“ရုပ်ရှင်မရိုက်ရတာကြာသွားတဲ့အချိန် ပိုစ့်တွေအိုက်တင်တွေပြန်ထုတ်ကာ ပျော်စရာခရီးလေးနှင်နေတဲ့ မင်းသမီးကြီး ဝါဝါဝင်းရွှေ”

Posted on





Unicode

တစ်ခေတ်တစ်ခါက ပုရိသပရိသတ်တွေရဲ့အချစ်တော် မင်းသမီးကြီး ဝါဝါဝင်းရွှေကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ဝါဝါဝင်းရွှေကတော့ အဖြူနဲ့အမည်းဖလင်ခေတ်ကတည်းက ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ အောင်မြင်မှုတွေကျန်ရစ်နေသူတစ်ဦးပါပဲနော်။ သူမဟာဆိုရင် လတ်တလောမှာ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်းကိုလုပ်ကာ သူမရဲ့အနုပညာတွေကို ချပြထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ဝါဝါဝင်းရွှေကတော့ ရိုက်ကူးရေးတွေရပ်နားထားတဲ့အချိန်မှာ မိသားစုတွေနဲ့အတူ ခရီးတွေသွားလာနေတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ဝါဝါဝင်းရွှေက” ဒီနေ့ခရီးစဉ်လေးက အောင်ပန်း၊ ပင်းတယ ရွှေဥမင် သဘာဝ ရဲ့တောင်တန်းကြီးတွေနှစ်ရာကျော်သစ်ပင်ကြီးပေါ်မှာမိသားစုတွေနဲ့ရုပ်ရှင်မရိုက်ရတာကြာတော့ပို့စ်တွေ အိုက်တင်တွေ ပျော်စရာ နေ့လေး ဖြစ်ရပြန်တယ်”လို့ဆိုပြီး သူမရဲ့နုပျိုလှပလွန်းနေတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ဝါဝါဝင်းရွှေက ရုပ်ရှင်မရိုက်ရတာကြာတော့ ပိုစ့်တွေအိုက်တင်တွေ ပြန်ထုတ်ပြီး ဓာတ်ပုံရိုက်ရင်း ပျော်စရာခရီးစဉ်လေးဖြစ်တဲ့အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Soure… Wa Wa Win Shwe’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.