ရှုတင်မရှိတဲ့အချိန်လေးမှာ မိန်းကလေးတစ်ယောက်ရဲ့ ဝါသနာပီပီ စက်ချုပ်သင်နေတယ်ဆိုတဲ့ စိုးပြည့်သဇင်

Posted on

သွားတက်ကလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်က ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲ ဝင်ရောက်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ စိုးပြည့်သဇင်က “မိုးညအိပ်မက်မြူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီ ထူးချွန်ဆုတစ်ဆုကို ပိုင်ဆိုင်ထားပြီး အဆိုတော်တစ်ယောက်အဖြစ်လည်း ပရိသတ် အားပေးခြင်း ခံရသူလေးတစ်ယောက် ဖြစ်ပါတယ်။ စိုးပြည့်သဇင်ကတော့ သူမရဲ့ ပရိသတ်တွေအတွက် အားပေးရကျိုးနပ်စေမယ့် အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေလျက်ရှိပါတယ်။

လက်ရှိမှာတော့ ရုပ်ရှင်ရိုက်ကူးမှုတွေ ရပ်နားထားတဲ့ စိုးပြည့်သဇင်က မိန်းကလေးတစ်ယောက် တပ်အပ်တဲ့ စက်ချုပ်ပညာကို နေအိမ်မှာပဲ စနစ်တကျသင်ယူနေတာကို တွေ့ရပါတယ်။ စိုးပြည့်သဇင်ကတော့ သူမရဲ့ စက်ချုက်သင်စမှာတင် “ဘယ်အရာမှတော့ မလွယ်ကူပါဘူး။ စိုးပြည့်သဇင်ကတေည့ ပညာရပ်တိုင်းကို တန်ဖိုးထားပါတယ်။” ဆိုပြီး ပြောထားပါတယ်။

စိုးပြည့်သဇင်ကတော့ သူမကိုယ်တိုင်လည်း အစ်မတွေဖြစ်တဲ့  စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်တို့နဲ့အတူတူ ပိုးထည်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မကြာခင်မှာ စိုးပြည့်လည်း သူမရဲ့ ကိုယ်ပိုင်လက်ရာလေးတွေကို ရောင်းချမလားဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးလည်း သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Soe Pyae Thazin’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.