“ရိုးသားစွာ အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့ပေမယ့် မဟုတ်တမ်းတရားတွေကို လျှောက်ပြောကာ အသရေဖျက်နေသူကို တရားစွဲပစ်မှာလို့ သတိပေးလိုက်တဲ့ ဇေရဲထက်”

Posted on

ပရိသတ်ကြီးရေ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချော ဇေရဲထက်ကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ဇေရဲထက်ကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ မင်းသားတစ်လက်ဖြစ်ပြီး အနုပညာမျိုးရိုးမရှိပေမယ့် ဖြစ်ချင်တဲ့ မင်းသားဘဝကို ရောက်အောင် ကြိုးစားလုပ်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်နော်.။

အနေအထိုင်သေသပ်ကာ ရိုးရှင်းစွာ နေတတ်ပြီး ပွင့်လင်းစွာ ပြောတတ်သူ ဇေရဲထက်ကတော့ သူ့ကို တိုက်ခိုက်သူတွေရှိပေမယ့်လည်း အနုပညာအလုပ်နဲ့ သူ့ကို အားပေးတဲ့ ပရိသတ်တွေအတွက်သာ အလုပ်တွေကို လုပ်ကိုင်နေသူပါ.။ အောက်တိုဘာလ (၃)ရက်နေ့မှာတော့ ဇေရဲထက်က “ကျွန်တော့်ကို ခင်ပါ ၊ အားပေးပါ ၊ ကြိုက်ပါ ၊ ချစ်ပါလို့လည်းဘယ်သူကိုမှမပြောပါ👌👌👌။ ကျွန်တော်က ကျွန်တော့် ခံစားချက်အတိုင်း လုပ်တယ်။ သွားတယ်။ စားတယ် (သူတစ်ပါးကိုမထိခိုက်ဘူး) အာ့အတွက်ကြောင့် ကျွန်တော့ကို ခင်ချင်မှခင် ချစ်ချင်မှချစ် ကြိုက်ချင်မှကြိုက် အားပေးချင်မှအားပေး စိတ်မဝင်စားပါ ။

အိုကေ 🤝🤝🤝(ဇေရဲထက် ကြိုးစားလာတာ ဘယ်သူ့ကိုမှမနင်း မပြိုင် ကိုယ်ခြေထောက်ပေါကိုယ်ရပ်တည်ပြီး ဆရာတွေလမ်းညွှန်မူ့နဲ့ ၀ ကနေတတ်လာတာပါ.။ မကျေနပ်ရင် ချပြလိုက်နော်.။ စိတ်မဆိုးဘူး မဟုတ်ရင်တရားစွဲတာလက်ခံရမယ် 👌👌👌)” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ အတင်းအားပေးပါလို့ တိုက်တွန်းခဲ့သလို မရှိခဲ့ဖူးပေမယ့် တိုက်ခိုက်မှုတွေနဲ့ နောက်ကွယ်က သူတွေကို သတိပေးကာ ပြောဆိုလိုက်တဲ့ပုံပါပဲနော်.။

ပရိသတ်ကြီး အနုပညာမှာ ရိုးသားသူ မင်းသားဇေရဲထက်ကို အားပေးချစ်ခင်ရင် မှတ်ချက်လေးတွေ ရေးခဲ့ပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Zay Ye Htet’s facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.