလို့ ဝမ်းနည်းနေတဲ့ ဆောင်ယွန်းစံရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဆောင်းယွန်းစံကတော့ “မနက်က ထီဆိုင် ဖုန်းဆက်တယ်…ပုဂံမှာထိုးခဲ့တဲ့ထီလတ်မှတ်က ငါးသောင်းဆုပေါက်တယ်တဲ့…! ဒါမဲ့ အဲ့ထီလတ်မှတ်တွေက ဘယ်မှာ ကျန်နေခဲ့မှန်းတောင်မသိဘူး… ကိုယ့်ရဲ့ မကောင်းတဲ့ အကျင်တခုရှိတယ်.! ထီထိုးပီးတိုင်း ထီလတ်မှတ်ကို ဘယ်မှာ ထားမိမှန်းမသိတာ.. တခါမှလည်း မတိုက်ဘူးဘူး.!. 😢ထီပေါက်ပီး ထီလတ်မှတ်ပျောက်တာ ငါလေ😫” ဆိုပြီး သူမရဲ့ အကြောင်းကို ဝမ်းနည်းစွာ ပြောလာတာပါ။
၂၀၁၈ အကယ်ဒမီပေးပွဲမှာ ဗန်းကိုင်အဖြစ်ပါဝင်ပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြန်လုပ်ဖြစ်နေတဲ့ ဆောင်းယွန်းစံကတော့ ပရိသတ်တွေရဲ့ အချစ်ကို ပိုပိုပြီး ရနေတာပါ။ချစ်ပရိသတ်တွေလည်း ထီပေါက်ပြီး ထီလက်မှတ်ပျောက်သွားခဲ့တဲ့ ဆောင်းယွန်းစံလိုမျိုး မဖြစ်အောင် သိန်းထီဆုကြီးဖြစ်သွားနိုင်တာကြောင့် ဂရုစိုက်ကြပါနော်။
Source:Saung Yoon San’s Facebook
ခရက်ဒစ် မိုမိုလေး