” ရိုက်ကူးရေးတွေနားထားတဲ့အချိန်မှာ ကျန်းမာရေးကိုဂရုစိုက်နေပြီး ချစ်တဲ့သူတွေကိုအချိန်ပေးဖြစ်နေတဲ့ ပန်းရောင်ခြယ်”
Posted on
Source : ​Pan Yaung Chel
unicode
အဆိုတော်အဖြစ်နဲ့ အနုပညာလောကထဲ ခြေချလာတဲ့ ပန်းရောင်ခြယ်လေးဟာ လိပ်ပြာ ဇာတ်လမ်းတွဲမှာတော့ သူမရဲ့ သရုပ်ဆောင်အရည်အချင်းဟာ မခေကြောင်း ပြသနိုင်ခဲ့ပါတယ်.. အသံလေးက စွဲဆောင်မှုအပြည့်နဲ့ သရုပ်ဆောင်လေးလဲကောင်းပြီး ရုပ်ရည်ချောမောလှပမှုတို့က ပရိသတ်အားပေးမှုကို အချိန်တိုလေးတွင်းမှာ မြင့်တတ်လာစေခဲ့တယ်ဆိုရင် မမှားနိုင်ပါဘူး ။
ကိုဗစ် ဒုတိယလှိုင်းရဲ့ ရိုတ်ခတ်မှုက ပိုပြင်းထန်သောကြောင့် အနုပညာရှင်တွေသာမက လူတိုင်းနီးပါးအကြပ်အတည်းတွေတွေ့ပြီး မိမိလုပ်ငန်းဆောင်တာတွေ ရပ်ဆိုင်းကုန်ကြပါတယ်။ပန်းရောင်ခြယ်လေးကလဲ သူမရဲ့ ရိုက်ကူးရေးတွေ နားထားရပုံနဲ့ အားလပ်သွားတဲ့အချိန်တွေမှာ အကျိုးရှိရှိ သူမရဲ့ ဖြတ်သန်းပုံတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ Myday ကနေ
” ဒီလထဲ ရိုက်ဖို့ရှိတဲ့ ကြော်ညာရိုက် ၂ခု၊ ပွဲ ၁ခု နဲ့ ဖျော်ဖြေရေး အစီအစဉ် ၂ခု အချိန်အကန့်အသတ်မရှိရွှေ့ဆိုင်းသွားတယ်။ “လိပ်ပြာ” season 2 လဲ နားလိုက်ကြတာ ရက်ပိုင်းရှိပြီ.။ လောလောဆယ် အိမ်မှာပဲ။ အပြင်ကို အရေးတကြီးမလိုအပ်ပဲ လုံးဝမထွက်ဘူး။ အိပ်ရေးဝဝနဲ့ စောစောအိပ်တယ်။ အစားများများစားတယ်၊ ကိုယ်ခံအားကောင်းအောင်နေတယ်၊ ကြိုတင်ကာကွယ်တယ်ဆိုတာ မမှားပါဘူး။
အခုအချိန်ကို ကိုယ်ချစ်တဲ့သူတွေနဲ့ အတူဖြစ်သန်းနေပြီး အပြန်အလှန်စောင့်ရှောက်နေတယ်။ ကိုယ်လေ့လာစရာ သင်ယူစရာတွေ အများကြီးရှိတာကို အချိန်ပေးသင်ယူဖြစ်တယ်။ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်တွေကြည့်တယ်၊ စာအုပ်ဖတ်တယ်၊ ကျန်းမာရေးကို ဂရုစိုက်ပြီးနေနေတယ်။ အားလုံးလဲကျန်းမာကြပါစေ 💗 ” ဆိုတဲ့စာသားလေးအတူ သူမရဲ့ အားလပ်ချိန်တွေအကြောင်း ပြောပြလာပါတယ်။ပန်းရောင်ခြယ်လေးကို ချစ်ခင်အားပေးကြတဲ့ Myanmar CeleCafe ပရိသတ်ကြီးရော stay home ကာလမှာ ဘယ်လိုဖြတ်သန်းဖြစ်ကြလဲဆိုတာ ပြောပြပေးခဲ့ဦးနော်။
Source : Pan Yaung Chel
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.